ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန် 

မဇ္ဈိမ

ဖေဖော်ဝါရီ ၁၊ ၂၀၂၁ 

မြန်မာနိုင်ငံဘဏ်များအသင်း အသင်းဝင်ဘဏ်များ အနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ပြီး တညီတညွတ်တည်း ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံဘဏ်များအသင်းက အကြောင်းစာ ထုတ်ပြန်ခဲ့သည်။ 

အကြောင်းကြားစာတွင် မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းအချိန် အရေးပေါ် ဆွေးနွေးချက်အရ အချက် သုံးချက်ကို ထုတ်ပြန်ခဲ့သည်။ 

အဆိုပါအချက်တို့မှာ လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများအရ ဘဏ်များရှိ ငွေကြေးဝန်ဆောင်မှု ပေးနေသည့် System unavailable ဖြစ်နေခြင်း၊ Internet connection များ မကောင်းခြင်းတို့ကြောင့် လက်ရှိ အခြေအနေတွင် ဘဏ်များ ငွေကြေးဝန်ဆောင်မှုပေးရန် အဆင်မပြေသဖြင့် မြန်မာနိုင်ငံဘဏ်များအသင်း အသင်းဝင်းဘဏ်များ အနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာစတင်ပြီး ယာယီပိတ်ထားရန် ပါရှိသည်။ 

ဆက်လက်ပြီး ဘဏ်များ ယာယီ ပိတ်ထားခွင့်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ဆက်လက် တင်ပြပြီး ဘဏ်များ ပြန်လည်ဖွင့်လှစ်မည့်ရက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက် ခံယူကာ ပြန်လည် ကြေညာသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ 

System များ ပြန်လည် အသုံးပြု၍ ရပြီး Internet connection များ ပြန်လည် ကောင်းမွန်လာပါက ဘဏ်များအားလုံး တပြေးညီ ပြန်လည် ဖွင့်လှစ်ရန် ကြိုင်တင်အကြောင်းကြားပေးမည်ဟုလည်း ပါရှိသည်။ 


Popular posts from this blog

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်