“ထားဝယ်စီမံကိန်းမှ အီတာလျန်-ထိုင်းကုမ္ပဏီ ရပ်ဆိုင်းတော့မည်”

(အမှားပြင်ဆင်ချက်)

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဧပြီလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၅၀ မိနစ်

ဧပြီလ ၂၇ ရက်နေ့ မဇ္ဈိမ အင်တာနက်စာမျက်နှာတွင် “ထားဝယ်စီမံကိန်းမှ အီတာလျန်-ထိုင်းကုမ္ပဏီ ရပ်ဆိုင်းတော့ မည်” ဟူ၍ မှားယွင်းစွာ သတင်းဖော်ပြခဲ့ပါသည်။ အဆိုပါသတင်းမှာ မူရင်း ရိုက်တာသတင်းအား ကိုးကား၍ ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်ပြီး ဘာသာပြန်ဆိုရာတွင် အဓိပ္ပါယ်ကောက်ယူ လွဲမှားခဲ့ပါသည်။

အမှန်တကယ်မှာ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် “ITD ကုမ္ပဏီအနေဖြင့် ၎င်းတို့၏
ရေရှည်ဘဏ္ဍာရေး စီမံကိန်းများကို ၂ဝ၁၂ ခုနှစ် မကုန်မီ အပြီးသတ် ရေးဆွဲနိုင်တော့မည်” ဟု ကုမ္ပဏီဥက္ကဋ္ဌ Premchai Karnasuta က ပြောဆိုသည်ဟု အဓိပ္ပါယ်ရပါသည်။

ထိုသို့ သတင်းအား မှားယွင်းစွာ ဖော်ပြခဲ့သည့်အတွက် စာဖတ်သူများအား မဇ္ဈိမမှ တောင်းပန်အပ်ပါသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး