နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၃ ဇန်နဝါရီ ၂၀၂၆ )

အမျိုးသားညီညွတ်ရေး အစိုးရ

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်အတွင်း ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်ယာဥ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ PDFတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်သည်။

မကွေးတိုင်း၊သရက်ခရိုင်၊ ဆင်​ပေါင်ဝဲမြို့နယ်၌ ကင်းလှည့်နေသည့် စစ်အုပ်စုကိုတိုက်ခိုက်ရာ သေနတ် နှစ်လက်ရကြောင်း သရက်ခရိုင် အမှတ်(၅)တပ်ရင်းက ထုတ်ပြန်သည်။

စစ်ရေးအရှိန်မြှင့်ထားသည့် မကွေးတိုင်း စလင်းမြို့နယ်၊ဆင်ဖြူကျွန်းမြို့က စစ်ကောင်စီ၏​ ရုံးဌာနများကို PDF ​များကဇန်နဝါရီ ၁ ရက်၌ ဝင်ရောက် စီးနင်းခဲ့ကြောင်း အမျိုးသားညီညွှတ်ရေး အစိုးရ(NUG) ကအသိပေးထားသည်။

မကွေးတိုင်းအတွင်းက အကြမ်းဖက်စစ်အုပ်စု၏ အခြေပြုစခန်းတွေကို တပ်ရင်းတပ်ဖွဲ့များ ၊ ပကဖ များ က မဟာ မိတ်တပ်များနှင့် အတူ ပူးပေါင်းပြီး ဆက်မပြတ် ထိုးနှက်တိုက်ခိုက်နေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန အသိပေးထုတ်ပြန်သည်။

နတ်မောက် – ပျော်ဘွယ်လမ်းဟောင်း၌ လမ်းလုံခြုံရေး ဆောင်ရွက်စဥ် အစစ်ဆေးမခံဘဲ မောင်းနှင် ထွက်ပြေးသည့် အကြမ်းဖက်စစ်သား ၃ ဦးပါ ကားကို ပစ်ခတ်ခဲ့ရာ အကြမ်းဖက် အရာရှိအဆင့် နှင့် အခြားအဆင့်ရှိသည့် တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ​သိရသည်။

၂၀၂၅ ခုနှစ် တနှစ်တာအတွင်း တော်လှန်ရေးအဖွဲ့အသီးသီးနှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအ ကြား တိုက်ပွဲပေါင်း ၇၁၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့အင်အား ၉,၅၄၉ ဦးခန့်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၏ ၂၀၂၅ ခုနှစ် စစ်ရေးတိုးတက် ဖြစ်ပေါ်မှုအခြေအနေထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

၂၀၂၅ ခုနှစ်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ အရေးကြီးသော ဖြစ်ပေါ်တိုးတက်မှုမှာ တခုတည်းသော ကွပ်ကဲမှု (Unified Command) ကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ခိုင်မာစွာ တည်ထောင်နိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။

ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ်၊ ဗောဓိကုန်းရွာ မဲရုံသို့ လုံခြုံရေးယူရန် လာသည့် အကြမ်းဖက် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရန်သူတပ်သား ၂ ဦးသေဆုံးပြီး ၃ ဥဦးဒဏ်ရာရရှိခဲ့ကြောင်း PPDF-၃၆၀၁ တပ်ရင်း က ထုတ်ပြန် သည်။

၂၀၂၅ ခုနှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်များသည် အချိန်တိုအတွင်း ပြောက်ကျားစစ်အဆင့်ကနေ ရက်ရှည်တိုက်ပွဲ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများအထိ စစ်ရေးစွမ်းရည် မြင့်တက်လာခဲ့ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် စစ်ရေးတိုးတက်ဖြစ်ပေါ်မှုအခြေအနေထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မန္တလေးဒေသ လွတ်မြောက်နယ်မြေအတွင်း အခွန်အကောက် မရရှိသေးသည့် သယံဇာတလုပ်ငန်းနှင့် ပတ်သက်ပြီး ရသင့်ရထိုက်တဲ့ အခွန်များ မှန်မှန်ကန်ကန်ရရှိရေးနှင့် တော်လှန်ရေး အမြန်အောင်မြင် စေရန် အတွက် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို NUG နှင့် မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီတို့ အပြန်အလှန် နှီးနှောတိုင်ပင်ခဲ့ကြသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၄ ခု၏ သပိတ်အင်အားစုများ စုပေါင်းပြီးတော့ ဘူးသပိတ် ဆင်နွှဲဖက်ဆစ်ဖြိုလှဲ” စာသားကိုင်ဆွဲကာ ဆန္ဒပြမှုကို ယနေ့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်က အကြမ်းဖက်စစ်အုပ်စု ထောက်တိုင်ဖြစ်သည့် ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် မိုင်း ၂ လုံး နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တပ်မတော်(YA) ထံက သိရသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကရွာများကို စစ်ကော်မရှင်တပ်က ၁ လအတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးများအပါအဝင် အမျိုးသမီး၊ အမျိုးသား ၂၆ ဦး သေဆုံးခဲ့ပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းအခြေအနေများကိုဖော်ပြနေသည့် Wetlet Informational Network က ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာ၌ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူဆီက သိရသည်။

မကွေးတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ယောလူမျိုးများ၏ ကာကွယ်ရေးစစ်တပ် ယောတပ်တော် YA အဖွဲ့ကို အာရက္ခတပ်တော် AA က အနီးကပ်ကွပ်ကဲပြီး ထောက်ပံ့ကူညီမှု ပေးခဲ့ကြောင်း YA က ထုတ်ပြန် သည်။

ဗမာလူမျိုးစုများမှ တည်ထောင်ထားသော ဗမာ့တပ်တော် BA တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို အာရက္ခတပ်တော် AA မှ တပ်မှူးများနှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) ၊ မုန်း(မူး)မြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA) တပ်မဟာ (၃)၊ တပ်ရင်း(၈)ထံ စစ်ကောင်စီ တပ်သားသစ် ၃ဦး ထပ်မံအလင်းဝင်လာကြောင်း KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်သည်။

၂၀၂၅အတွင်းတွင် ချင်းပြည်နယ်၊ တီးတိန်မြို့ကို သိမ်းပိုက်မယ်လို့ ချင်းညီနောင်က ကြွေးကြော်ခဲ့ သော်လည်း မအောင်မြင်ခဲ့သည့်အပေါ် ပြည်သူတဦးချင်းစီကို ချင်းညီနောင် စစ်ရေးကော်မတီဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက တောင်းပန်လိုက်ပြီး နှစ်သစ်တွင် တီးတိန်မြို့သိမ်းနိုင်ရန် ဆက်လက် ကြိုးစားနေကြောင်း ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေမှာ စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသော ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်းက မြို့နယ် ၁၄ ခုတွင် ယာဉ်စည်းကမ်းများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ် လုပ်ဆောင်နေကြောင်း သိရသည်။

စစ်ကောင်စီ

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်သည် ရွေးကောက်ပွဲအပိုင်း (၂) တွင်ပါဝင်၍ ဆန္ဒမဲရုံအဆောက်အဦးနှင့် အနီးဝန်းကျင်နေရာများ မီးဘေးလုံခြုံရေးအတွက် မီးဘေးစစ်ဆေးပညာပေးခြင်း၊ လမ်းမကြီးများအလိုက် အသိပေးနှိုးဆော်ခြင်းများ မြို့နယ်မီးသတ်ဦးစီးဌာန၏တပ်ဖွဲ့ဝင်များမှ ယနေ့ ဇန်နဝါရီ ၃ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ကြကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ ၌ ကျရောက်မည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် မြန်မာ့စာတိုက်လုပ်ငန်း မှ ၂၀၀ ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် နှစ်မျိုးကို ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဘေဂမ်ခါလီဒါဇီယာ ကွယ်လွန်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခဲ့သည်ကြောင်း သိရသည်။

နေပြည်တော်၊ ပျဥ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်၊ ရန်နိုင်ရပ်၊ နယ်မြေ(၁၆)တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာမှ နေအိမ်များပျက်စီးဆုံးရှုံးကာ တပေါင်းကွင်းရှိ ယာယီကယ်ဆယ်ရေးစခန်းတွင် ယာယီနေထိုင်နေကြရသော မီးဘေးသင့်သူ ၃၀၈ ဦးအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်မှ ဇန်နဝါရီ ၂ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာအနီးရှိ နမ့်အက်ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်နီးပါးတည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ၏ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရေတွက်ခြင်း၊ စာရင်းပြုစုခြင်း၊ ကပ်ထားကြေညာခြင်းတို့ကို ပွင့်လင်းမြင် သာစွာဆောင်ရွက်ခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဇန်နဝါရီ ၂ ရက်က အသိပေးထုတ်ပြန် သည်။

ဇန်နဝါရီ ၁၁ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၂)၌ မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ မဲရုံ(၄၈)ရုံတွင်တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒု-မဲရုံမှူး၊ အရန်မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းမှစတင်ကာ ကြိုတင်ဆန္ဒမဲများပေးခဲ့ကြကြောင်း သိရသည်။

Popular posts from this blog

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်