Posts

ထိုင်းဘတ်ငွေတန်ဖိုး မာပြီး ရွှေဥ ဥပေးသော ငန်းကြီး ပျောက်ကွယ်သွားသောအခါ

Image
Pattaya Mail ဆယ်စုနှစ်များစွာတိုင်အောင် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း စီးပွားရေးက ရိုးရှင်းသော ပုံသေနည်းဖြင့် ရှင်သန်နေခဲ့သည်မှာ သင့်တင့်သော စျေးနှုန်း၊ နိုင်ငံခြားသားများ၏ အားကောင်းသော သုံးစွဲနိုင်စွမ်းနှင့် ခရီးသွားများ အဆက် မပြတ် ဝင်ထွက်နေခြင်းတို့ပဲ ဖြစ်သည်။ ခရီးသွားများက ရက်သတ္တပတ် အနည်းငယ်ကြာ လာရောက်လည်ပတ်ကြပြီး ဟိုတယ်၊ အစား အသောက်၊ ခရီးစဉ်များ၊ ဘားများ၊ ဆိုင်များနှင့် သယ်ယူပို့ဆောင်ရေးတို့အတွက် လက်ဖွာစွာ သုံးစွဲကြကာ နေရပ် အိမ်ပြန်ကြသည်။ ၎င်းတို့ နေရာတွင် နောက်ထပ် ခရီးသွားလှိုင်းတလှိုင်းက ချက်ချင်းဆိုသလို အစားထိုးဝင်ရောက်ပြန်သည်။ ထိုအတွက် ငွေကြေး စီးဆင်းနေကာ အလုပ်အကိုင်များ ဖန်တီးနိုင်ပြီး ဒေသခံ စီးပွားရေးလုပ်ငန်းများ ရပ်တည်နိုင်ခဲ့ကြသည်။ ထို ပုံသေနည်းက ယခုအခါ ပျက်စီးလိုက်လာသည်။ ပတ္တရားနှင့် အခြားသော ခရီးသွားဌာနများ တခွင် လမ်းမများက စည်ကားနေဆဲဟု ထင်ရပေလိမ့်မည်။ ခရီးသွားလုပ်ငန်း မြှင့်တင်သူများ မျှဝေသည့် ဓာတ်ပုံများတွင် ကမ်းခြေများ၌ လူ ပြည့်နှက်နေသည်။ ဝင်ရောက်လာသည့် ခရီးသွားဦးရေမှာလည်း မြင့်မားနေဆဲဖြစ်သည်။ သို့သော် ဘားပိုင်ရှင်များ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ ဆိုင်ရှင်များနှင့်...

လုံခြုံရေးနှင့်တရုတ်ဆိုင်ရာ စိုးရိမ်မှုများကြောင့် ချစ်ပ်အရောင်းအဝယ်ကို ထရမ့် တားမြစ်

Image
Reuters အမေရိကန် အလင်းသုံးနည်းပညာကုမ္ပဏီဖြစ်သော HieFo Corp က နယူးဂျာစီအခြေစိုက် လေကြောင်းနှင့် ကာကွယ်ရေးဆိုင်ရာကုမ္ပဏီ Emcore ၏ ပိုင်ဆိုင်မှုများအား ဒေါ်လာ ၃,၀၀၀,၀၀၀ ဖြင့် ဝယ်ယူမည့်ကိစ္စကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမျိုးသားလုံခြုံရေးနှင့် တရုတ်နိုင်ငံဆိုင်ရာ စိုးရိမ်မှုများကို အကြောင်းပြ၍ သောကြာနေ့ (ဇန်နဝါရီ ၂ ရက်) တွင် ပိတ်ပင်လိုက်သည်။ အိမ်ဖြူတော်မှ ထုတ်ပြန်သည့် အမိန့်တွင် ထရမ့်က HieFo ကုမ္ပဏီသည် “တရုတ်နိုင်ငံသားတဦး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း” နှင့် ၂၀၂၄ ခုနှစ်အတွင်း Emcore ၏ လုပ်ငန်းများကို ဝယ်ယူခဲ့မှုသည် “အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမည့် ခြိမ်းခြောက်မှုများကို လုပ်ဆောင်လာနိုင်သည်” ဟု ၎င်းအနေဖြင့် ယုံကြည်မိကြောင်း ဖော်ပြထားသည်။ သို့သော် အဆိုပါအမိန့်တွင် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထရမ့်၏ စိုးရိမ်ပူပန်မှု အသေးစိတ်ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ “အရောင်းအဝယ်ပြုလုပ်မှုကို ယခုပင် ပိတ်ပင်လိုက်သည်” ဟု ထရမ့်က ဆိုခဲ့ပြီး HieFo အနေဖြင့် ” နေရာဒေသမရွေးရှိ Emcore ၏ အကျိုးစီးပွားများနှင့် အခွင့်အရေးများအားလုံးကို ရက်ပေါင်း ၁၈၀ အတွင်း ပြန်လည်စွန့်လွှတ်ရန်” အမိန့...

ဗင်နီဇွဲလားသမ္မတနှင့်ဇနီးကို ဖမ်းဆီးသွားသော Delta Force အကြောင်း သိကောင်းစရာ

Image
NDTV ဗင်နီဇွဲလားနိုင်ငံတွင် အမေရိကန်က စစ်ဆင်ရေးကြီးတခု ဆောင်ရွက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို နှင့် ၎င်း၏ဇနီးဖြစ်သူ ဆီလီယာ ဖလောရက်စ် တို့ကို ဖမ်းဆီးကာနိုင်ငံပြင်ပသို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုပြောကြားခဲ့သည်။ စစ်ဆင်ရေးအတွင်း ဗင်နီဇွဲလားမြို့တော် ကာရာကပ်စ် နှင့် အခြားဒေသများတွင် ပေါက်ကွဲသံများ ကြားခဲ့ရပြီး အမေရိကန်တပ်ဖွဲ့ဝင်များက အခရာကျသောပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ညွှန်ပြနေသည်။ အဆိုပါမစ်ရှင်ကို အမေရိကန်စစ်တပ်၏ ထိပ်တန်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ဖြစ်သော Delta Force က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း CBS News က ဖော်ပြခဲ့သည်။ Delta Force ဆိုသည်မှာ အဘယ်နည်း။ ၁၉၇၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြောက်ကာရိုလိုင်းနားပြည်နယ် ဖို့တ်ဘရက်တွင် အခြေစိုက်သည့် Delta Force သည် ကမ္ဘာပေါ်တွင် အတော်ဆုံးနှင့် လျှို့ဝှက်ချက်အရှိဆုံး စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဖြစ်သည်။ ၎င်းသည် အမေရိကန်ကြည်းတပ် အထူးစစ်ဆင်ရေးကွပ်ကဲမှုဌာနအောက်တွင် လုပ်ဆောင်ပြီး ပူးတွဲအထူးစစ်ဆင်ရေးကွပ်ကဲမှုဌာန (JSOC) သို့ တိုက်ရိုက်အစီရင်ခံရသည်။ ၎င်းကို 1st Special Forces Operational Detachment–D...

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၃ ဇန်နဝါရီ ၂၀၂၆ )

Image
အမျိုးသားညီညွတ်ရေး အစိုးရ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်အတွင်း ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်ယာဥ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ PDFတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်သည်။ မကွေးတိုင်း၊သရက်ခရိုင်၊ ဆင်​ပေါင်ဝဲမြို့နယ်၌ ကင်းလှည့်နေသည့် စစ်အုပ်စုကိုတိုက်ခိုက်ရာ သေနတ် နှစ်လက်ရကြောင်း သရက်ခရိုင် အမှတ်(၅)တပ်ရင်းက ထုတ်ပြန်သည်။ စစ်ရေးအရှိန်မြှင့်ထားသည့် မကွေးတိုင်း စလင်းမြို့နယ်၊ဆင်ဖြူကျွန်းမြို့က စစ်ကောင်စီ၏​ ရုံးဌာနများကို PDF ​များကဇန်နဝါရီ ၁ ရက်၌ ဝင်ရောက် စီးနင်းခဲ့ကြောင်း အမျိုးသားညီညွှတ်ရေး အစိုးရ(NUG) ကအသိပေးထားသည်။ မကွေးတိုင်းအတွင်းက အကြမ်းဖက်စစ်အုပ်စု၏ အခြေပြုစခန်းတွေကို တပ်ရင်းတပ်ဖွဲ့များ ၊ ပကဖ များ က မဟာ မိတ်တပ်များနှင့် အတူ ပူးပေါင်းပြီး ဆက်မပြတ် ထိုးနှက်တိုက်ခိုက်နေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန အသိပေးထုတ်ပြန်သည်။ နတ်မောက် – ပျော်ဘွယ်လမ်းဟောင်း၌ လမ်းလုံခြုံရေး ဆောင်ရွက်စဥ် အစစ်ဆေးမခံဘဲ မောင်းနှင် ထွက်ပြေးသည့် အကြမ်းဖက်စစ်သား ၃ ဦးပါ ကားကို ပစ်ခတ်ခဲ့ရာ အကြမ်းဖက် အရာရှိအဆင့် နှင့် အခြားအဆင့်ရှိ...

မြန်မာ့အရေး ကြားဝင်စေ့စပ်မှုတွင် ထိုင်း ပျက်ကွက်နေခြင်း

Image
United World မြန်မာ့အကျပ်အတည်းသည် မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို မခန့်မှန်းနိုင်သေးပေ။ စစ်အုပ်စုက ယခင်အတိုင်း အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဆဲ ဖြစ်သလို စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများကလည်း ယခင်ကထက် ပိုမိုစည်းလုံးညီညွတ်လာကြသည်။ တဖက်တွင်မူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများမှာ တလထက်တလ ပိုမိုဆိုးရွားလာနေ သည်။ ထိုသို့သော မသေချာမှုများနှင့် အလုပ်မဖြစ်မှုများကြားတွင် ထိုင်းနိုင်ငံသည် ငြိမ်းချမ်းရေးအတွက် အားကိုးရမည့် အင်အားစုတခုအဖြစ် ရပ်တည်ရန် ကြိုးပမ်းခဲ့သော်လည်း လက်တွေ့တွင် ထိုင်း၏ တိကျရေရာမှုမရှိသော သံ တမန်ရေးရာ လုပ်ရပ်များ သည် အခြေအနေကို ပိုမိုဆိုးရွားစေရုံသာမက အာဆီယံတခုလုံးအနေဖြင့်လည်း အဆို ပါအကျပ်အတည်းအပေါ် စုပေါင်းခေါင်းဆောင်မှုနှင့် ညီညွတ်မှု ကင်းမဲ့နေကြောင်းကိုသာ ပေါ်လွင်စေခဲ့သည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နီးကပ်စွာ တည်ရှိခြင်း၊ စီးပွားရေးအရ ဆက်နွှယ်မှုရှိခြင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေခြင်းတို့ကြောင့် မြန်မာ့အရေးနှင့် ပတ်သက်လာလျှင် အကျိုးဆက်များကို အစောဆုံး ရင်ဆိုင်ကြုံတွေ့ရသည့် နိုင်ငံဖြစ်သည်။ သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့အရေးအပေါ် ...

ကန့်ဘလူမြို့နယ် ဗုံးကြဲမှုတွင် မိသားစုဝင် ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

Image
ပါခွီး မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း ၊ကန့်ဘလူမြို့နယ်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အသက်သုံးနှစ်အရွယ် ကလေးနှင့် ၎င်း၏ မိဘနှစ်ပါး သေဆုံးခဲ့ပြီး ဒေသခံ ခုနစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။ ကန့်ဘလူမြို့နယ် ၊ ထန်းကုန်းတိုက်နယ် ၊မဲသည်ကျေးရွာကို ဇန်နဝါရီလ ၂ရက် ည ၁၀နာရီ ၂၅မိနစ်အချိန်တွင် တံတားဦးမှ တက်လာသည့် ဂျက်လေယာဥ်ဖြင့် ဗုံးကြဲချခဲ့ရာ မောင်ပိုင်ဇေ (အသက် သုံးနှစ်) ၊ မိဘနှစ်ပါးဖြစ်သူ ကိုမင်းမင်းဌေး (အသက် ၄၀ နှစ်) နှင့် မဖြူသီး (အသက် ၄၀ နှစ်) တို့ သေဆုံးခဲ့ရသည်။ ၎င်းအပြင် ဒေသခံ ခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်ရှစ်လုံးပျက်စီးကာ ခိုင်းနွား ခုနစ်ကောင် နှင့် ကျွဲနှစ်ကောင် သေဆုံးခဲ့သည် ဟုဆိုသည်။ “သေဆုံးတဲ့ သူတွေက တမိသားစုတည်းကပါ ၊ လောလောဆယ်တော့ ဒဏ်ရာရတဲ့သူတွေက မစိုးရိမ် ရတဲ့ အခြေအနေကိုရောက်ပါပြီ” ဟု ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ က မဇ္ဈိမကို ပြောသည်။ ယခင်ရက်သတ္တပတ်အတွင်း ကန်ဘလူမြို့နယ်၌ စစ်ရေးတင်းမာမှုများရှိခဲ့သော်လည်း ယမန်နေ့ည ဗုံးကြဲ မှုတွင် မြေပြင်၌ စစ်ကြောင်းထိုးခြင်း ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...

ဗင်နီဇွဲလား သမ္မတ မာဒူရိုအား ဖမ်းဆီးပြီး နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားပြီဟု အမေရိကန်သမ္မတထရန့် ပြောကြား

Image
ဂါးဒီးယန်း ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးဖြစ်သူတို့ “ဖမ်းဆီးခံရပြီး နိုင်ငံပြင်ပသို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားခြင်း ခံရပြီ” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်သည်။ လွန်ခဲ့သည့် မိနစ်ပိုင်းက Truth Social လူမှုကွန်ရက်တွင် တင်ခဲ့သည့် ပို့စ်တစ်ခု၌ ထရန့်က ယခုလို ရေးသားခဲ့ခြင်းဖြစ်သည်။ “အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံနှင့် ၎င်း၏ခေါင်းဆောင် သမ္မတ နီကိုးလပ်စ် မာဒူရိုအပေါ် အကြီးစား ထိုးနှက်တိုက်ခိုက်မှုတခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ မာဒူရိုနှင့် ၎င်း၏ဇနီးတို့ကို ဖမ်းဆီးပြီး နိုင်ငံပြင်ပသို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ပြီ ဖြစ်သည်။ ဤစစ်ဆင်ရေးကို အမေရိကန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အသေးစိတ်အချက်အလက်များကို ဆက်လက်ဖော်ပြပေးမည်။ ယနေ့ နံနက် ၁၁ နာရီတွင် Mar-a-Lago ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါမည်။ ဤကိစ္စကို စိတ်ဝင်တစား စောင့်ကြည့်ပေးကြသည့်အတွက် ကျေးဇူးတင်ပါသည်! သမ္မတ ဒေါ်နယ် ဂျေ ထရန့်။” ဟု ရေးသားထားသည်။

ဗင်နီဇွဲလားစစ်ဘက်ဆိုင်ရာအဆောက်အအုံများနှင့် အရေးကြီးသော ပစ်မှတ်များကို အမေရိကန် တိုက်ခိုက်

Image
CBS News ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုအစိုးရအပေါ် ဖိအားပေးမှုများကို စနေနေ့ အစောပိုင်းတွင် ပိုမိုတိုး မြှင့်လိုက်သည့်အနေဖြင့်၊ ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာအဆောက်အအုံများ အပါအဝင် အရေးကြီးသော နေရာများကို တိုက်ခိုက်ရန် သမ္မတ ထရမ့်က အမိန့်ပေးလိုက်ကြောင်း အမေရိကန် အရာရှိများက CBS News သို့ ပြောကြားခဲ့သည်။ ယခုတိုက်ခိုက်မှုများသည် ကာရစ်ဘီယံပင်လယ်ပြင်တွင် ယူအက်စ်အက်စ် ဂျရယ်လ် အာရ်ဖို့ဒ် လေယာဉ် တင်သင်္ဘောနှင့် အခြားစစ်သင်္ဘောအမြောက်အမြားကို နေရာချထားခြင်းအပါအဝင်၊ ဒေသတွင်း၌ အမေရိကန်က လအတော်ကြာ စစ်အင် အားတိုးမြှင့်ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ စနေနေ့ ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်တွင် မြို့တော် ကာရာကတ်စ်၌ အနည်းဆုံး ပေါက်ကွဲသံ ခုနစ် ကြိမ်နှင့်အတူ လေယာဉ်များ အနိမ့်ပျံသန်းသံများကို ကြားခဲ့ရပြီး၊ အမေရိကန်သည် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့သည်ဟု ဗင်နီဇွဲလားအစိုးရက စွပ်စွဲပြောဆိုခဲ့သည်။ ကာရာကတ်စ်မြို့ရှိ အဓိကစစ်ဌာနချုပ်၊ ကာရာကတ်စ်မြို့ရှိ အဓိကလေတပ်စခန်း၊ ဆက်သွယ်ရေး အချက်ပြ အင်တင်နာ တာဝါတိုင်နှင့် ကာရစ်ဘီယံကမ်းရိုးတန်းရှိ ဆိပ်ကမ်းတို့ တိုက်ခိုက်ခံခဲ့...

ပြိုင်ဘက်မရှိသည့် နယ်မြေများအပါအဝင် မဲဆန္ဒနယ် ၅၂ ခုတွင် ကြံ့ဖွံ့ပါတီ အနိုင်ရဟု စစ်ကော်မရှင်ဆို

Image
001 မဇ္ဈိမ။ ။ စစ်ကော်မရှင်ရွေးကောက်ပွဲ ပထမပိုင်းတွင်ပါဝင်သည့် မဲဆန္ဒနယ် ၅၆ နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)က ပြိုင်ဘက်မရှိသည့်နေရာများ အပါအဝင် မဲဆန္ဒနယ် ၅၂ နေရာတွင် အနိုင်ရရှိကြောင်း စစ်ကော်မ ရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ယနေ့ (ဇန်နဝါရီ ၃) ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများမှတဆင့် ထုတ်ပြန်သည်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် နေရာ ၄၀ ၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် တနေရာနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP)မဲဆန္ဒနယ် ၁၅ နေရာတို့အတွက် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများကို အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။ ထိုအထဲတွင် မဲဆန္ဒနယ် ၂၅ နေရာမှလွဲပြီး ကျန် ၃၁ နေရာတွင် ပါတီတခုတည်းကသာ ဝင်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပစရာမလိုဘဲ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပြိုင်ဘက်မရှိသည့်နေရာများတွင်မူ ကြံ့ဖွံ့ပါတီက ၂၈ နေရာအနိုင်ရပြီး ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) က တနေရာ၊ “ဝ”အမျိုးသားပါတီက တ နေရာနှင့် အာခါအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီတို့က တ နေရာစီ ပါဝင်သည်။ ပြ...

မြန်မာ့ရွေးကောက်ပွဲနှင့် တရုတ်၏ အကျိုးစီးပွား တွက်ကိန်း

Image
New Indian Express ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် ငါးနှစ်အကြာတွင် ကျင်းပသည့် မြန်မာ့ အထွေထွေ ရွေးကောက်ပွဲ၏ ပထမအဆင့်က ဒီဇင်ဘာလ ၂၈ ရက်တွင် ပြီးဆုံးသွားခဲ့သည်။ ကျန်ရှိသည့် အဆင့်နှစ်ဆင့်ကို ဇန်နဝါရီလ ၁၁ ရက်နှင့် ၂၅ ရက်တို့တွင် ကျင်းပရန် သတ်မှတ်ထားပြီး၊ ရွေးကောက် ပွဲရလဒ်များကို ဖေဖော်ဝါရီလတွင် ထုတ်ပြန်မည်ဖြစ်သော်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ယခုရွေးကောက်ပွဲသည် စစ်တပ်၏ နိုင်ငံရေးအာဏာချုပ်ကိုင်မှုကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းသည့် ဟန်ပြသက်သက်သာဖြစ်ကြောင်း ဖော်ပြထားသည်။ အာဏာသိမ်းမှုကြောင့် မြန်မာသည် တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးပဋိပက္ခများကြားတွင် ပြင်းထန် သော ပြည်တွင်းစစ်အတွင်းသို့ ကျရောက်ခဲ့ရသည်။ ထို့ကြောင့် ယခုရွေးကောက်ပွဲသည် ရှိရင်းစွဲ လူမှုရေး အကွဲအပြဲများကို ပိုမိုနက်ရှိုင်းစေမည့်အပြင် အကြမ်းဖက်မှုများလည်း ပိုမိုဖြစ်ပွားနိုင်သည်ဟု အများက သုံးသပ်နေကြသည်။ ကံကောင်းထောက်မစွာဖြင့် ပထမအဆင့်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ကြီးကြီးမားမား အကြမ်း ဖက်မှုများ မရှိခဲ့သော်လည်း ကျန်ရှိသည့် အဆင့်များတွင်လည်း ယခုကဲ့သို့ပင် အေးချမ်းလိမ့်မည်ဟု ခန့်မှန်းရန် စောလွန်း...

ဆင့်ကဲဖြစ်စဉ်က ထင်ထားသည်ထက် ကွဲပြားစွာ အလုပ်လုပ်

Image
Science Daily ဆင့်ကဲဖြစ်စဉ်သည် “ပြောင်းလဲမှုဆီ စပ်ကြား အခြေအနေ” (Neutral) မဟုတ်သလို ပြီးဆုံးသွားခြင်းလည်း မရှိဘဲ အမြဲ တမ်း ပြောင်းလဲနေသော ကမ္ဘာကြီးနှင့်အတူ မရပ်မနား ယှဉ်ပြိုင်နေရသော ပြိုင်ပွဲတခုဖြစ်သည်။ ဆယ်စုနှစ်များစွာတိုင်အောင် ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဇီဝဗေဒပညာရှင်များစွာက မျိုးဗီဇနှင့် ပရိုတင်းများကို ပုံဖော်ပေးသော မျိုးဗီဇ ပြောင်းလဲမှုအများစုက “ပြောင်းလဲမှုဆီ စပ်ကြား အခြေအနေ” (Neutral ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ထို အမြင်အရ အကျိုးလည်း မပြုသကဲ့သို့ အန္တရာယ်လည်း မဖြစ်နိုင်သော မျိုးဗီဇ ရုတ်တရက် ပြောင်းလဲမှုများ (mutation) က သဘာဝ၏ ချယ်လှယ်မှု မခံရဘဲ တိတ်တဆိတ် ဖြစ်ပွားသွားသည်ဟု ယုံကြည်လက်ခံထားသည်။ သို့ရာတွင် မီရှီဂန်တက္ကသိုလ်မှ သုတေသနသစ်တရပ်က အဆိုပါ နှစ်ရှည်လများ လက်ခံထားသော ယူဆချက်ကို စိန်ခေါ်လိုက်ပြီး ဆင့်ကဲဖြစ်စဉ်မှာ ယခင်က ထင်ထားသည်နှင့် အလွန် ကွဲပြားစွာ အလုပ်လုပ်နိုင်ကြောင်း ကောက်ချက်ချသည်။ မျိုးစိတ်များ ဆင့်ကဲပြောင်းလဲလာသည်နှင့်အမျှ ကျပန်း မျိုးဗီဇ ပြောင်းလဲမှုများပါ ဖြစ်ပေါ်ပြီး ထိုသို့ ဆင့်ကဲပြောင်းလဲရာတွင် တချို့သော မျိုးဗီဇ ပြောင်းလဲမှုက သက်ရှိတိုင်းထံ လွှမ်းခြုံသက်ရောက်ကာ ပြေင်းလဲမှု ...

ဂျပန်တွင် ဆေးရုံအကူခွေးလေးများက ဆေးရုံတက် ကလေးငယ်များအတွက် ပုံမှန်ဘဝ ဖန်တီး ပေး

Image
Bangkok Post မာဆာဟု အမည်ရသော Labrador မျိုး ခွေးလေးက တိုကျိုမြို့ရှိ ကလေးဆေးရုံ လူနာဆောင်ထဲ ဝင်ရောက်လာသည့်အခါ ကလေးငယ်များ၏ မျက်ဝန်းများမှာ တောက်ပသွားကြသည်။ မာဆာသည် “ဆေးရုံအကူခွေး” (facility dog) လေးတကောင် ဖြစ်ပြီး အချိန်ကြာမြင့်စွာ ဆေးရုံတက်နေရသူ သို့မဟုတ် ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသရန် စောင့်ဆိုင်းနေသည့် ကလေးငယ်များကို ကူညီပေးရန် အထူး လေ့ကျင့်ထား သည်။ ဂျပန်တွင် အကန့်အသတ် နည်းသော ဆေးရုံအချို့တွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့်အတူ ထိုသို့သော ဆေးရုံအကူခွေးများက တွဲဖက်တာဝန်ထမ်းနေသည်။ လူနာ တဦးချင်းစီ ကုသမှု အစီအစဉ်အတိုင်း ဆေးရုံအကူခွေးများက ကလေးငယ်များနှင့် ထိတွေ့ဆက်ဆံကြပြီး ဆေးရုံဆောင်မှ ပြင်ပသို့ ထွက်ရခဲသော ကလေးငယ်များကို ပုံမှန်ဘဝမျိုး ရှိနေအောင် အဖော်သဟဲ ပြုပေးသည်။ ဆေးရုံအကူခွေးများကို လွန်ခဲ့သော ၁၅ နှစ်ခန့်က ဂျပန်တွင် စတင် မိတ်ဆက်ခဲ့သော်လည်း ကုန်ကျစရိတ်ကြောင့် အကန့် အသတ် ရှိနေဆဲဖြစ်သည်။ မာဆာက အမျိုးသားကလေးကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဌာနရှိ ဆေးရုံဆောင်သို့ အောက်တိုဘာလတွင် ရောက်ရှိလာပြီး ကလေးငယ်များနှင့်အတူ ဆရာဝန်လုပ်တမ်း ကစားကြသည်။ ဥပမာအားဖြင့် အသက် သုံးနှစ်အရွယ် ရ...

အာဏာသိမ်းစစ်တပ်ရဲ့ ‘ရွေးကောက်ပွဲ’ အပေါစား လှည့်ကွက်ထဲ အိန္ဒိယ မဝင်သင့်

Image
Scroll အိန္ဒိယအနေနဲ့ မိမိ အကျိုးစီးပွားကို တကြိမ်တခါမှ အလေးအနက် မထားခဲ့တဲ့ စစ်တပ်အုပ်စုကို ထောက်ခံနေမယ့်အစား မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒအသံတွေကို နားထောင်သင့်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီး လက်ရှိမှာ သူ့ကိုယ်သူ နိုင်ငံတော် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်လို့ သတ်မှတ်ထားတဲ့ မြန်မာစစ်ကော်မရှင်ဟာ တော်လေး အားစိုက်ထုတ် စီစဉ်နေတဲ့၊ နယ်မြေ ကန့်သတ်ချက်လည်း ရှိနေတဲ့၊ နိုင်ငံရေးအရ ကြက်သေသေစရာ ကောင်းနေတဲ့ ရွေးကောက်ပွဲကို ခင်းကျင်းလာပါတယ်။ ရွေးကောက်ပွဲ အပိုင်း ( ၁ ) ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပပြီး အပိုင်း (၂ )ကို ဇန်နဝါရီ ၁၁ ရက်နဲ့ အပိုင်း ( ၃ ) ကိုတော့ ဇန်နဝါရီလ ၂၅ ရက်မှာ ကျင်းပမှာပါ။ လွတ်လပ်သော ရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ရက် (ANFREL) ရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ အနက် ၉၉ မြို့နယ်မှာပဲ အပြည့်အဝ မဲပေးနိုင်မှာ ဖြစ်ပါတယ်။ တခြား ၉၃ မြို့နယ်မှာတော့ တစိတ်တပိုင်းပဲ မဲပေးနိုင်မှာဖြစ်ပြီး၊ ၁၀ မြို့နယ်မှာတော့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နေရာတွေကို ချန်လှပ်ပြီး စစ်တပ်ထိန်းချုပ်ထားတဲ့ နေရာတွေမှာပဲ မဲပေးရဖို့ ရှိပါတယ်။ စစ်ကောင်စီက မြို့နယ်ပေါင်း ၆...