Posts

Showing posts with the label နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၃ ဇန်နဝါရီ ၂၀၂၆ )

Image
အမျိုးသားညီညွတ်ရေး အစိုးရ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်အတွင်း ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်ယာဥ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ PDFတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်သည်။ မကွေးတိုင်း၊သရက်ခရိုင်၊ ဆင်​ပေါင်ဝဲမြို့နယ်၌ ကင်းလှည့်နေသည့် စစ်အုပ်စုကိုတိုက်ခိုက်ရာ သေနတ် နှစ်လက်ရကြောင်း သရက်ခရိုင် အမှတ်(၅)တပ်ရင်းက ထုတ်ပြန်သည်။ စစ်ရေးအရှိန်မြှင့်ထားသည့် မကွေးတိုင်း စလင်းမြို့နယ်၊ဆင်ဖြူကျွန်းမြို့က စစ်ကောင်စီ၏​ ရုံးဌာနများကို PDF ​များကဇန်နဝါရီ ၁ ရက်၌ ဝင်ရောက် စီးနင်းခဲ့ကြောင်း အမျိုးသားညီညွှတ်ရေး အစိုးရ(NUG) ကအသိပေးထားသည်။ မကွေးတိုင်းအတွင်းက အကြမ်းဖက်စစ်အုပ်စု၏ အခြေပြုစခန်းတွေကို တပ်ရင်းတပ်ဖွဲ့များ ၊ ပကဖ များ က မဟာ မိတ်တပ်များနှင့် အတူ ပူးပေါင်းပြီး ဆက်မပြတ် ထိုးနှက်တိုက်ခိုက်နေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန အသိပေးထုတ်ပြန်သည်။ နတ်မောက် – ပျော်ဘွယ်လမ်းဟောင်း၌ လမ်းလုံခြုံရေး ဆောင်ရွက်စဥ် အစစ်ဆေးမခံဘဲ မောင်းနှင် ထွက်ပြေးသည့် အကြမ်းဖက်စစ်သား ၃ ဦးပါ ကားကို ပစ်ခတ်ခဲ့ရာ အကြမ်းဖက် အရာရှိအဆင့် နှင့် အခြားအဆင့်ရှိ...

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂ ဇန်နဝါရီ ၂၀၂၆ )

Image
အမျိုးသားညီညွတ်ရေး အစိုးရ တနိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးတပ်များက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို အပြည့်အဝ သိမ်း ပိုက်ထားပြီး ၄၁ မြို့နယ်ကို ၀ိုင်းပတ်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီအရင်ခံစာအရ သိရှိရ သည်။ တပြည်လုံး အတိုင်းအတာဖြင့် တိုင်းစစ်ဌာန (၁၀) ခု၊ တပ်မ (၁) ခု၊ တပ်ရင်းပေါင်း (၃၆၀) ရင်းကို တခုတည်းသောကွပ်ကဲမှုအောက်၌ ထားရှိဆောင်ရွက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန က ၂၀၂၅ ခုနှစ် စစ်ရေးတိုးတက်ဖြစ်ပေါ်မှုအခြေအနေကို ထုတ်ပြန်သည်။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ယာဉ်တန်းတို့ကို တိုက်ခိုက် ရာ စစ်သား ၁၉ ဦးသေဆုံးပြီး လက်နက် ၈ လက် သိမ်းဆည်းရရှိကာ ကပစ ၂၂ သို့ သွယ်တန်းထားသော မီးတိုင်များကိုလည်း ပျက်စီးခဲ့ကြောင်း ပခုက္ကူခရိုင်စစ်ဌာနထံမှသိရသည်။ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ ၆၉ ဦးသေဆုံး...

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၁ ဇန်နဝါရီ ၂၀၂၆ )

Image
အမျိုးသားညီညွတ်ရေး အစိုးရ ယနေ့ကျရောက်သော နှစ်သစ်အခါသမယနေ့၌ နွေဦးတော်လှန်ရေး၏ အကျိုးစီးပွားကို ရှေ့ရှုသော အားဖြင့်လည်း ကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထား မှုကို အလေးထားသောအားဖြင့် လည်း ကောင်း၊ အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/အကျဉ်းသူ ၁၁၀ ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်မထားပဲ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးက ထုတ်ပြန်သည်။ ရုရှားနှင့် အိမ်နီးချင်းနိုင်ငံအချို့က စစ်အာဏာရှင်သက်ဆိုးရှည်အောင် အားပေးနေသလိုတွေ့ရပြီး အာဏာသိမ်းစစ်ကော်မရှင်အပေါ် စစ်ရေးအကူအညီပေးမှုနှင့် နည်းပညာပံ့ပိုးမှုပြုလုပ်ခဲ့၍ ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေ အချို့ ပြန်လည်လက်လွှတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တော်လှန်ရေးအင်အားစုများအကြား ပိုမိုခိုင်မာသည့် စုဖွဲ့မှုကို ဆက်လက်အားစိုက်တည်ဆောက်မည်ဖြစ်ကြောင်း ယီသမ္မတ ဒူဝါလရှီးလ က ယနေ့အသိပေး ပြောကြားသည်။ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်နှင့် ...