Monday, April 30, 2012

မဇ္ဈိမ ၂၀၁၂ ဧပြီလ ဓါတ်ပုံများ


သမ္မတဦးသိန်းစိန်နှင့် မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံ

နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ ဧပြီလ ၃ဝ ရက်နေ့ နံနက် ၉ နာရီခန့်က နေပြည်တော် သမ္မတအိမ်တော်ရှိ ဧည့်ခန်းဆောင်တွင် တွေ့ဆုံကြနေစဉ်။ (ဓါတ်ပုံ- လင်းဘိုဘို၊ မဇ္ဈိမ) မစ္စတာ ဘန်ကီမွန်းသည် ဧပြီလ ၃ဝ ရက်နေ့ ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားရာတွင် “မြန်မာနိုင်ငံဟာ အိမ်နီးချင်း အာရှနိုင်ငံတွေနဲ့ အလျင်အမြန်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကို အလျင်အမြန် အမီလိုက်နိုင်မယ်ဆိုတာ ကျနော်သံသယ မရှိပါဘူး။” ဟု ပြောကြားသွားသည်။


သမ္မတဦးသိန်းစိန်နှင့် မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံ

နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ ဧပြီလ ၃ဝ ရက်နေ့ နံနက် ၉ နာရီခန့်က နေပြည်တော် သမ္မတအိမ်တော်ရှိ ဧည့်ခန်းဆောင်တွင် တွေ့ဆုံကြနေစဉ်။ (ဓါတ်ပုံ- လင်းဘိုဘို၊ မဇ္ဈိမ) မစ္စတာ ဘန်ကီမွန်းသည် ဧပြီလ ၃ဝ ရက်နေ့ ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားရာတွင် “မြန်မာနိုင်ငံဟာ အိမ်နီးချင်း အာရှနိုင်ငံတွေနဲ့ အလျင်အမြန်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကို အလျင်အမြန် အမီလိုက်နိုင်မယ်ဆိုတာ ကျနော်သံသယ မရှိပါဘူး။” ဟု ပြောကြားသွားသည်။

သူရဦးရွှေမန်းနှင့် မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံ

အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ ဧပြီလ ၃ဝ ရက်နေ့ နံနက် ၁ဝ နာရီ ၃ဝ မိနစ်က နေပြည်တော် ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးနေစဉ်။ (ဓါတ်ပုံ- လင်းဘိုဘို၊ မဇ္ဈိမ) မစ္စတာ ဘန်ကီမွန်းသည် ဧပြီလ ၃ဝ ရက်နေ့ ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားရာတွင် “မြန်မာနိုင်ငံဟာ အိမ်နီးချင်း အာရှနိုင်ငံတွေနဲ့ အလျင်အမြန်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကို အလျင်အမြန် အမီလိုက်နိုင်မယ်ဆိုတာ ကျနော်သံသယ မရှိပါဘူး။” ဟု ပြောကြားသွားသည်။

မစ္စတာ ဘန်ကီမွန်းတို့ ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြား

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ ဧပြီလ ၃ဝ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားနေစဉ်။ (ဓါတ်ပုံ- လင်းဘိုဘို၊ မဇ္ဈိမ) သူ၏ မိန့်ခွန်းတွင် “မြန်မာနိုင်ငံဟာ အိမ်နီးချင်း အာရှနိုင်ငံတွေနဲ့ အလျင်အမြန်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကို အလျင်အမြန် အမီလိုက်နိုင်မယ်ဆိုတာ ကျနော်သံသယ မရှိပါဘူး။” ဟု ထည့်သွင်းပြောကြားသွားသည်။

မစ္စတာ ဘန်ကီမွန်းတို့ ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြား

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ ဧပြီလ ၃ဝ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားနေစဉ်။ (ဓါတ်ပုံ- လင်းဘိုဘို၊ မဇ္ဈိမ) သူ၏ မိန့်ခွန်းတွင် “မြန်မာနိုင်ငံဟာ အိမ်နီးချင်း အာရှနိုင်ငံတွေနဲ့ အလျင်အမြန်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကို အလျင်အမြန် အမီလိုက်နိုင်မယ်ဆိုတာ ကျနော်သံသယ မရှိပါဘူး။” ဟု ထည့်သွင်းပြောကြားသွားသည်။

