မလေးရှား သိပ္ပံဝန်ကြီး၏ မြန်မာပြည်ခရီး စတင်

(ကြားဖြတ်နှင့် သတင်းအကျဉ်း)

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၀ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။      ။ မလေးရှားနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်မှုဆိုင်ရာဝန်ကြီး Dr Maximus Ongkili ဦးဆောင်သည့် ကုန်သွယ်ရေးမစ်ရှင် အဖွဲ့သည် မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့မှစ၍ ရောက်ရှိလာကြမည် ဖြစ်သည်။

ဧပြီ ၂၈ ရက်နေ့ထိ ကြာမြင့်မည့် ခရီးစဉ် ရည်ရွယ်ချက်မှာ ICT နည်းပညာ၊ ဇီဝနည်းပညာနှင့် ပြန်လည် ဖွံ့ဖြိုးနိုင်သည့် စွမ်းအင်ဆိုင်ရာကဏ္ဍများ တိုးမြှင့်ဆောင်ရွက်ရန် ဖြစ်သည်ဟု သိရသည်။

“မြန်မာအစိုးရဟာ ကုန်သွယ်ရေးကို ထက်ထက်သန်သန် လွတ်လပ်ခွင့်ပေးပြီး ပူးပေါင်းဆောင်ရွက်မှုတွေလည်း တိုးမြင့်လာတာတွေ့ရတယ်။ မလေးရှား အပါအဝင် ဒေသတွင်း စီးပွားရေးတွေအတွက် အခွင့်အလမ်းတွေ ပွင့်နေပါတယ်” ဟု Dr Maximus Ongkili က အင်္ဂါနေ့တွင် ကြေညာသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး