Posts

Showing posts from April, 2012

ဦးသိန်းစိန်နှင့် ဒေါ်စုအား မစ္စတာဘန်ကီမွန်း ချီးကျူး

Image
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဧပြီလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၀၄ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။        ။ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အရည်အချင်း ပြည့်ဝသော နိုင်ငံ့ခေါင်းဆောင်များအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း က တနင်္လာနေ့တွင် ချီးကျူးပြောဆိုလိုက်သည်။ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ နေ့လည် ၁၂ နာရီခန့်က တက်ရောက် မိန့်ခွန်းပြောကြားခဲ့စဉ် ထိုသို့ ထည့်သွင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တက်ရောက် မိန့်ခွန်းပြောကြားနေစဉ် (ဓါတ်ပုံ မဇ္ဈိမ) “သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နိုင်ငံတော်အကျိုးအတွက် နိုင်ငံရေးကို ကျော်လွှားနိုင်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနှင့် နိုင်ငံ့ခေါင်းဆောင် အရည်အချင်း ပြည့်ဝမှုကို ဖော်ဆောင်ပြသနိုင်ခဲ့သည်”ဟု အတွင်းရေးမှူးချုပ်က ပြောဆိုသွားသည်။ ထို့ပြင် မြန်မာနိုင်ငံအပေါ် နိုင်ငံအချို့မှ အရေးယူ ပိတ်ဆို့မှုများအား ပိုမိုလျှော့ပေါ့ ပိုမိုဖွင့်ပေးကြရန် တိုက်တွန်း တောင်းဆိုလိုက်သည်။ “ဒ...

ဦးအောင်သောင်း ငြိမ်းချမ်းရေး အဖွဲ့သစ်မှာ မပါဝင်တော့ကြောင်း ပြော

Image
မင်းသက်၊ ဖနိဒါ | တနင်္လာနေ့၊ ဧပြီလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၄ မိနစ် ချင်းမိုင်(မဇ္ဈိမ) ။        ။ အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ် ပြန်လည် ဖွဲ့စည်းရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ၁ ဦးအောင်သောင်း ပါဝင်တော့မည် မဟုတ်ကြောင်း ကာယကံရှင်က တနလာင်္နေ့ တွင် ပြောကြားလိုက်သည်။ “ပြန်ပြီးတော့ ဖွဲ့မယ်ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် ကျနော် မပါတော့ဘူးလို့ပဲ ပြောချင်ပါတယ်။ ကျနော်က အသက်အရွယ်အရရော၊ မိသားစု ကျန်းမာရေးအရပါ အခုလို ဆုံးဖြတ်လိုက်တာပါ”ဟု ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ သတင်းထောက်များ၏ မေးမြန်းချက်ကို ဦးအောင်သောင်း က ဖြေကြားလိုက်ခြင်း ဖြစ်သည်။ အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သစ် ပြန်လည် ဖွဲ့စည်းရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ၁ ဦးအောင်သောင်း ပါဝင်တော့မည် မဟုတ်ကြောင်း ကာယကံရှင် ပြောကြား (ဓါတ်ပုံ မဇ္ဈိမ) အစိုးရအနေဖြင့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၁ ဖွဲ့မှ ၁ဝ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးထားပြီး ဖြစ်သော်လည်း ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့နှင့်သာ အ...

မွန်ပြည်သစ် နိုင်/ကျဉ်း နှစ်ဦး ပြန်လွှတ်ပေး

ကွန်းချမ်း | တနင်္လာနေ့၊ ဧပြီလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၀၅ မိနစ် စံခလပူရီ (မဇ္ဈိမ) ။        ။ မွန်ပြည်သစ်ပါတီမှ နိုင်ငံရေး အကျဉ်းသား နှစ်ဦးကို တနင်္လာနေ့တွင် ပြည်ထောင်စု အစိုးရက မိခင်ပါတီသို့ ပြန်လည် လွှဲအပ်ပေးမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် နိုင်တင်အောင်က ပြောသည်။ “မနေ့က ကျနော့်ဆီ ဖုန်းဆက်လာတယ်။ မွန်ပြည်သစ် ရဲဘော်တွေကို လွှဲမယ့်အကြောင်းပေါ့။ ဦးအောင်မင်းကလည်း သူ့ကတိအတိုင်း လုပ်ပေးတယ် ဆိုတော့ ဒါဟာ မင်္ဂလာ ရှိတဲ့သတင်းကောင်းပေါ့” ဟု မဇ္ဈိမကို ပြောသည်။ အင်းစိန်ထောင်မှ နိုင်ယက္ခနှင့် သာယာဝတီထောင်မှ နိုင်မျိုးသွေးတို့ကို မွန်းလွဲ ၁ နာရီ မတိုင်မီ ရထားဝန်ကြီး ဦးအောင်မင်း ကိုယ်တိုင် မော်လမြိုင်မြို့ရှိ မွန်ပြည်သစ်ပါတီသို့ လွှဲအပ်မည် ဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ နအဖ စစ်အစိုးရက ၂၀၀၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် ပုန်ကန်ရန် ကြံစည်မှုဖြင့် ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် သေဒဏ် စီရင်ခြင်း ခံခဲ့ရသော်လည်း အယူခံဝင်ရာမှ ထောင်ဒဏ် တသက်တကျွန်းသို့ ပြစ်ဒဏ် လျှော့ချပေးခဲ့သည်။ မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စုအဆင့် အစိုးရ ကိုယ်စားလှယ်များ...

မဇ္ဈိမ ၂၀၁၂ ဧပြီလ ဓါတ်ပုံများ

Image
သမ္မတဦးသိန်းစိန်နှင့် မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ ဧပြီလ ၃ဝ ရက်နေ့ နံနက် ၉ နာရီခန့်က နေပြည်တော် သမ္မတအိမ်တော်ရှိ ဧည့်ခန်းဆောင်တွင် တွေ့ဆုံကြနေစဉ်။ (ဓါတ်ပုံ- လင်းဘိုဘို၊ မဇ္ဈိမ) မစ္စတာ ဘန်ကီမွန်းသည် ဧပြီလ ၃ဝ ရက်နေ့ ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားရာတွင် “မြန်မာနိုင်ငံဟာ အိမ်နီးချင်း အာရှနိုင်ငံတွေနဲ့ အလျင်အမြန်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကို အလျင်အမြန် အမီလိုက်နိုင်မယ်ဆိုတာ ကျနော်သံသယ မရှိပါဘူး။” ဟု ပြောကြားသွားသည်။

နိုင်ငံရေးပြဿနာ မဖြစ်လို၍ ကျမ်းကျိန်စာသားကို NLD လိုက်လျော ကျိန်ဆိုမည်

ဖနိဒါ၊ ကိုပေါက် | တနင်္လာနေ့၊ ဧပြီလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၂၆ မိနစ် ချင်းမိုင်၊ နယူးဒေလီ (မဇ္ဈိမ) ။        ။ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုချက် စာသား ပြင်ဆင်ပေးရန် တင်ပြထားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ အလျှော့ပေး လိုက်လျော၍ လက်ရှိ အခြေခံဥပဒေပါ အတိုင်း ဆောလျင်စွာ ကျမ်းသစ္စာ ကျိန်ဆိုကြမည် ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီအား မဲပေးလိုက်ကြည်သည့် ပြည်သူ့ဆန္ဒနှင့် လွှတ်တော်တွင်း မဟာမိတ်များ၏ ဆန္ဒအား လိုက်လျောသည့်အနေဖြင့် တနင်္လာနေ့ က ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ က သတင်းထောက်များ အား ပြောဆိုလိုက်သည်။ “အလျှော့ပေးတယ်လို့ မြင်ချင်ရင်လည်း မြင်နိုင်ပါတယ်။ ကျမတို့ ပြည်သူ့ဆန္ဒကို အလျှော့ပေးတယ်။ မဟာမိတ်တွေရဲ့ ဆန္ဒကို ကျမတို့ အလျှော့ပေးတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အောင်နိုင်ထားတဲ့ အဖွဲ့ချုပ်မို့လို့ သဘောထားကြီးဖို့ ဆိုတာလည်း အင်မတန်မှ လိုပါတယ်။ အဲဒါကြောင့် ကျမတို့အနေနဲ့ လိုက်လျောမယ်။ လွှတ်တော်တက်တဲ့ကိစ္စကို အမြန်ဆုံးလုပ်လိုက်မယ်” ဟု ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ...

လယ်/ဆည်ဝန်ကြီး လွှတ်တော်အမတ်များကို တောင်းပန်

Image
မျိုးသန့် | တနင်္လာနေ့၊ ဧပြီလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၁ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။         ။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က Hot News ဂျာနယ်တွင် ဖေါ်ပြခဲ့သော လွှတ်တော်နှင့် လွှတ်တော် အမတ်များနှင့် ပတ်သက်သည့် သူ၏ စကားအသုံးအနှုန်းများအတွက် ခွင့်လွှတ်ပေးပါရန် တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော်တွင် တောင်းပန်လိုက်သည်။ “ကျနော့်အပေါ် လွှတ်တော်နှင့်လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၏ ဂုဏ်သိက္ခာ ထိခိုက်စေရန်လို့ အထင်အမြင် လွဲမှားမှုရှိနေကြပါသော ကိုယ်စားလှယ်တော်ကြီးများ အားလုံးတို့အားလည်း ဤမြေတွင် အသီးသီးမွေးဖွားခဲ့ကြပြီး တမြေတည်းအတူနေ၊ တရေတည်းအတူသောက်၊ တလှေတည်း အတူခရီးသွား သံသရာခရီးမှာ အတူခရီးသွားနေကြ တဲ့ ခရီးသွားဖော် ညီကိုများအဖြစ် မေတ္တာရှေ့ထားပြီးတော့မှ ကျနော့်အပေါ် ခွင့်လွှတ်နားလည်ပေးပါရန် အနူးအညွှတ် တောင်းပန်ပါကြောင်း” ဟု ပြောသွားသည်။ ဝန်ကြီး၏ Hot News ဂျာနယ်သို့ ဖြေကြားရာတွင် သုံးနှုန်းခဲ့သည့် အသုံးအနှုန်းများနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် လွှတ်တော်အခွင့်အရေး ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်ကို တနင်္လာနေ့လွှတ်တော်တွင် အစီရင်ခံခဲ့ပြီးနေ...

ဆထုံး သတ်ဖြတ်မှု စွပ်စွဲချက် KIO ငြင်းဆို

နေမျိုး | တနင်္လာနေ့၊ ဧပြီလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၂ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။        ။ ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးမြို့နယ်ခွဲ အထွေထွေ အုပ်ချုပ်ရေးမှုး အပါအဝင် ဝန်ထမ်းလေးဦး သတ်ဖြတ်မှုမှာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြင်းဆိုလိုက်ပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စုံစမ်းလျက်ရှိကြောင်း ပြောသည်။ ‘ဧပြီလ ၂၈ ရက်နေ့ နံနက် ၁ နာရီခွဲခန့်တွင် KIA လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့်’ ဝန်ထမ်းလေးဦး သေဆုံးပြီး သုံးဦး ပျောက်ဆုံးနေကြောင်း ဧပြီလ ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာပါ ရေးသားချက်အား KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန် က တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “မြန်မာအစိုးရက အဲဒီလိုပဲ အမြဲစွပ်စွဲတယ်။ ဘာဖြစ်လိုက်ဖြစ်လိုက် KIA ပဲ။ ဘယ်သူလုပ် တယ်ဆိုတာ မသိရသေးဘူး။ ကျနော်တို့ တပ်မဟာကို အဲဒီကိစ္စ စုံစမ်းဖို့ ညွှန်ကြားထားတယ်။ ကျနော်တို့ KIA က လုပ်တယ်ဆိုတာ မဟုတ်ဘူးဗျ။ ကျနော်တို့ အမိန့်ပေးထားတာ မရှိဘူး” ဟု မဇ္ဈိမကို ပြောသည်။ “အုပ်ချုပ်ရေး ဦးစီးမှုးအပါအဝင် လေးယောက်ကို သတ်သွားတယ်။ ကျန်တဲ့လူတွေကတော့ ဒဏ်ရာရတယ်။ ဒါပေမယ့် ကျ...

“ထားဝယ်စီမံကိန်းမှ အီတာလျန်-ထိုင်းကုမ္ပဏီ ရပ်ဆိုင်းတော့မည်”

(အမှားပြင်ဆင်ချက်) မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဧပြီလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၅၀ မိနစ် ဧပြီလ ၂၇ ရက်နေ့ မဇ္ဈိမ အင်တာနက်စာမျက်နှာတွင် “ထားဝယ်စီမံကိန်းမှ အီတာလျန်-ထိုင်းကုမ္ပဏီ ရပ်ဆိုင်းတော့ မည်” ဟူ၍ မှားယွင်းစွာ သတင်းဖော်ပြခဲ့ပါသည်။ အဆိုပါသတင်းမှာ မူရင်း ရိုက်တာသတင်းအား ကိုးကား၍ ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်ပြီး ဘာသာပြန်ဆိုရာတွင် အဓိပ္ပါယ်ကောက်ယူ လွဲမှားခဲ့ပါသည်။ အမှန်တကယ်မှာ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် “ITD ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ ရေရှည်ဘဏ္ဍာရေး စီမံကိန်းများကို ၂ဝ၁၂ ခုနှစ် မကုန်မီ အပြီးသတ် ရေးဆွဲနိုင်တော့မည်” ဟု ကုမ္ပဏီဥက္ကဋ္ဌ Premchai Karnasuta က ပြောဆိုသည်ဟု အဓိပ္ပါယ်ရပါသည်။ ထိုသို့ သတင်းအား မှားယွင်းစွာ ဖော်ပြခဲ့သည့်အတွက် စာဖတ်သူများအား မဇ္ဈိမမှ တောင်းပန်အပ်ပါသည်။

မွန် ငြိမ်းအဖွဲ့ခေါင်းဆောင် အိမ်ပိုင်ဆိုင်မှု တရားရင်ဆိုင်

ကွန်းချမ်း | သောကြာနေ့၊ ဧပြီလ ၂၇ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၀၄ မိနစ် စံခလပူရီ (မဇ္ဈိမ) ။       ။ မော်လမြိုင်မြို့ပေါ်ရှိ မွန်ငြိမ်းချမ်းရေးအဖွဲ့ (မြိတ်ဒေသ) ခေါင်းဆောင် နိုင်စိုက်ချမ်း၏ နေအိမ်ကို အိမ်ပိုင်ဆိုင်မှု ပြဿနာဖြင့် ဗုဒ္ဓဟူးနေ့က အာဏာပိုင်နှင့် ရဲများက လာရောက် ဝိုင်းရံပြီး ချိတ်ပိတ်ရန် ကြိုးစားခဲ့ကြောင်း နိုင်စိုက်ချမ်း က ပြောသည်။

ADB အကြွေးကြေမှ ပြန်ကူမည်

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဧပြီလ ၂၇ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၇ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။         ။ အာရှဖွံ့ဖြိုးရေးဘဏ် ADB သို့ မြန်မာအစိုးရ ဆပ်ရန်ရှိသည့် ကြွေးငွေ ဒေါ်လာ သန်း ၄၉ဝ ပြန်လည်ပေးဆပ်ပြီးမှသာ နောက်ထပ် ငွေကြေးအကူအညီများ ပေးနိုင်မည်ဟုဆိုသည်။

သတင်းရေးသူကို The Voice ဖော်ထုတ်ပေးမည် မဟုတ်

မျိုးသန့် | သောကြာနေ့၊ ဧပြီလ ၂၇ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၀၂ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ သတ္တုတွင်း ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနအချို့၌ ငွေကြေး အလွဲသုံးစား ပြုမှုများ ရှိနေသည်ဟု The Voice ဂျာနယ်ပါ သတင်း ရေးသားသူကို ဖေါ်ထုတ်ပေးရန် သတ္တုတွင်း ဝန်ကြီးဌာနက သောကြာနေ့ တရားရုံးချိန်းတွင် ထပ်မံ လျှောက်ထားသော်လည်း ဂျာနယ် အယ်ဒီတာချုပ်က ဦးကျော်မင်းဆွေက ဖေါ်ထုတ်မည် မဟုတ်ကြောင်း ပြောသည်။

ထားဝယ် စီမံကိန်းမှ အီတာလျန်-ထိုင်းကုမ္ပဏီ ရပ်ဆိုင်းတော့မည်

Image
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဧပြီလ ၂၇ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၄ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။       ။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ငွေကြေး ရင်းနှီးမြှုပ်နှံမှုများအား ၂၀၁၂ ခုနှစ်ကုန် တွင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း Italian-Thai Development Pcl က ပြောသည်။ ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သည့် အဆိုပါ ITD ကုမ္ပဏီ၏ ဥက္ကဋ္ဌ Premchai Karnasuta က အစုရှယ်ယာဝင်များအား သောကြာနေ့က ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတရပ်တွင် ပါရှိသည်။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်အနေဖြင့် ကုမ္ပဏီက ဒေါ်လာသန်းပေါင်း ၈,၅ဝဝ ရင်းနှီးမြှုပ်နှံ သွားမည်ဟု ဇန်နဝါရီလပိုင်းက ပြောဆိုခဲ့သော်လည်း မဂ္ဂါဝပ် ၄,ဝဝဝ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံအား မြန်မာအစိုးရက ရုတ်ချည်း ရပ်ဆိုင်းလိုက်သဖြင့် စီမံကိန်းအနာဂတ်အား သံသယဝင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒေသခံများအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် မီဒီယာများမှ ကန့်ကွက်မှုများကြောင့် အဆိုပါ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်တော့မည် မဟုတ်ကြောင်း အမှတ် ၂ လျှပ်စစ် ဝန်ကြ...

ကတိသစ္စာပြုချက်ကိစ္စ သူရဦးရွှေမန်းသို့ ၁၆ ပါတီ မေတ္တာရပ်ခံ

Image
မျိုးသန့် | ကြာသပတေးနေ့၊ ဧပြီလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၀၅ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။      ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အကြံပြုထားသည့် ကျမ်းကျိန်ကတိသစ္စာပြုချက် စကားလုံး ပြုပြင်ရေးအတွက် ကြံ့ခိုင်ရေးပါတီမှ ဦးဆောင် ဖြေရှင်းပေးရန် နိုင်ငံရေးပါတီ ၁၆ ခု ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များမှ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယဥက္ကဋ္ဌ သူရ ဦးရွှေမန်းထံ ဗုဒ္ဓဟူးနေ့တွင် မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။ “ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ဦးရွက်ပြုပေးပါ။ ကျနော်တို့ကတော့ နောက်ကနေပြီးကာမှ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို လိုလားပါတယ်။ ခုလို ကျနော်တို့ သွားချင်တဲ့ လမ်းကြောင်းမှာ အားလုံး ပါဝင်နိုင်အောင် ပြည်ခိုင်ဖြိုးက ဦးဆောင်ဦးရွက်ပြုတာကို ကျနော်တို့ တောင်းဆိုလိုပါတယ်ဆိုပြီးတော့ မေတ္တာရပ်ခံတာပါ” ဟု ပြောသည်။ ကျမ်းကျိန်ကတိသစ္စာပြုချက် စကားလုံး ပြုပြင်ရေးအတွက် ကြံ့ခိုင်ရေးပါတီမှ ဦးဆောင် ဖြေရှင်းပေးရန် နိုင်ငံရေးပါတီ ၁၆ ခု ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များမှ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယဥက္ကဋ္ဌ သူရ ဦးရွှေမန်းထံ ဗုဒ...

မေဒေးနေ့တွင် သံလျင်အလုပ်သမားများ ဦးမောင်ကို ဂုဏ်ပြုမည်

Image
ဖနိဒါ | ကြာသပတေးနေ့၊ ဧပြီလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၄၀ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။       ။ မေလ ၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်တိုင်း သံလျင်မြို့တွင် အလုပ်သမားများက အခမ်းအနားတရပ်ကျင်းပကာ ၁၉၈၈ ခုနှစ် အလုပ်သမား ခေါင်းဆောင်တဦးဖြစ်သည့် ဦးမောင်ကို အား ဂုဏ်ပြုခြင်းတရပ် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ အင်းယားကန်ဖျား ကျောင်းတိုက်တွင် ဦးမောင်ကို ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့် အထိမ်းအမှတ် ဆွမ်းကျွေးပွဲကို ပြုလုပ်ရာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက်ခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ အခမ်းအနားသို့ အလုပ်သမားများအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များ၊ သံတမန်များအားလည်း ဖိတ်ကြားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီမှ မစုစုနွေး က မဇ္ဈိမကို ပြောသည်။ “ဦးမောင်ကိုက စစ်ကြောရေးမှာ အသတ်ခံရတယ်။ သူရဲ့ မိသားစုက ဒါမှမဟုတ် ဦးမောင်ကိုနဲ့အတူတူ အလုပ်သမားသပိတ် ခေါင်းဆောင်လုပ်ခဲ့တဲ့ ဗိုလ်ကြီးဇော်ညွန့်က အထ္ထုပ္ပတ္တိ ဖတ်ကြားမယ်။ ကြွရောက်လာသူတွေကို စကားပြောခိုင်းမယ်။ မေဒေးနေ့ ကြေညာချက် ဖတ်ကြားမယ်။...

ဒဂုန်မြို့သစ်မှာ မြေမသိမ်းတော့ဟု တိုင်းဝန်ကြီးချုပ် ဆို

Image
မင်းသက် | ကြာသပတေးနေ့၊ ဧပြီလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၆ မိနစ် ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် မြေကွက်များကို သိမ်းတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောသည်။ ဧပြီလ ၂၅ ရက်နေ့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေးအပြီးတွင် သတင်းမီဒီယာ များအား ပြောကြားလိုက်ခြင်း ဖြစ်သည်။ “ကျနော်တို့က သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှုး ဦးစီးမှူး အဆင့်ရှိတဲ့ အရာရှိတွေကို အဲဒီမှာ စာရင်းပြုစုစေ ပါတယ်။ စနစ်တကျ ဖြစ်အောင်တော့ လုပ်ပါမယ်။ ဒါပေမယ့် ဝန်ထမ်းတွေ မြေကွက်ပဲ ဖြစ်ဖြစ်၊ အိမ်ဆောက် ထားတာပဲဖြစ်ဖြစ် မသိမ်းတော့ပါဘူး။ ဒါကလည်း အစက အိုးအိမ်က လုပ်လိုက်တဲ့အတွက် ရှုတ်သွားတာပါ”ဟု ဦးမြင့်ဆွေ က ပြောသည်။ မြေသိမ်းခံရခြင်းနှင့် စပ်လျဉ်း၍ ဒဂုန်မြို့သစ် အရှေ့ပိုင်းသို့ လေ့လာရေး သွားရောက်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့အား မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) မတ်လ ၇ ရက်နေ့က နိုင်ငံပိုင်မီဒီယာများမှတဆင့် ထ...

ကျမ်းသစ္စာဆိုချက်ကိစ္စ ပြေလည်မည်ဟု ဒေါ်စု ယုံကြည်

Image
လင်းဘိုဘို | ကြာသပတေးနေ့၊ ဧပြီလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၅ မိနစ် ရန်ကုန် (မဇ္ဈိမ) ။       ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်များ လွှတ်တော် တက်ရေးအတွက် ညှိနှိုင်းနေဆဲဖြစ်သည့် ကျမ်းသစ္စာဆိုချက်ပါ အသုံးအနှုန်း ကိစ္စ မကြာမီ ပြေလည်မှု ရရှိမည်ဟု မျှော်လင့်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ NLD ကိုယ်စားလှယ်များ လွှတ်တော် တက်ရေးအတွက် ညှိနှိုင်းနေဆဲဖြစ်သည့် ကျမ်းသစ္စာဆိုချက်ပါ အသုံးအနှုန်း ကိစ္စ မကြာမီ ပြေလည်မှု ရရှိမည်ဟု မျှော်လင့်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို (ဓါတ်ပုံ မဇ္ဈိမ) ကြာသပတေးနေ့ နံနက်က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် အီတလီ နိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi နှင့် လက်ခံတွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ၌ လွှတ်တော်တက်ရေး ကိစ္စနှင့် ပတ်သတ်၍ သတင်းထောက်တဦး၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “ပြဿနာက သိပ်မကြာခင်မှာပဲ အားလုံး အခက်အခဲမရှိ အဆင်ပြေသွားပါလိမ့်မယ်”  ဟု NLD ဥက္ကဋ္ဌ က ပြောသည်။ လွှတ်တော်အမတ်များ ကျမ်းသစ္စာဆိုရာတွင် အခြေခံဥပဒေကို “ထိန်းသိမ်းကာကွယ် စောင့်ရှောက်” ဟူသည့် အသ...

ဖားကန့် NLD ဥရုချောင်းနှင့် ရွေးကောက်ပွဲအရေး ဆွေးနွေး

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၂၂ မိနစ် ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်များ၏ လပါတ် အစည်းအဝေးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် ဥရုချောင်း ဆယ်ယူရေးကိစ္စများ ဗုဒ္ဓဟူးနေ့က ဆွေးနွေးခဲ့ကြသည် ဟု သိရသည်။ မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော် မြို့နယ်များတွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ဧပြီလ ၁ ရက်နေ့တွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမပေးခဲ့ဘဲ ရွှေ့ဆိုင်းထားမှုကို ပြန်လည် ကျင်းပပေးနိုင်ရန်နှင့် ဥရုချောင်း မြစ်ရေလျှံမှုမှ ကာကွယ်ရေးကိစ္စများကို ဖားကန့်မြို့နယ် ပါတီရုံးတွင် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ “ဖားကန့်မြို့နယ် မိုးတွင်းကျရင် ခံရမယ့်ဟာတွေပေါ့။ ဥရုချောင်း ပျက်စီးမှုကို ဝိုင်းဝန်းပြီးတော့ စုပေါင်းကာကွယ် လုပ်ဆောင်ဖို့ သက်ဆိုင်ရာကို တင်ပြဖို့။ ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲ သုံးနေရာ ပြန်လုပ်ပေးဖို့ ဗဟိုကို တင်ပြပြီးတော့ ဗဟိုကနေ ဆင့်ကဲ ပြန်တင်ပြဖို့ ဆုံးဖြတ်တယ်”ဟု NLD မြို့နယ်စည်းရုံးရေးမှူး ဦးဟန်မြင့်က ပြောသည်။ ဖားကန့်မြို့တွင် မိုးတွင်း နှစ်စဉ် ရေးကြီး၍ ရေလွှမ်းလေ့ရ...

သံလွင်တိုင်း(မ်) ဂျာနယ် မေလဆန်းတွင် ထုတ်မည်

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၂၇ မိနစ် စံခလပူရီ (မဇ္ဈိမ) ။      ။ မွန်ပြည်နယ်တွင် ပထမဆုံးအကြိမ် စီးပွားဖြစ် ထုတ်ဝေမည့် သံလွင်တိုင်း(မ်) ဂျာနယ်ကို မေလဆန်းတွင် စတင်ဖြန့်ဝေမည် ဖြစ်ရာ ဆောင်းပါးကဏ္ဍကို အားပြုထား၍ သတင်းကဏ္ဍ၌ အားနည်းမှု ရှိနေသေးကြောင်း သိရသည်။ “ကျနော်တို့က ဆောင်းပါးဘက်မှာ အားသန်တယ်။ သတင်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံ နည်းသေးတယ်” ဟု အယ်ဒီတာချုပ် နိုင်ချမ်းတွဲ့ က ပြောသည်။ အယ်ဒီတာ အဖွဲ့ဝင်တဦး ဖြစ်သည့် နိုင်မင်းမင်းနွယ် ကလည်း “ကျနော်တို့မှာ သတင်းထောက် ခန့်ထားတာ မရှိသေး ဘူး။ နယ်သတင်းတွေ မရနိုင်သေးဘူး။ အလွတ် သတင်းထောက်တွေက အကူအညီ တောင်းနေရတယ်။ ဒီ ပထမအုပ် အတွက် သတင်းနဲ့ ပတ်သက်ပြီး အခက်အခဲ ရှိတယ်” ဟု မဇ္ဈိမကို ပြောသည်။ ဂျာနယ်ကို ဧပြီလ ၂၈ ရက်နေ့တွင် စာပေစိစစ်ရေးဌာနသို့ တင်ပြရမည် ဖြစ်ပြီး မေလ ၇ ရက်နေ့တွင် ဖြန့်ဝေသွားမည် ဖြစ်သည်။ ထိုသို့ တင်/ထုတ် စနစ်ဖြင့် လစဉ် ထုတ်ဝေမည့် သံလွင်တိုင်း (မ်) ဂျာနယ်တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းများအတွင်း ဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဥပဒေရေးရာ၊ ရပ်ကွက် လူ့အဖွဲ့အစည်းန...

ရွှေနံ့သာ လယ်ကန်သင်းများအား ဇေကမ္ဘာကုမ္ပဏီက ဖြိုချနေ

မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၇ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာရွာမှ လယ်သမားတို့၏ လယ်ကန်သင်းရိုးများကို ဇေကမ္ဘာ ကုမ္ပဏီမှ မြေတူးစက်များဖြင့် ရှင်းလင်းပစ်ကာ စပါးစိုက်ရာသီတွင် လယ်သမားတို့ စပါးစိုက်မနိုင်ရန် လုပ်ဆောင်နေ သည်ဟု လယ်သမားများကို ကူညီပေးနေသူ ဦးနေမျိုးဝေက ပြောသည်။ “လယ်သမားတွေ လယ်စိုက်လို့ မရအောင် သက်သက်လုပ်တဲ့ ပုံမျိုးဖြစ်နေတယ်။ ကန်သင်းရိုးတွေကို သူတို့ မြေတူးစက်နဲ့ ထိုးစရာအကြောင်း ဘာမှမရှိဘူး။ စပါး မစိုက်နဲ့လို့ ပြောလို့ မရတဲ့အခါကျတော့ ဒါတွေကို မလုပ်နိုင်အောင် ကန်သင်းရိုးကို ဖြိုပစ်တာပေါ့” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက ပြောသည်။ အင်္ဂါနေ့တွင် ဇေကမ္ဘာကုမ္ပဏီမှ စတင်လုပ်ဆောင်လာရာ လယ်သမား သုံးဦး၏ လယ်မြေ ဧက ၂ဝ ရှိ လယ်ကန်သင်းရိုးများကို ဖြိုဖျက်ပြီးဖြစ်သည်ဟုလည်း ဦးနေမျိုးဝေက ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ “ပါတီအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဆွေးနွေးဟောပြောတာတွေ လုပ်မယ်။ ဥပဒေကြောင်းအရ ဘောင်ဝင်တဲ့ နည်းမျိုးစုံနဲ့ တိုက်မယ်” ဟုလည်း ဦးနေမျိုးဝေက ဆက...

တရုတ်ထံ ရောင်းပြီး လျှပ်စစ် ပြန်ဝယ်မည်ဟု ရန်ကုန် လျှပ်စစ်ဝန်ကြီးဆို

Image
မင်းသက် | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၂ မိနစ် ရန်ကုန် (မဇ္ဈိမ) ။      ။ ရန်ကုန်တိုင်းတွင်း လျှပ်စစ်မီး ပြည့်ဝစွာ ရရှိစေရေးအတွက် ယခင်က တရုတ်နိုင်ငံသို့ ရောင်းချ ထားသော လျှပ်စစ်ဓါတ်အားများထဲမှ မဂ္ဂါဝပ် ၁၀၀ ကို ပြန်ဝယ်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက လွှတ်တော်ကိုယ်စားလှယ်များကို ဖြေကြားလိုက်သည်။ ဗုဒ္ဓဟူးနေ့က ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး၊ ဒုတိယနေ့တွင် တက်ရောက်လာကြသော ကိုယ်စားလှယ်များ၏ မေးခွန်းများအပေါ် ဝန်ကြီးက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “လျှပ်စစ်သုံးစွဲမှုဟာ ဒီနှစ်မှာ ပိုများလာတဲ့အတွက် အလှည့်ကျ ဓါတ်အားပေးတဲ့ စနစ်ကို ဆောင်ရွက်ခဲ့ရတာပါ။ အလှည့်ကျ စနစ်ကို ကျော်လွှားနိုင်ဖို့အတွက် စက်မှုဇုန်တွေကို ပေးတဲ့ လျှပ်စစ်ကို လျှော့ပြီး ပြည်သူသုံးအတွက် ဖြန့်ဝေပေးလျက် ရှိပါတယ်။ ယခင်က ပိုလျှံလို့ တရုတ်ကို ရောင်းချထားတဲ့ လျှပ်စစ်ဓါတ်အား ၁၀၀ မဂ္ဂါဝပ်ကိုလည်း ပြန်ဝယ်ယူပြီးတော့ မိမိပြည်သူတွေအတွက် ဖြည့်ဆည်း ဖြန့်ဝေနိုင်ရေးအတွက် ဆောင်ရွက်နေပါတယ်”ဟု ဦးဉာဏ်ထွန်းဦး က ...

မလေးရှား သိပ္ပံဝန်ကြီး၏ မြန်မာပြည်ခရီး စတင်

(ကြားဖြတ်နှင့် သတင်းအကျဉ်း) မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၀ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။      ။ မလေးရှားနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်မှုဆိုင်ရာဝန်ကြီး Dr Maximus Ongkili ဦးဆောင်သည့် ကုန်သွယ်ရေးမစ်ရှင် အဖွဲ့သည် မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့မှစ၍ ရောက်ရှိလာကြမည် ဖြစ်သည်။ ဧပြီ ၂၈ ရက်နေ့ထိ ကြာမြင့်မည့် ခရီးစဉ် ရည်ရွယ်ချက်မှာ ICT နည်းပညာ၊ ဇီဝနည်းပညာနှင့် ပြန်လည် ဖွံ့ဖြိုးနိုင်သည့် စွမ်းအင်ဆိုင်ရာကဏ္ဍများ တိုးမြှင့်ဆောင်ရွက်ရန် ဖြစ်သည်ဟု သိရသည်။ “မြန်မာအစိုးရဟာ ကုန်သွယ်ရေးကို ထက်ထက်သန်သန် လွတ်လပ်ခွင့်ပေးပြီး ပူးပေါင်းဆောင်ရွက်မှုတွေလည်း တိုးမြင့်လာတာတွေ့ရတယ်။ မလေးရှား အပါအဝင် ဒေသတွင်း စီးပွားရေးတွေအတွက် အခွင့်အလမ်းတွေ ပွင့်နေပါတယ်” ဟု Dr Maximus Ongkili က အင်္ဂါနေ့တွင် ကြေညာသည်။

မြစ်ကြီးနား ပြည်သူ့ဆေးရုံအနီး ဗုံးပေါက်ကွဲ သုံးဦး ဒဏ်ရာရ

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၁၁ မိနစ် ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံဝင်း ထောင့်တနေရာတွင် ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သဖြင့် လူသုံးဦး ဒဏ်ရာရခဲ့သည်ဟု ရဲစခန်းနှင့် ပြည်သူ့ဆေးရုံမှ အတည်ပြု ပြောကြားလိုက်သည်။ ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်က ဆေးရုံဝင်း ထောင့်၊ ယာဉ်ထိန်း ရဲကင်းအနီးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဖြတ်သန်းလာနေသော မိန်းကလေးတဦးနှင့် အမျိုးသားနှစ်ဦး ဒဏ်ရာရသည်ဟု မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။ “လမ်းသွားတဲ့လူ နှစ်ယောက် သုံးယောက်လောက် ထိတယ်။ အတိအကျတော့ မသိသေးဘူး”ဟု မဇ္စျိမကို ပြောသည်။ မည်သည့်ဗုံးအမျိုးအစား ဖြစ်သည်ကို ရဲစခန်းက ဆက်လက် စုံစမ်းနေသည်ဟု ဆိုသည်။ ဒဏ်ရာရသူများကို မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု ခွဲစိတ်ကုသခန်းမှ ဆရာဝန်တဦးက ပြောသည်။ “ဂျူတီ ချိန်းသွားတော့ ကျနော် ခုမှ သိတယ်။ ဒါကြောင့် ဒဏ်ရာအသေးစိတ် မသိနိုင်သေးဘူး။ လောလောဆယ် လူနာ သုံးယောက် ရှိတယ်”ဟု မဇ္စျိမကို ပြောသည်။ ဒဏ်ရာရသူ သုံးဦးအနက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်မှာ သတိလစ်သွားခဲ့ပြီးနောက် ယခု ပြန်လည် သတိရ...

ပျူ သုံးမြို့ UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ကြိုးစားနေ

Image
နေမျိုး | အင်္ဂါနေ့၊ ဧပြီလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၅၈ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပျူမြို့ဟောင်း သုံးမြို့အား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ပေးရန် စက်တင်ဘာတွင် အဆိုတင်သွင်းမည် ဖြစ်ကြောင်း သိရသည်။ ပျူရှေးဟောင်း မြို့တော်များ ဖြစ်သည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ‘ဟန်လင်း’၊ မကွေးတိုင်း၊ တောင်တွင်းကြီး မြို့နယ်ရှိ ‘ဗိဿနိုး’နှင့် ပြည်ခရိုင် မှော်ဇာရှိ ‘သရေခေတ္တရာ’ မြို့ဟောင်းများသည် နှစ်ပေါင်း ၂ဝဝဝ ကျော် သက်တမ်းကြာမြင့်ခဲ့ပြီဟု ပညာရှင်များက သဘောတူထားကြသည်။ ပျူမြို့ဟောင်း သုံးမြို့အား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ပေးရန် စက်တင်ဘာတွင် အဆိုတင်သွင်းမည် ဖြစ်ကြောင်း သိရ (Photo : http://www.taungdwingyi.net) ကုလသမဂ္ဂ ပညာ၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ UNESCO သို့ အဆိုတင်သွင်းသွားမည်ဟု မြန်မာနိုင်ငံ ရှေးဟောင်း သုသေသနဌာန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ညွှန်ကြားရေးမှုးချုပ် ဦးကျော်ဦးလွင် က ပြောသည်။ “ကျနော်တို့ UNESCO ကို အဆိုပြု Nomination တင်ထားဖို့အတွက် လုပ်နေပါတယ်။ စက်တ...

NLD အမတ် ဒေါက်တာမြတ်ဉာဏစိုး လွှတ်တော်တက်

Image
မျိုးသန့် | အင်္ဂါနေ့၊ ဧပြီလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၉ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။       ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရအမတ်များ လွှတ်တော် တက်ရောက်ရေး မသေချာသေးသော်လည်း NLD ပါတီသို့ ကူးပြောင်းဝင်ရောက်ထားသည့် အထက်လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် လွှတ်တော်တက်ရောက်နေသည်ဟု မဇ္ဈိမကို ပြောသည်။ “ကျနော်က ပါတီဥက္ကဋ္ဌ အန်တီ့ဆီကို တရားဝင် တင်ပြပြီးတော့ ဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ လွှတ်တော် တက်ရောက်နေတာ ဖြစ်ပါတယ်။ ကျနော်ကတော့ ကတိသစ္စာ ပြုပြီး ဖြစ်ပါတယ်။ ဒီအထဲမှာ လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့ ရှိနေပြီးပြီ။ အဲဒီအခါကျတော့ ပါတီကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တယောက် ရှိဖို့ လိုတယ်။ ဒီအတွက်ကြောင့် လွှတ်တော်တက်ပါဆိုလို့ ကျနော် လွှတ်တော် တက်နေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။ ဒေါက်တာ မြတ်ဉာဏစိုးသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီအား ကိုယ်စားပြု၍ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၄ မှ အနိုင်ရခဲ့သည်။ ယင်းနောက် ၂ဝ၁၁ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် NDF မှ န...

မြစ်ကြီးနားတွင် ဆွေးနွေးရန် အစိုးရ ကမ်းလှမ်းချက် KIO ငြင်းပယ်

ဖနိဒါ | အင်္ဂါနေ့၊ ဧပြီလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၀ မိနစ် ချင်းမိုင်(မဇ္ဈိမ) ။       ။ မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရဘက်မှ ကမ်းလှမ်းချက်အား စစ်ရေး တင်းမာနေချိန်တွင် မဖြစ်နိုင်သေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်မှ ငြင်းဆိုလိုက်ပြီး ပြန်လည် မေးခွန်း မေးထားသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များနှင့် KIO က ပြောသည်။ ဧပြီလ ၁၇ ရက်နေ့က အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ဘက်မှ KIO သို့ ကမ်းလှမ်းစာအား KIO ဘက်မှ ဧပြီလ ၂ဝ ရက်နေ့တွင် စာပြန်လိုက်ခြင်းဖြစ်သည်ဟု KIO ၏ ပြောခွင့်ရသူ ဦးလနန်က ပြောသည်။ “ဒီတခေါက် ပြန်လည်တွေ့ဆုံတဲ့အခါ ပိုမိုပွင့်လင်း မြင်သာမှု ရှိဖို့အတွက် ပြည်သူလူထုတွေရော ပါဝင် တက်ရောက်နိုင်အောင် မြစ်ကြီးနားမြို့ပေါ်မှာ ဆွေးနွေးမှု ပြုလုပ်ရအောင် ဆိုပြီး အကြောင်းကြား လာတယ်။ကျနော်တို့ဘက်က စစ်ရေးအခြေအနေ တင်းမာနေတဲ့ အချိန်မှာ မြစ်ကြီးနားမြို့ပေါ်မှာ ဆွေးနွေးမယ်ဆိုတာ မဖြစ်နိုင်သေးဘူး။ တပ် အခြေအနေ ပတ်သက်လို့ ဆွေးနွေးမှုမှာ လူထုက ဘယ်လို ကဏ္ဍကနေ ပါဝင်မလဲဆိုတဲ့ကိစ္စ ကျနော်တို့ နားမလည်နိုင်တဲ့အကြောင်း ပြန်မေးခွန်းထုတ်ထားတယ်”ဟု သူက မဇ္စျိမကို ပြောသည်။ မတ...

အင်္ဂါနေ့ လွှတ်တော်တွင် NLD အရေး အဆိုမတင်နိုင်သေး

Image
ကိုပေါက် | အင်္ဂါနေ့၊ ဧပြီလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၄၆ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။       ။ နေပြည်တော်တွင် အင်္ဂါနေ့မနက်ပိုင်းက ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျမ်းသစ္စာကျိန်ဆို လွှတ်တော်တက်ရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုနှင့် အဆိုတင်သွင်းမှု တစုံတရာ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း သိရသည်။ “အဲဒီကိစ္စ အဆိုတင်တာတွေ မရှိသေးဘူးဗျ။ တည်ရှိဆဲ၊ မပြီးပြတ်သေးတဲ့ agenda တွေအတိုင်းပဲ သွားနေပါတယ်” ဟု လွှတ်တော်သို့ သတင်းတက်ရောက်ယူနေသော မဇ္ဈိမ သတင်းထောက် လင်းဘိုဘို က ပြောသည်။ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ အနိုင်ရရှိခဲ့သော NLD အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုမည့် စာသားပြုပြင်ပေးရန် နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာရုံးများသို့ စာရေးသားပေးပို့ အကြံဉာဏ်ပြုထားဆဲ ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျမ်းသစ္စာကျိန်ဆို လွှတ်တော်တက်ရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုနှင့် အဆိုတင်သွင်းမှု တစုံတရာ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း သိရ (ဓါတ်ပုံ မဇ္ဈိမ) ထိုကိစ္စနှင့် ပတ်သက်၍ အဆိုတင်သ...

