ဘီးလင်းတွင် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကော်မရှင်တပ် ဒု- ရင်းမှူး အပါအဝင် ၃ ဦးထက်မနည်း သေဆုံး

YT

မဇ္ဈိမ ။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်၌ စစ်ကော်မရှင်တပ်စစ်ကြောင်း မိုင်းဆွဲ၊ ပစ်ခတ် တိုက်ခိုက်ခံရပြီး ခြေမြန်တပ်ရင်း ခမရ (၃) မှ ဒုတိယတပ်ရင်းမှူးအပါအဝင် သုံးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

“ လေးယောက်သွားလုပ်တာ သေနတ်သုံးလက်ပဲ ပါတယ်၊ အတိုနှစ်လက်၊ အရှည်တလက်ပဲပါတာ။ အဲ့ဒါနဲ့ သူတို့ မိုင်းဆွဲပြီးတော့မှ ပစ်ပြီးတော့ ထိချက်လည်း ကောင်းတယ်၊ အထိလည်းနာတယ်၊ ရလဒ်ကောင်းတယ်၊ ဒုတပ်ရင်း မှူး ကျတယ်။ ကျန်တဲ့သူတွေထဲကလည်း သေတာမှာ ၁၀ ယောက်လောက် ထိခိုက်ဒဏ်ရာရတာရောပေါ့နော်” ဟု သတင်းရင်းမြစ်တဦးက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၃၁ ရက်) နံနက်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသ၊ ဗျူဟာအမှတ် (၂၇)၊ သထုံခရိုင် ပကဖစစ်ကြောင်းမှ ရဲဘော်လေးဦးက ခမရ (၃) မှ ရန်ကုန်- မော်လမြိုင်လမ်းအတိုင်း ထွက်လာသည့် စစ်ကော်မရှင်တပ်စစ်ကြောင်းအား အလူးလေးရွာအနီးတွင် မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုအတွင်း ခမရ (၃) မှ ဒုတိယတပ်ရင်းမှူး အပါအဝင် သုံးဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း သထုံခရိုင် ပကဖ စစ်ကြောင်းမှ ရဲဘော်များက လက်ဦးမှု ရခဲ့ကြောင်း၊ စစ်ကော်မရှင်တပ်ဘက်မှ ခမရ (၃) ဒုတိယတပ်ရင်းမှူး သေဆုံးသည်မှာ မှန်ကန်ကြောင်း၊ စစ်ကော်မရှင်စစ်ကြောင်းဘက်မှ အချိန်အတော်ကြာသည်အထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ် သုံးခုက မဇ္ဈိမကို အတည်ပြုသည်။

“ အခုထိ ကြားထားတာမှာ ဒုရင်းမှူးအပါ သုံးယောက်သေတယ်။ ဒဏ်ရာရတာတွေက ၁၀ ယောက်လောက်ရှိတယ် ၊ ကလေးတွေကတော့ ပြန်သုတ်(ဆုတ်)ရတာပေါ့ မြန်မြန်။ ရန်သူက မိုးရွာသလိုကို ပြန်ပစ်တာ” ဟု သတင်းရင်း မြစ်တရပ်က ပြော သည်။

စစ်ကော်မရှင်တပ်စစ်ကြောင်း၏ ပြန်လည်ပစ်ခတ်မှုများကြောင့် အလူးလေးရွာမှ ဒေသခံနေအိမ် တလုံး ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)

Popular posts from this blog

ထိုင်းဘတ်ငွေတန်ဖိုး မာပြီး ရွှေဥ ဥပေးသော ငန်းကြီး ပျောက်ကွယ်သွားသောအခါ

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်