ဦးသန့် အုတ်ဂူသို့ ဂါရ၀ပြုရန်ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား ဦးသန့်၏ မြေးဖြစ်သူ ဦးသန်းမြင့်ဦးက ကြိုဆိုနှုတ်ဆက်နေသည်ကို ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဦးသန့်သည် တတိယမြောက် ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ်တာဝန်ကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ၁၀ နှစ်ကြာထမ်းဆောင်ခဲ့သည်။

ဦးသန့် အုတ်ဂူသို့ ဂါရ၀ပြုရန်ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား ဦးသန့်၏ မိသားစုဝင်များနှင့် အတူ အုတ်ဂူရှေ့၌ ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဦးသန့်သည် တတိယမြောက် ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ်တာဝန်ကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ၁၀ နှစ်ကြာထမ်းဆောင်ခဲ့သည်။

ဦးသန့် အုတ်ဂူသို့ ဂါရ၀ပြုရန်ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား ဦးသန့်၏ မြေးဖြစ်သူ ဦးသန်းမြင့်ဦးက ကြိုဆိုနှုတ်ဆက်နေသည်ကို ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဦးသန့်သည် တတိယမြောက် ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ်တာဝန်ကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ၁၀ နှစ်ကြာထမ်းဆောင်ခဲ့သည်။ဦးသန့် အုတ်ဂူအား လာရောက် ဂါရ၀ပြုပြီးနောက် ပြန်လည်ထွက်ခွါလာသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား သူ၏ လုံခြုံရေးများနှင့်အတူ ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဦးသန့်သည် တတိယမြောက် ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ်တာဝန်ကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ၁၀ နှစ်ကြာထမ်းဆောင်ခဲ့သည်။

ဦးသန့် အုတ်ဂူအား လာရောက် ဂါရ၀ပြုပြီးနောက် ပြန်လည်ထွက်ခွါလာသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား သူ၏ လုံခြုံရေးများနှင့်အတူ ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဦးသန့်သည် တတိယမြောက် ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ်တာဝန်ကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ၁၀ နှစ်ကြာထမ်းဆောင်ခဲ့သည်။

ရန်ကုန်မြို့ အင်းယားမြိုင်လမ်းရှိ ဥရောပသမဂ္ဂရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Catherine Ashton ) နှင့်အတူ ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ)

ရန်ကုန်မြို့ အင်းယားမြိုင်လမ်းရှိ ဥရောပသမဂ္ဂရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Catherine Ashton (၀ဲ) နှင့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ (ယာ) တို့နှင့်အတူ ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ မစ္စ ကတ်သရင်း အက်ရှ်တန် တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး သတင်းစာရှင်းလင်းပွဲတွင် ဧပြီလ ၂၈ ရက် ၂၀၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- လင်းဘိုဘို၊ မဇ္ဈိမ) ဥရောပသမဂ္ဂမှ ပိတ်ဆို့အရေးယူမှုများ ရွှေ့ဆိုင်းကြောင်း ထုတ်ပြန်အပြီး ရက်အနည်းငယ်အတွင်း  မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် မစ္စ ကတ်သရင်း အက်ရှ်တန်က မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကဏ္ဍသစ်တရပ် ဖွင့်လှစ်ရန် ဥရောပသမဂ္ဂအနေဖြင့် ဆုံးဖြတ်ထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ မစ္စ ကတ်သရင်း အက်ရှ်တန် တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး သတင်းစာရှင်းလင်းပွဲတွင် ဧပြီလ ၂၈ ရက် ၂၀၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- လင်းဘိုဘို၊ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီရုံးခန်းတွင် တွေ့ဆုံမှုအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စ ကတ်သရင်း အက်ရှ်တန်က မြန်မာနိုင်ငံ၏ သိသာထင်ရှားသည့် အပြောင်းအလဲများကို ကြိုဆိုကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ မစ္စ ကတ်သရင်း အက်ရှ်တန်ကို ဧပြီလ ၂၈ ရက် ၂၀၁၂ ခုနှစ် နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တွေ့ဆုံမှုအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- လင်းဘိုဘို၊ မဇ္ဈိမ) ဥရောပသမဂ္ဂမှ ပိတ်ဆို့အရေးယူမှုများ ရွှေ့ဆိုင်းကြောင်း ထုတ်ပြန်ပြီး ရက်အနည်းငယ်အတွင်း  မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် မစ္စ ကတ်သရင်း အက်ရှ်တန်သည် သူမ၏ ခရီးစဉ်အတွင်း ရန်ကုန်တွင် ဥရောပသမဂ္ဂ ရုံးခန်းကို ဖွင့်လွှစ်ပေးမည်ဖြစ်ပြီး နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ မစ္စ ကတ်သရင်း အက်ရှ်တန်နှင့် တွေ့ဆုံမှုအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- လင်းဘိုဘို၊ မဇ္ဈိမ)

မစ္စတာ Giulio Terzi နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

အီတလီနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Giulio Terzi နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ဧပြီလ ၂၆ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) အီတလီအနေဖြင့် ဥရောပ၏ ဆန်ရှင်သဘောထားအပေါ် ထောက်ခံသွားမည်ဖြစ်ပြီး ဥရောပအနေဖြင့် ပိတ်ဆို့မှု ရုတ်သိမ်းရေးကို ပယ်ချခြင်းမဟုတ်ပဲ ပိတ်ဆို့မှုများကို ဆိုင်းငံ့ထားခြင်းသာဖြစ်ကြောင်း နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်ကို ရှင်းပြခဲ့သည်ဟု မစ္စတာ Giulio Terzi က ပြောဆိုပြီး ယခုခရီးစဉ်တွင် အီတလီစီးပွားရေး လုပ်ငန်းရှင်များ လိုက်ပါလာပြီး ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

မစ္စတာ Giulio Terzi နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

အီတလီနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Giulio Terzi နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ဧပြီလ ၂၆ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသားအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲခြင်း စသည့် အစိုးရ၏ ဒီမိုကရေစီပြောင်းလဲမှုနှင့် အမျိုးသားရင်ကြားစေ့ရေးလုပ်ဆောင်မှုများကို ထိရောက်သည့် ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များဟု ထင်မြင်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

မစ္စတာ Giulio Terzi နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

အီတလီနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Giulio Terzi နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ဧပြီလ ၂၆ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) လွှတ်တော်မတက်ဖြစ်ခြင်းမှာ နိုင်ငံရေး ပြဿနာတရပ်ဟု မထင်ကြောင်း မကြာမီ ကာလအတွင်း ညှိနှိုင်းမှုများ ပြုလုပ်ပြီး ပြေလည်မှုများ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။


မစ္စတာ Giulio Terzi နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

အီတလီနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Giulio Terzi နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ဧပြီလ ၂၆ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-ရဲမင်း၊ မဇ္ဈိမ) အီတလီအနေဖြင့် ဥရောပ၏ ဆန်ရှင်သဘောထားအပေါ် ထောက်ခံသွားမည်ဖြစ်ပြီး ဥရောပအနေဖြင့် ပိတ်ဆို့မှု ရုတ်သိမ်းရေးကို ပယ်ချခြင်းမဟုတ်ပဲ ပိတ်ဆို့မှုများကို ဆိုင်းငံ့ထားခြင်းသာဖြစ်ကြောင်း နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်ကို ရှင်းပြခဲ့သည်ဟု မစ္စတာ Giulio Terzi က ပြောဆိုပြီး ယခုခရီးစဉ်တွင် အီတလီစီးပွားရေး လုပ်ငန်းရှင်များ လိုက်ပါလာပြီး ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

မစ္စတာ Giulio Terzi နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

အီတလီ နိုင်ငံခြားရေးဝန်ကြီး Giulio Terzi နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ဧပြီလ ၂၆ ရက်နေ့ မနက်က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) လွှတ်တော်မတက်ဖြစ်ခြင်းမှာ နိုင်ငံရေး ပြဿနာတရပ်ဟု မထင်ကြောင်း မကြာမီ ကာလအတွင်း ညှိနှိုင်းမှုများ ပြုလုပ်ပြီး ပြေလည်မှုများ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

မစ္စတာ Giulio Terzi နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

အီတလီ နိုင်ငံခြားရေးဝန်ကြီး Giulio Terzi အား ဧပြီလ ၂၆ ရက်နေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသားအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲခြင်း စသည့် အစိုးရ၏ ဒီမိုကရေစီပြောင်းလဲမှုနှင့် အမျိုးသားရင်ကြားစေ့ရေးလုပ်ဆောင်မှုများကို ထိရောက်သည့် ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များဟု ထင်မြင်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

မစ္စတာ Giulio Terzi နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

အီတလီ နိုင်ငံခြားရေးဝန်ကြီး Giulio Terzi နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ဧပြီလ ၂၆ ရက်နေ့ မနက်က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)

မစ္စတာ Giulio Terzi နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

အီတလီ နိုင်ငံခြားရေးဝန်ကြီး Giulio Terzi နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ဧပြီလ ၂၆ ရက်နေ့ မနက်က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) အီတလီအနေဖြင့် ဥရောပ၏ ဆန်ရှင်သဘောထားအပေါ် ထောက်ခံသွားမည်ဖြစ်ပြီး ဥရောပအနေဖြင့် ပိတ်ဆို့မှု ရုတ်သိမ်းရေးကို ပယ်ချခြင်းမဟုတ်ပဲ ပိတ်ဆို့မှုများကို ဆိုင်းငံ့ထားခြင်းသာဖြစ်ကြောင်း နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်ကို ရှင်းပြခဲ့သည်ဟု မစ္စတာ Giulio Terzi က ပြောဆိုပြီး ယခုခရီးစဉ်တွင် အီတလီစီးပွားရေး လုပ်ငန်းရှင်များ လိုက်ပါလာပြီး ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ပုံနှိပ်မီဒီယာ နည်းဥပဒေ ဆွေးနွေးပွဲ

ပုံနှိပ်မီဒီယာ နည်းဥပဒေ ဆွေးနွေးပွဲ (Print Media Regulation Workshop) ကို ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ Chatrium Hotel တွင် ကျင်းပနေစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

ပုံနှိပ်မီဒီယာ နည်းဥပဒေ ဆွေးနွေးပွဲ

ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ Chatrium Hotel တွင် ကျင်းပနေသော ပုံနှိပ်မီဒီယာ နည်းဥပဒေ ဆွေးနွေးပွဲ (Print Media Regulation Workshop) တွင် ပြန်ကြားရေ ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦရဲထွဋ် အဖွင့်အမှာစကား ပြောကြားနေစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

တပ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်

ကာကွယ်ရေးဦးစီးချုပ်က အသစ်ပြောင်းလဲတင်သွင်းသည့် တပ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုနေသည်ကို ဧပြီလ ၂၃ ရက် ၂ဝ၁၂ ခုနှစ်က  ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမတွင် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)

တပ်မတော်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ

တပ်မတော်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ အမျိုးသားလွှတ်တော်တွင် ဧပြီ ၂၃ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) တတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ပြီးစီးလုကာလတွင် ကာကွယ်ရေး ဦးစီးချုပ်က ဗိုလ်မှူးအဆင့် တပ်ကိုယ်စားပြု ကိုယ်စားလှယ် ၅၉ ဦး (အမျိုးသားလွှတ်တော်-၂ဝ၊ ပြည်သူ့လွှတ်တော်-၃၉) ကို ဗိုလ်မှူးချုပ်အဆင့်ရှိသူများအပါအဝင် အနည်းဆုံး ရာထူးတဆင့်မြင့်သူများဖြင့်  ပြောင်းလဲအစားထိုး တင်သွင်းလိုက်သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို တတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် ဧပြီ ၂၃ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးဌေးဦးနှင့် ဦးအောင်သိန်းလင်း

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးဌေးဦးနှင့် ဦးအောင်သိန်းလင်းတို့ကို ကာကွယ်ရေးဦးစီးချုပ်က ပြောင်းလဲတင်သွင်းခဲ့သည့် ဗိုလ်မှူးချုပ်အဆင့် ကိုယ်စားလှယ်များနှင့်အတူ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမတွင် ဧပြီလ ၂၃ ရက် ၂ဝ၁၂ ခုနှစ်က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) တတိယအကြိမ် လွှတ်တော် အစည်းအဝေးများ ပြီးစီးလုကာလတွင် ကာကွယ်ရေး ဦးစီးချုပ်က ဗိုလ်မှူးအဆင့် တပ်ကိုယ်စားပြု ကိုယ်စားလှယ် ၅၉ ဦး (အမျိုးသားလွှတ်တော်-၂ဝ၊ ပြည်သူ့လွှတ်တော်-၃၉) ကို ဗိုလ်မှူးချုပ်အဆင့်ရှိသူများ အပါအဝင် အနည်းဆုံး ရာထူးတဆင့်မြင့်သူများဖြင့် ပြောင်းလဲအစားထိုး တင်သွင်းလိုက်သည်။


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

တတိယအကြိမ်  ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဧပြီ ၂၃ ရက် ၂ဝ၁၂ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)

အသံလွှင့်မီဒီယာ နည်းဥပဒေ အလုပ်ရုံဆွေးနွေးပွဲ

ဧပြီလ ၂၃ ရက်နေ့က နေပြည်တော် Amara Hotel တွင်ပြုလုပ်သော အသံလွှင့်မီဒီယာ နည်းဥပဒေ အလုပ်ရုံဆွေးနွေးပွဲ (Broadcast Media Regulation Workshop) တွင် ပြန်ကြားရေး ဒု-ဝန်ကြီး ဦးစိုးဝင်း အဖွင့်အမှာစကား ပြောကြားစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)


အသံလွှင့်မီဒီယာ နည်းဥပဒေ အလုပ်ရုံဆွေးနွေးပွဲ

ဧပြီလ ၂၃ ရက်နေ့က နေပြည်တော် Amara Hotel တွင်ပြုလုပ်သော အသံလွှင့်မီဒီယာ နည်းဥပဒေ အလုပ်ရုံဆွေးနွေးပွဲ (Broadcast Media Regulation Workshop) တွင် IMS (International Media Support) မှ Mr Ranga Kalansooriya အမှာစကား ပြောကြားနေစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)


အသံလွှင့်မီဒီယာ နည်းဥပဒေ အလုပ်ရုံဆွေးနွေးပွဲ

ဧပြီလ ၂၃ ရက်နေ့က နေပြည်တော် Amara Hotel တွင်ပြုလုပ်သော အသံလွှင့်မီဒီယာ နည်းဥပဒေ အလုပ်ရုံဆွေးနွေးပွဲ (Broadcast Media Regulation Workshop) တွင် IMS (International Media Support) မှ Mr Toby Mendeu CLD အမှာစကား ပြောကြားနေစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

အသံလွှင့်မီဒီယာ နည်းဥပဒေ အလုပ်ရုံဆွေးနွေးပွဲ

အသံလွှင့်မီဒီယာ နည်းဥပဒေ အလုပ်ရုံဆွေးနွေးပွဲ (Broadcast Media Regulation Workshop) ကို ဧပြီလ ၂၃ ရက်နေ့က နေပြည်တော် Amara Hotel တွင်ပြုလုပ်သောတွင် ကျင်းပနေစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

အသံလွှင့်မီဒီယာ နည်းဥပဒေ အလုပ်ရုံဆွေးနွေးပွဲ

အသံလွှင့်မီဒီယာ နည်းဥပဒေ အလုပ်ရုံဆွေးနွေးပွဲ (Broadcast Media Regulation Workshop) ကို ဧပြီလ ၂၃ ရက်နေ့က နေပြည်တော် Amara Hotel တွင်ပြုလုပ်သောတွင် ကျင်းပနေစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

အသံလွှင့်မီဒီယာ နည်းဥပဒေ အလုပ်ရုံဆွေးနွေးပွဲ

အသံလွှင့်မီဒီယာ နည်းဥပဒေ အလုပ်ရုံဆွေးနွေးပွဲ (Broadcast Media Regulation Workshop) ကို ဧပြီလ ၂၃ ရက်နေ့က နေပြည်တော် Amara Hotel တွင်ပြုလုပ်သောတွင် ကျင်းပနေစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

လွှတ်တော်ကိုယ်စားလှယ် အဆောင်အယောင် ခေါင်းပေါင်း လေ့ကျင့်ဝတ်ဆင်နေသည့် ပုဗ္ဗသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်ကို ဧပြီလ ၂၁ ရက် မွန်းလွဲပိုင်းက ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးတွင် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- လင်းဘိုဘို၊ မဇ္ဈိမ) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်ရာတွင် အခြေခံဥပဒေကို "ကာကွယ်စောင့်ရှောက်ပါမည်" ဟူသည့် အသုံးအနှုန်းအစား "လေးစားလိုက်နာပါမည်" ဟု ပြောင်းလဲပေးရန် ညှိနှိုင်းမှု သဘောတူညီချက် မရသေးသဖြင့် ဧပြီလ ၂၃ ရက် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ရန် မသေချာသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် အဆောင်အယောင် ခေါင်းပေါင်း လေ့ကျင့်ဝတ်ဆင်နေသည့် ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေကို ဧပြီလ ၂၁ ရက် မွန်းလွဲပိုင်းက ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးတွင် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- လင်းဘိုဘို၊ မဇ္ဈိမ) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်ရာတွင် အခြေခံဥပဒေကို "ကာကွယ်စောင့်ရှောက်ပါမည်" ဟူသည့် အသုံးအနှုန်းအစား "လေးစားလိုက်နာပါမည်" ဟု ပြောင်းလဲပေးရန် ညှိနှိုင်းမှု သဘောတူညီချက် မရသေးသဖြင့် ဧပြီလ ၂၃ ရက် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ရန် မသေချာသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် အဆောင်အယောင် ခေါင်းပေါင်း လေ့ကျင့်ဝတ်ဆင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးကို ဧပြီလ ၂၁ ရက် မွန်းလွဲပိုင်းက ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးတွင် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- လင်းဘိုဘို၊ မဇ္ဈိမ) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်ရာတွင် အခြေခံဥပဒေကို "ကာကွယ်စောင့်ရှောက်ပါမည်" ဟူသည့် အသုံးအနှုန်းအစား "လေးစားလိုက်နာပါမည်" ဟု ပြောင်းလဲပေးရန် ညှိနှိုင်းမှု သဘောတူညီချက် မရသေးသဖြင့် ဧပြီလ ၂၃ ရက် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ရန် မသေချာသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများက ဆိုသည်။။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် သက်ကြီးပူဇော်ပွဲ ကျင်းပ

ဧပြီ ၁၈ ရက်နေ့ နှစ်ဆန်း ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် သက်ကြီးပူဇော်ပွဲ ကျင်းပနေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ပါတီနာယကကြီးများ အပါအဝင် ကန်တော့ခံ ပုဂ္ဂိုလ် ၃၀ ဦး ရှိပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လူငယ်များက ကန်တော့ကြသည်။

ဧပြီလ ၁၄ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တွင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့တို့ သံချပ်ဖြင့် ဖျော်ဖြေနေကြစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) “မပြောမပြီး မတီးမမြည် - တို့စည်တီးတာ ပြည်သူ့အတွက်၊ ပြောမှသိလို့ ထိမှနာ - တို့ရင်ထဲမှာ မချိမချိ”
 
ဧပြီလ ၁၄ ရက်နေ့က မင်္ဂလာမွန်ဈေးရှေ့တွင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့တို့ သံချပ်ဖြင့် ဖျော်ဖြေနေကြသည်ကို အားပေးနေကြသည့် ပရိသတ်။ (ဓါတ်ပုံ - မဇ္ဈိမ) “ပြည်သူချစ်တဲ့ ကိုအောင်ဆန်း - မြစ်ရေဘယ်မခမ်း၊ ကိုအောင်ကျော်နဲ့ ကိုဘဟိန်း - အစဉ်အလာကောင်းကိုထိန်း၊ သူတို့ခေတ်နဲ့ သူတို့အသံ - အိုးဝေ အိုးဝေ ညံလို့ ညံလို့၊ ကောင်းကျိုးထွေထွေ ချွန်မြစေဖို့ - ဒေါင်းအိုးဝေတွေ တွန်ကပါစို့”

လူရွှင်တော် မေတ္တာ၊ ကုသိုလ်နှင့် ဗေလုဝ တို့ ဦးစီးသည့် အဖွဲ့ဝင် ၆၀ ပါ သာဓုပါဗျာ သံချပ်အဖွဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် ရုံးရှေ့တွင် လာရောက်ဖြော်ဖြေကြစဉ်။ (ဓါတ်ပုံ - ၊ မဇ္ဈိမ) သင်္ကြန်တွင် သံချပ်ထိုးခွင့်ရရန် လွှတ်တော်တွင် တင်ပြခဲ့သည့်အတွက် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် အား လာရောက်ဂါရပြုခြင်းဖြစ်သည်ဟု ဆိုသည်။
 
လူရွှင်တော် မေတ္တာ၊ ကုသိုလ်နှင့် ဗေလုဝ တို့ ဦးစီးသည့် အဖွဲ့ဝင် ၆၀ ပါ သာဓုပါဗျာ သံချပ်အဖွဲ့ ဧပြီလ ၁၄ ရက်နေ့က အမျိုးသားဒီမိုကရေစီပါတီသစ် ရုံးရှေ့တွင် လာရောက်ဖြော်ဖြေကြစဉ်။ (ဓါတ်ပုံ - ၊ မဇ္ဈိမ) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် နှင့်မိသားစုမှ ဆုငွေများ ချီးမြှင့်ခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမရွန်းအား ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ခြံဝင်းအတွင်း လိုက်လံပြသနေသည်ကို ဧပြီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)

ဧပြီလ ၁၃ ရက်နေ့က ဗြိတိန် ၀န်ကြီးချုပ် David Cameron နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများအားလုံး ဆိုင်းငံ့ထားသင့်ကြောင်း မစ္စတာကမရွန်းက ပြောဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံလိုက်သည်။ ဧပြီလ ၂၃ ရက်နေ့ ဥရောပသမဂ္ဂ ၀န်ကြီးများအစည်းအဝေးတွင် အဆိုပါ ပိတ်ဆို့မှုများအရေး ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်သည်။

ဧပြီလ ၁၃ ရက်နေ့က ဗြိတိန် ၀န်ကြီးချုပ် David Cameron နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများအားလုံး ဆိုင်းငံ့ထားသင့်ကြောင်း မစ္စတာကမရွန်းက ပြောဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံလိုက်သည်။ ဧပြီလ ၂၃ ရက်နေ့ ဥရောပသမဂ္ဂ ၀န်ကြီးများအစည်းအဝေးတွင် အဆိုပါ ပိတ်ဆို့မှုများအရေး ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်သည်။

ဧပြီလ ၁၃ ရက်နေ့က ဗြိတိန် ၀န်ကြီးချုပ် David Cameron နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများအားလုံး ဆိုင်းငံ့ထားသင့်ကြောင်း မစ္စတာကမရွန်းက ပြောဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံလိုက်သည်။ ဧပြီလ ၂၃ ရက်နေ့ ဥရောပသမဂ္ဂ ၀န်ကြီးများအစည်းအဝေးတွင် အဆိုပါ ပိတ်ဆို့မှုများအရေး ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်သည်။

၂၀၁၂ - သင်္ကြန်ပွဲတော်

၂၀၁၂ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန် အကြိုနေ့တွင် ရေကစားနေကြသူများနှင့် မဏ္ဍပ်များ။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

၀၁၂ ခုနှစ် အတာသင်္ကြန်အကြိုနေ့တွင် ရန်ကုန်မြို့ မြို့တော်ဝန်မဏ္ဍပ်ရှေ့၌ စတင်ရေကစားနေကြစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

ဧပြီလ ၁၂ ရက်နေ့က ရန်ကုန်မြို့ သိမ်ဖြူလမ်း၌ ရခိုင်ရိုးရာဟန်ဖြင့် အတာသင်္ကြန် အကြိုနေ့ ဆင်နွှဲနေကြစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊မဇ္ဈိမ)

ဧပြီလ ၁၂ ရက်နေ့က ရန်ကုန်မြို့ သိမ်ဖြူလမ်း၌ ရခိုင်ရိုးရာဟန်ဖြင့် အတာသင်္ကြန် အကြိုနေ့ ဆင်နွှဲနေကြစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊မဇ္ဈိမ)

ဧပြီလ ၁၂ ရက်နေ့က ရန်ကုန်မြို့ သိမ်ဖြူလမ်း၌ ရခိုင်ရိုးရာဟန်ဖြင့် အတာသင်္ကြန် အကြိုနေ့ ဆင်နွှဲနေကြစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊မဇ္ဈိမ)

၂၀၁၂ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန် အကြိုနေ့တွင် ရေကစားနေကြသူများနှင့် မဏ္ဍပ်များ။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်ကို ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲက ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ ရန်ကုန်ပြည်သူပြည်သားများ အတွက် နှစ်သစ်ကူး စကားလက်ဆောင် ချီးမြှင့်ပြောကြားနေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

ဧပြီလ ၁၂ ရက် သင်္ကြန်အကြိုနေ့  နံနက် မြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲတွင် မမများအဖွဲ့ ကပြဖျော်ဖြေနေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) အမေများအဖွဲ့ကို ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီးကလည်းကောင်း၊ မမများအဖွဲ့ကို ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် ဇနီးကလည်းကောင်း ဆုများချီးမြှင့်ပေးခဲ့သည်။

ကန် အထက်လွှတ်တော်အမတ် Jim Webb သတင်းစာရှင်းလင်းပွဲ

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ဧပြီလ ၁၁ ရက်နေ့က အမေရိကန် အထက်လွှတ်တော်အမတ် Jim Webb သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - လင်းဘိုဘို၊ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တရားမ၀င် ၀င်ရောက်မှုဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်အပြစ်ပေးခံထားရသော အမေရိကန်နိုင်ငံသား ဂျွန်ယက်ထော အား ပြန်လည်ခေါ်ယူရန် မစ္စတာဂျင်မ်ဝဘ် ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ဖူးသည်။ မစ္စတာဂျင်မ်ဝဘ်သည် ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ပထမဆုံး တွေ့ဆုံခွင့်ရခ့သည့် အမေရိကန် အောက်လွှတ်တော်အမတ်တဦးဖြစ်သည်။

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ဧပြီလ ၁၁ ရက်နေ့က အမေရိကန် အထက်လွှတ်တော်အမတ် Jim Webb သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - လင်းဘိုဘို၊ မဇ္ဈိမ) မစ္စတာဂျင်မ်ဝဘ်၏ တတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဋ္ဌများ၊ အစိုးရ၀န်ကြီးများ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် သတင်းစာဆရာများအား တွေ့ဆုံခဲ့ပြီးဖြစ်သည်။

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ဧပြီလ ၁၁ ရက်နေ့က အမေရိကန် အထက်လွှတ်တော်အမတ် Jim Webb သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - လင်းဘိုဘို၊ မဇ္ဈိမ) မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများနှင့်ပါတ်သက်၍ အမေရိကန် ပေါ်လစီ ပြောင်းလဲနိုင်ရန်အတွက် အမေရိကန် အောက်လွှတ်တော်နှင့်အစိုးရအား ညှိနှိုင်းဆောင်ရွက်သွားမည်ဟု မစ္စတာဂျင်မ်ဝဘ်က ပြောဆိုသည်။

Women in Media Forum (မီဒီယာထဲက အမျိုးသမီးများ) ဆွေးနွေးပွဲ

Women in Media Forum (မီဒီယာထဲက အမျိုးသမီးများ) ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွေ ပြုလုပ်ခဲ့ရာ တက်ရောက်ဆွေးနွေးနေသည် စာရေးဆရာမ ဂျူး ကို ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) မီဒီယာများက ပုံဖော်ခံရသည့် အမျိုးသမီးများဘဝနှင့် အမျိုးသမီးများ၏ မီဒီယာအခန်းကဏ္ဍတွင် ပါဝင်နေရမှုများကို ဆွေးနွေးခဲ့ကြသည်


Women in Media Forum (မီဒီယာထဲက အမျိုးသမီးများ)ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွေ ပြုလုပ်ခဲ့ရာ တက်ရောက်လာသည့် စာရေးဆရာမ ဂျူး (လယ်) အား ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) မီဒီယာများက ပုံဖော်ခံရသည့် အမျိုးသမီးများဘဝနှင့် အမျိုးသမီးများ၏ မီဒီယာအခန်းကဏ္ဍတွင် ပါဝင်နေရမှုများကို ဆွေးနွေးခဲ့ကြသည်။

Women in Media Forum (မီဒီယာထဲက အမျိုးသမီးများ) ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်ကာ သူမ၏အတွေ့အကြုံများကို ရှင်းလင်းပြောပြနေသည့် ဆဲဗင်းဒေး အပတ်စဉ်ဂျာနယ်မှ သတင်းထောက် မအေးသူစံအား ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင်တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) မအေးသူစံသည် သရုပ်ဆောင်မင်းသမီး ထက်ထက်မိုးဦးနှင့် အင်တာဗျူးပြုလုပ်စဉ် မင်းသမီး၏ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို ခံခဲ့ရဖူးသူ ဖြစ်သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates