နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂ ဇန်နဝါရီ ၂၀၂၆ )
တနိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးတပ်များက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို အပြည့်အဝ သိမ်း ပိုက်ထားပြီး ၄၁ မြို့နယ်ကို ၀ိုင်းပတ်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီအရင်ခံစာအရ သိရှိရ သည်။
တပြည်လုံး အတိုင်းအတာဖြင့် တိုင်းစစ်ဌာန (၁၀) ခု၊ တပ်မ (၁) ခု၊ တပ်ရင်းပေါင်း (၃၆၀) ရင်းကို တခုတည်းသောကွပ်ကဲမှုအောက်၌ ထားရှိဆောင်ရွက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန က ၂၀၂၅ ခုနှစ် စစ်ရေးတိုးတက်ဖြစ်ပေါ်မှုအခြေအနေကို ထုတ်ပြန်သည်။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ယာဉ်တန်းတို့ကို တိုက်ခိုက် ရာ စစ်သား ၁၉ ဦးသေဆုံးပြီး လက်နက် ၈ လက် သိမ်းဆည်းရရှိကာ ကပစ ၂၂ သို့ သွယ်တန်းထားသော မီးတိုင်များကိုလည်း ပျက်စီးခဲ့ကြောင်း ပခုက္ကူခရိုင်စစ်ဌာနထံမှသိရသည်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ ၆၉ ဦးသေဆုံးပြီး နေအိမ် ၁၆၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၅ ဦးအရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်သည်။
ပဲခူးတိုင်း၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့ထံ လက်နက်ခဲယမ်း အပြည့်အစုံယူကာ အလင်းဝင်လာသည့် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ တပ်သား ၁ ဦးကို ငွေကျပ် သိန်း ၅၀ ချီးမြှင့်ပေးလိုက်ကြောင်း လက်ပံတန်းမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့ကထုတ်ပြန်သည်။
နေပြည်တော်တိုင်းစစ်ဌာန၏ ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းနှင့် အနောက်ဘက် ကမ်း စစ် ဆင်ရေးများတွင် တွံတေးမြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းက ကျွန်းလှမြို့နယ် နှင့် အင်းတော်မြို့နယ်များတွင် လွတ်ငြိမ်းခွင့်ရ အကျဉ်းသူ/အကျဉ်းသားများကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လွတ်ငြိမ်းသက်သာခွင့် လက်မှတ် နှင့် ခရီးစရိတ်ငွေများကို ထောက်ပံ့ပေးပြီး ပြန်လွှတ်ခဲ့ကြောင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
မန္တလေးမြို့ပေါ်တွင် ညအချိန် ဆေးလိပ်ထွက်ဝယ်စဉ် ပေါ်တာဆွဲဖမ်းဆီးခံရသော အသက် ၁၈ နှစ်အရွယ် စစ်မှု ထမ်း တပ် သားသစ် ၁ ဦးက သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ဓူဝံ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ရေဦး DU WON People’s Defense group Ye.U ထံမှ သိရသည်။
ထိုင်းနိုင်ငံ စမူပါကန်မြို့နယ်တွင် တော်လှန်ရေး ရန်ပုံငွေဖလား ဘောလုံးပြိုင်ပွဲကို သွေးမအေးကြောင်း ပြသသည့်အနေနှင့် တော်လှန်ပြည်သူများ ပူးပါင်း၍ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ခမရ ၅၉၁ တပ်ရင်းမှ တပ်ရေးဗိုလ်ကြီး သော်ဇင်ထွန်း လိုက်ပါလာသော ကားကို ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Ye Guerrilla Force-ရေးပြောက် ကျားတပ်က ထုတ်ပြန်သည်။
စစ်အုပ်စု ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပနေစဉ် တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း ၊ ကသာမြို့တွင်းသို့ တော်လှန် ရေးတပ်ဖွဲ့များ ရောက်ရှိနေပြီး ယနေ့ (ဇန်နဝါရီ ၂ ရက်) ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် ၊ အရှေ့တောင်ခြမ်း မူးကမ်းကြီးကျေးရွာရှိ စစ်ရှောင်အများစု နေထိုင်သည့် စာသင် ကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခိုက်ခဲ့၍ ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
စစ်ကော်မရှင်က ကြိုးပမ်းပြုလုပ်နေသည့် ‘အတုယောင်’ ရွေးကောက်ပွဲ ရလာဒ် များကို လက်မခံကြရန်နှင့် ဝိုင်းဝန်းဆန့်ကျင်ကြရန် ချင်းပြည်ကောင်စီ(CC) ဥက္ကဋ္ဌ က ဇန်နဝါရီလ ၁ ရက် တွင် ကျရောက်သော နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောကြားလိုက်သည်။
စစ်ကောင်စီ
အွန်လိုင်း ငွေလိမ်လုပ်ငန်း (ကျားဖြန့်)တွင် အဓမ္မခိုင်းစေခဲ့သူ ဒေါ်ဇာဇာစန်းနှင့် ဦးခင်မောင်လွင်တို့ ၂ ဦးကို ကျောက်ဆည် ခရိုင်တရားရုံးက ဒီဇင်ဘာ ၃၀ ရက်တွင် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF)ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူမိသားစုပိုင် ကုမ္ပဏီဖြစ်သော Chit Linn Myaing Toyota Company အား အမည်ပျက်စာရင်း(Black List)မှ ပယ်ဖျက်လိုက်ကြောင်း ဒီဇင်ဘာ ၃၀ ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)ကို မြို့နယ် ၁၁ မြို့နယ်၌ ပြုလုပ်မည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။
မကွေးတိုင်း၊ မကွေးမြို့၊ နတ်မောက်လမ်းနှင့် သုခိတာ လမ်းထောင့်ရှိ မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံးရှိ လွှတ်တော်အဆောက်အအုံများနှင့် လွှတ်တော်ဝန်းအတွင်းတို့၌ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိရာ မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်မှ ဒီဇင်ဘာ ၃၁ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
