မြစ်ကြီးနား ပြည်သူ့ဆေးရုံအနီး ဗုံးပေါက်ကွဲ သုံးဦး ဒဏ်ရာရ

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၁၁ မိနစ်

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံဝင်း ထောင့်တနေရာတွင် ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သဖြင့် လူသုံးဦး ဒဏ်ရာရခဲ့သည်ဟု ရဲစခန်းနှင့် ပြည်သူ့ဆေးရုံမှ အတည်ပြု ပြောကြားလိုက်သည်။

ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်က ဆေးရုံဝင်း ထောင့်၊ ယာဉ်ထိန်း ရဲကင်းအနီးတွင်
ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဖြတ်သန်းလာနေသော မိန်းကလေးတဦးနှင့် အမျိုးသားနှစ်ဦး ဒဏ်ရာရသည်ဟု မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

“လမ်းသွားတဲ့လူ နှစ်ယောက် သုံးယောက်လောက် ထိတယ်။ အတိအကျတော့ မသိသေးဘူး”ဟု မဇ္စျိမကို ပြောသည်။ မည်သည့်ဗုံးအမျိုးအစား ဖြစ်သည်ကို ရဲစခန်းက ဆက်လက် စုံစမ်းနေသည်ဟု ဆိုသည်။

ဒဏ်ရာရသူများကို မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု ခွဲစိတ်ကုသခန်းမှ ဆရာဝန်တဦးက ပြောသည်။

“ဂျူတီ ချိန်းသွားတော့ ကျနော် ခုမှ သိတယ်။ ဒါကြောင့် ဒဏ်ရာအသေးစိတ် မသိနိုင်သေးဘူး။ လောလောဆယ် လူနာ သုံးယောက် ရှိတယ်”ဟု မဇ္စျိမကို ပြောသည်။

ဒဏ်ရာရသူ သုံးဦးအနက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်မှာ သတိလစ်သွားခဲ့ပြီးနောက် ယခု ပြန်လည် သတိရလာပြီ ဖြစ်ကြောင်း သူနာပြု ဆရာမ တဦးက ပြောသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး