EU ပိတ်ဆို့မှုများ တနှစ် ဆိုင်းငံ့ထားမည်

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဧပြီလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ဥရောပသမဂ္ဂ EU မှ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့ထားမှုများအား တနှစ် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း သိရသည်။

တရားဝင် ကြေညာခြင်းကိုမူ တနင်္လာနေ့တွင် ဂျာမဏီနိုင်ငံ လူဇင်ဘတ်မြို့၌ပြုလုပ်မည့် EU နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ပြုလုပ်မည်ဖြစ်ကြောင်း EU အရာရှိများအား ကိုးကား၍ အေပီသတင်း တရပ်တွင် ရေးသားထား သည်။

ဆိုင်းငံ့ထားမည့် ပိတ်ဆို့မှုများထဲတွင် လူဦးရေအားဖြင့် ၅၀၀ ခန့်နှင့် ကုမ္ပဏီ ၈၀၀ ကျော် ပါဝင်သည်ဟုလည်း ဆိုသည်။

မြန်မာအစိုးရ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးများအား အသိအမှတ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ EU မှ တုန့်ပြန်လိုက်ခြင်းဖြစ်ကာ အခြေအနေအား ဆက်လက် စောင့်ကြည့်သွားဦးမည်
ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Alain Juppe က ပြောသည်။

“နောက် တနင်္လာနေ့မှာတော့ ပိတ်ဆို့ထားမှုတွေကို ရုတ်သိမ်းမှာမဟုတ်ဘဲ ဆိုင်းငံ့ထားမှာပါ။ ဘာလို့လဲဆိုတော့ အစိုးရဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ဆက်လက်တိုးတက်မှုရှိမရှိ
စောင့်ကြည့်စစ်ဆေးချင်လို့ပါ” ဟု သောကြာနေ့က ပြောဆိုလိုက်သည်။

“တိုးတက်မှုတွေ ရှိနေပေမယ့် ကျနော်တို့ရဲ့ နောက်ဆုံးရည်မှန်းချက်ထိအောင်တော့
ရောက်မလာသေးပါဘူး” ဟု BFM ရုပ်မြင်သံကြားဌာနအား ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကေ
ပြောဆိုလိုက်သည်။

လျှော့ပေါ့ခွင့်ပြုပေးလိုက်သည့်ကာလ ခြောက်လပြည့်သည့်အခါ ပြန်လည်သုံးသပ်သွားမည်ဟုလည်း သိရသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး