မြန်မာ့အရေး ကြားဝင်စေ့စပ်မှုတွင် ထိုင်း ပျက်ကွက်နေခြင်း
United World မြန်မာ့အကျပ်အတည်းသည် မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို မခန့်မှန်းနိုင်သေးပေ။ စစ်အုပ်စုက ယခင်အတိုင်း အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဆဲ ဖြစ်သလို စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများကလည်း ယခင်ကထက် ပိုမိုစည်းလုံးညီညွတ်လာကြသည်။ တဖက်တွင်မူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများမှာ တလထက်တလ ပိုမိုဆိုးရွားလာနေ သည်။ ထိုသို့သော မသေချာမှုများနှင့် အလုပ်မဖြစ်မှုများကြားတွင် ထိုင်းနိုင်ငံသည် ငြိမ်းချမ်းရေးအတွက် အားကိုးရမည့် အင်အားစုတခုအဖြစ် ရပ်တည်ရန် ကြိုးပမ်းခဲ့သော်လည်း လက်တွေ့တွင် ထိုင်း၏ တိကျရေရာမှုမရှိသော သံ တမန်ရေးရာ လုပ်ရပ်များ သည် အခြေအနေကို ပိုမိုဆိုးရွားစေရုံသာမက အာဆီယံတခုလုံးအနေဖြင့်လည်း အဆို ပါအကျပ်အတည်းအပေါ် စုပေါင်းခေါင်းဆောင်မှုနှင့် ညီညွတ်မှု ကင်းမဲ့နေကြောင်းကိုသာ ပေါ်လွင်စေခဲ့သည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နီးကပ်စွာ တည်ရှိခြင်း၊ စီးပွားရေးအရ ဆက်နွှယ်မှုရှိခြင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေခြင်းတို့ကြောင့် မြန်မာ့အရေးနှင့် ပတ်သက်လာလျှင် အကျိုးဆက်များကို အစောဆုံး ရင်ဆိုင်ကြုံတွေ့ရသည့် နိုင်ငံဖြစ်သည်။ သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့အရေးအပေါ် ...