ဗင်နီဇွဲလား သမ္မတ မာဒူရိုအား ဖမ်းဆီးပြီး နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားပြီဟု အမေရိကန်သမ္မတထရန့် ပြောကြား
ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးဖြစ်သူတို့ “ဖမ်းဆီးခံရပြီး နိုင်ငံပြင်ပသို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားခြင်း ခံရပြီ” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်သည်။
လွန်ခဲ့သည့် မိနစ်ပိုင်းက Truth Social လူမှုကွန်ရက်တွင် တင်ခဲ့သည့် ပို့စ်တစ်ခု၌ ထရန့်က ယခုလို ရေးသားခဲ့ခြင်းဖြစ်သည်။
“အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံနှင့် ၎င်း၏ခေါင်းဆောင် သမ္မတ နီကိုးလပ်စ် မာဒူရိုအပေါ် အကြီးစား ထိုးနှက်တိုက်ခိုက်မှုတခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ မာဒူရိုနှင့် ၎င်း၏ဇနီးတို့ကို ဖမ်းဆီးပြီး နိုင်ငံပြင်ပသို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ပြီ ဖြစ်သည်။ ဤစစ်ဆင်ရေးကို အမေရိကန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အသေးစိတ်အချက်အလက်များကို ဆက်လက်ဖော်ပြပေးမည်။ ယနေ့ နံနက် ၁၁ နာရီတွင် Mar-a-Lago ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါမည်။ ဤကိစ္စကို စိတ်ဝင်တစား စောင့်ကြည့်ပေးကြသည့်အတွက် ကျေးဇူးတင်ပါသည်! သမ္မတ ဒေါ်နယ် ဂျေ ထရန့်။” ဟု ရေးသားထားသည်။