CPI ပေးမည့် တနှစ်စာ ဆန်ကို မြစ်ဆုံဒေသခံများ မျှော်လင့်နေ

ဖနိဒါ | တနင်္လာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၈ မိနစ် ချင်းမိုင်(မဇ္ဈိမ) ။       ။ ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသည့် ရွာသားများအား တရုတ်နိုင်ငံ CPI ကုမ္ပဏီမှ တနှစ်စာ ဆန်ထောက်ပံ့ပေးမည် ဆိုစကားအရ ဒေသခံများ မျှော်လင့်နေကြသည်ဟု အောင်မြင်သာကျေးရွာ ဒေသခံ တဦးက ပြောသည်။ တနှစ်စာ ဆန်ထောက်ပံ့မည်ဟု ဧပြီလ ၁၇ ရက်နေ့က အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ရွာသားများကိုခေါ်ယူစည်းဝေးစဉ် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI တာဝန်ခံ LU Qizhou နှင့်အဖွဲ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “CPI က အကြီးဆုံး မစ္စတာ LU Qizhou က ဒေသခံတွေ ဘာခက်ခဲနေတယ်ဆိုတာ ပြောပြခိုင်းတယ်။ ရွာသားတွေက အခက်အခဲတွေကို ပြောပြတယ်။ CPI ဥက္ကဋ္ဌက သူတို့က စီမံကိန်း ရပ်လိုက်တော့ ဆုံးရှုံးမှု အများကြီး။ ဒီရေကာတာ မလုပ်ရင်လည်း မင်းတို့ကို သနားလို့ တနှစ်စာ ဆန် ထောက်ပံ့မယ်လို့ ပြောတယ်။ အဲဒါ မျှော်လင့်နေတာ။ သူတို့ ပေး မယ်ဆိုတော့ ဝမ်းသာတယ်” ဟု သူက မဇ္စျိမကို ပြောသည်။ အောင်မြင်သာ ကျေးရွာသားများက မိမိတို့၏ နေထိုင်နေသော မြေနေရာတွင် စိုက်ပျိုးစားသောက်၍ မရခြင်း၊ အိမ်များ လေတိုက်၍ ပျက...

ပိုမိုရာထူးမြင့်သော တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်တက်မည်

Image
ဖနိဒါ | တနင်္လာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၁၆ မိနစ် ချင်းမိုင်(မဇ္ဈိမ) ။        ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ စေလွှတ်ခန့်ထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၅၉ ဦးအား အစားထိုး ပြောင်းလဲလိုက်ကြောင်း တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ထားသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၆ ဦးနှင့် အမျိုးသားလွှတ်တော် ၂၀ ဦးတို့အား ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၃ နှင့် အညီ ကာကွယ်ရေးဦးစီးချုပ်မှ အကြောင်းကြားချက်အရ အစားထိုး ပြောင်းလဲလိုက်ခြင်း ဖြစ်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည်။ တပ်မတော် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ အမျိုးသားလွှတ်တော်တွင် ဧပြီ ၂၃ ရက် ၂၀၁၂ ခုနှစ် နံနက်ပိုင်းက ကျမ်းသစ္စာ ကျန်ဆိုနေစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) ထိုသို့ ပြောင်းလဲ ခန့်ထားရာတွင် ယခင်လွှတ်တော်တက်ရောက်နေသော ဗိုလ်မှူးအဆင့်ရှိ ကိုယ်စားလှယ်များအစား ဒုဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူများကို အစားထိုး ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ ယခင်တပ်မတော်သား ကာကွယ်ရေး ကြည်းနံပါတ်မှာ အများအားဖြင့် အမှတ်စဉ် ၃ သောင်းကျော်တွင်ရှိသော တပ်မတော်သားများ ဖြစ်ပြီး အ...

၂၀၁၄ မတိုင်မီ မွန်နှစ်ပါတီ အမည်သစ်ဖြင့် ပေါင်းမည်

ကွန်းချမ်း | တနင်္လာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၄ မိနစ် စံခလပူရီ (မဇ္ဈိမ) ။       ။ မွန်နိုင်ငံရေးပါတီများဖြစ်ကြသော မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ (MNDF) နှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) တို့အနေဖြင့် အမည်သစ်တခုဖြင့် ၂၀၁၄ ခု နှစ်မကုန်မီ ပေါင်းစည်းရန် တနင်္ဂနွေနေ့ က သဘောတူ လက်မှတ် ရေးထိုးလိုက်ကြပြီ ဖြစ်သည်။ မော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ သာသနာ့ ၂၅ဝဝ ဘုရားကျောင်းတွင် ကျင်းပသည့် ညှိနှိုင်းဆွေးနွေးပွဲ၌ ၁၉၉ဝ ရွေးကောက်ပွဲဝင် MNDF ကိုယ်စားလှယ်များနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် AMDP ကိုယ်စားလှယ်တို့က အချက် ၄ ချက် ပါသည့် သဘောတူချက်ကို လက်မှတ် ရေးထိုးကြခြင်း ဖြစ်သည်။ “သံဃာတော်တွေကလည်း ပေါင်းစေချင်တယ်၊ မွန်ပြည်သူတွေကလည်း ပေါင်းစေချင်တယ်၊ ဒါ့ကြောင့် ဒီလိုပေါင်းဖို့ ဖြစ်လာတာပါ” ဟု AMDP ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။ အလားတူ MNDF အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းကလည်း “ပြည်သူတွေနဲ့ သံဃာတော်တွေရဲ့ ဆန္ဒက ပေါင်းစေချင်တယ်ဆိုတော့ ကျနော်တို့က ဒါကို ဥပေက္ခာပြုလို့ မရဘူးပေါ့” ဟု ပြောသည်။ ညှိနှိုင်း ဆွေးနွေးပွဲသို့ နိုင်တင်အောင် ဦးဆောင်သည့် MNDF ကိုယ်စားလှယ်မ...

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှ ကြိုဆိုနေဟု သမ္မတ ပြော

Image
မျိုးသန့် | တနင်္လာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၅၁ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှ ကြိုဆိုကြောင်း ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ တိုကျိုမြို့ နယူးအိုတာနီဟိုတယ်တွင် ဂျပန်မီဒီယာများနှင့် တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် ဝင်ရောက်ရေး အခက်အခဲများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဦးသိန်းစိန်က ဖြေကြားလိုက်ခြင်း ဖြစ်သည်။ “ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကို ဝင်မလာတာ သူ့ရဲ့ သဘောဆန္ဒပဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကို ကြိုဆိုနေပါတယ်” ဟု မဇ္ဈိမက ရရှိထားသည့် အသံဖိုင်တွင် ပါရှိသည်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကို ဝင်မလာတာ သူ့ရဲ့ သဘောဆန္ဒပဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကို ကြိုဆိုနေပါတယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ လိုလားချက်တခုဖြစ်သော လွှတ်တော်အမတ်များ ကျမ်းသစ္စာကျိန်ဆိုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်အစား၊ လေးစားလိုက်နာမည်ဟု ရွတ်ဆိုလိုကြောင်း သမ္မတမှ တဆင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ တင်ပြထားသည်။ N...

ဂျပန် ရင်းနှီးမြှုပ်နှံမှုများအား ဦးသိန်းစိန် ဖိတ်ခေါ်

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဧပြီလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၃ မိနစ်  နယူးဒေလီ (မဇ္ဈိမ) ။       ။ တိုကျိုမြို့သို့ ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်က ဂျပန်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ အား မြန်မာနိုင်ငံမှ စိတ်အားထက်သန်စွာ လိုအပ်လှကြောင်း သောကြာနေ့က ထုတ်ဖော် ပြသလိုက်သည်။ စတုတ္ထအကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်နေသည့် ဦးသိန်းစိန်က “ကျနော်တို့ အနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်။ အထူးစီးပွားရေးဇုန်တွေလည်း တည်ဆောက်နေ ပါတယ်။ ဒီအခွင့်အရေးမှာ ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေကို ကျနော်တို့ ကြိုဆိုပါတယ်” ဟု ဖိတ်ခေါ်လိုက်ကြောင်း အေပီသတင်းတရပ်တွင် ရေးသားထားသည်။ “ဂုဏ်သတင်းကြီးပြီး အောင်မြင်လှတဲ့ ဂျပန်ကုမ္ပဏီကြီးတွေအနေနဲ့ ကျနော်တို့ရဲ့ ဒီအားထုတ်မှုကို ကူညီကြလိမ့် မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဂျပန်စီးပွားရေးတွင် သြဇာကြီးလှသည့် Keidanren အဖွဲ့ကြီးက တည်ခင်းသော နေ့လည်စာ စားပွဲတွင် မြန်မာသမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ငါးရက်ကြာ ခရီးစဉ်အတွင်း ဦးသိန်းစိန်သည် ဂျပန်ဝန်ကြီးချုပ်နှင့်ဆွေးနွေးမည်ဖြစ်သည်။ ဂျပန် အကူအညီများ...

ကျမ်းကျိန်စာသား မပြင်ပါက NLD လွှတ်တော် မတက်သေး

Image
နန်းနန်း၊ ဖနိဒါ | သောကြာနေ့၊ ဧပြီလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၁၀ မိနစ် ရန်ကုန်၊ ချင်းမိုင် (မဇ္ဈိမ) ။       ။ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုရမည့်စာသား ပြင်ဆင်ရန် ညှိနှိုင်း မရသေးပါက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကိုယ်စားလှယ်များသည် လွှတ်တော် အစည်းအဝေးများကို တက်ရောက်ဦးမည် မဟုတ်ကြောင်း NLD က ပြောကြားလိုက်သည်။ “ကျမ်းကျိန်ဆိုရာမှာ ပါတဲ့ ‘ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်’ ဆိုတဲ့ စကားလုံးအစား ‘လေးစား လိုက်နာပါမည်’ ဆိုတဲ့ စကားလုံးနဲ့ ပြောင်းပေးဖို့ သမ္မတဆီ အကြံပြုစာ တင်ထားပါတယ်။ သမ္မတ က တဆင့် အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို တင်မှာပါ။ ဒီ ၂၃ ရက်နေ့ကို မမီရင်လည်း မတက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါ” ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းတင်က ပြောသည်။ တတိယအကြိမ် လွှတ်တော် အစည်းအဝေးများကို ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပရန် ရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးဝင်းတင်နှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား ပါတီရုံးချုပ်တွင် ဧပြီလ ၁၈ ရက်နေ့ကပြုလုပ်သည့် သက်ကြီးပူဇော်ပွဲ၌ တွေ့ရစဉ်။ (ဓါတ်ပုံ...

EU ပိတ်ဆို့မှုများ တနှစ် ဆိုင်းငံ့ထားမည်

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဧပြီလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၄ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။      ။ ဥရောပသမဂ္ဂ EU မှ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့ထားမှုများအား တနှစ် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း သိရသည်။ တရားဝင် ကြေညာခြင်းကိုမူ တနင်္လာနေ့တွင် ဂျာမဏီနိုင်ငံ လူဇင်ဘတ်မြို့၌ပြုလုပ်မည့် EU နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ပြုလုပ်မည်ဖြစ်ကြောင်း EU အရာရှိများအား ကိုးကား၍ အေပီသတင်း တရပ်တွင် ရေးသားထား သည်။ ဆိုင်းငံ့ထားမည့် ပိတ်ဆို့မှုများထဲတွင် လူဦးရေအားဖြင့် ၅၀၀ ခန့်နှင့် ကုမ္ပဏီ ၈၀၀ ကျော် ပါဝင်သည်ဟုလည်း ဆိုသည်။ မြန်မာအစိုးရ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးများအား အသိအမှတ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ EU မှ တုန့်ပြန်လိုက်ခြင်းဖြစ်ကာ အခြေအနေအား ဆက်လက် စောင့်ကြည့်သွားဦးမည် ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Alain Juppe က ပြောသည်။ “နောက် တနင်္လာနေ့မှာတော့ ပိတ်ဆို့ထားမှုတွေကို ရုတ်သိမ်းမှာမဟုတ်ဘဲ ဆိုင်းငံ့ထားမှာပါ။ ဘာလို့လဲဆိုတော့ အစိုးရဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ဆက်လက်တိုးတက်မှုရှိမရှိ စောင့်ကြည့်စစ်ဆေးချင်လို့ပါ” ဟု သောကြာနေ့က ပြောဆိုလိုက်သည်။ “တ...

မြန်မာ့ရုပ်ရှင်လောကအကြောင်း… (ယခင်၊ ယခုနှင့် နောင်ရေး)

Image
မျိုးသန့် | သောကြာနေ့၊ ဧပြီလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၄၅ မိနစ် သရုပ်ဆောင် ဇင်ဝိုင်း (ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)နှင့် အင်တာဗျူး မြန်မာ့ရိုးရာ အတာသင်္ကြန်တွင်း ရုပ်ရှင်သရုပ်ဆောင် အမျိုးသမီးအချို့၏ ဝတ်စားဆင်ယင်မှုများနှင့် ပတ်သက်၍ အမိန့်အာဏာဖြင့် အရေးယူ လုပ်ဆောင်သွားမည် မဟုတ်ဘဲ မေတ္တာရပ်ခံ ပညာပေးနည်းဖြင့်သာ တုန့်ပြန်သွားမည်ဟု လွတ်လပ်သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇင်ဝိုင်းက မဇ္ဈိမကို ပြောသည်။

မြန်မာ့အကြွေးများ ဂျပန် လျှော်ပေးတော့မည်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဧပြီလ ၁၉ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၅၃ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာအစိုးရက တင်ရှိနေသော ကြွေးမြီ ယန်း သန်းထောင်ပေါင်း ၃ဝဝ (ဒေါ်လာ သန်းပေါင်း ၃.၇ ထောင်) အား ဂျပန်အစိုးရက လျှော်ပစ်ရန်ရှိကြောင်း ဂျပန် Asahi Shimbun သတင်းစာကြီးက ရေးသားထားသည်။ တရားဝင်သဘောတူညီချက်ကိုမူ ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ စနေနေ့တွင် တိုကျိုမြို့၌ တွေ့ဆုံ၍ ဆုံးဖြတ်မည်ဖြစ်ကာ ‘အပြည့်အဝ’အကူအညီများလည်း ပြန်လည်ပေးအပ်တော့မည်ဟု ဂျပန်အရာရှိများအား ကိုးကား၍ ရေးသားထားသည်။ ၂၅ နှစ်ကြာ ရပ်ဆိုင်းထားသည့် အကူအညီများကို မြန်မာအစိုးရ၏ ဒီမိုကရေစီအရေး ကြိုးပမ်းလုပ်ဆောင်မှုများအရ ဂျပန်အစိုးရက ဤကဲ့သို့ ပြန်လည်စတင်ခြင်းဖြစ်သည်ဟုဆိုသည်။ ၂ဝ၁၁ နိုဝင်္ဘာလာအတွင်း ဂျပန်အရာရှိများ မြန်မာနိုင်ငံသို့ လာရောက်စဉ် ကတည်းက ဖွံ့ဖြိုးရေး အကူအညီများနှင့် ပတ်သက်၍ မြန်မာအရာရှိများနှင့် ဆွေးနွေးမှုများ စတင်ခဲ့ကြောင်း ဂျပန်ဝန်ကြီးများအဖွဲ့ အတွင်းဝန်ချုပ် Osamu Fujimura က ပြောသည်။ ပထမအဆင့်အနေနှင့် ယန်းသန်းပေါင်း ၁၂၇.၄ ထောင်အား လျှော်ပစ်ရန်ရှိပြီး ...