Posts

Showing posts with the label China

လုံခြုံရေးနှင့်တရုတ်ဆိုင်ရာ စိုးရိမ်မှုများကြောင့် ချစ်ပ်အရောင်းအဝယ်ကို ထရမ့် တားမြစ်

Image
Reuters အမေရိကန် အလင်းသုံးနည်းပညာကုမ္ပဏီဖြစ်သော HieFo Corp က နယူးဂျာစီအခြေစိုက် လေကြောင်းနှင့် ကာကွယ်ရေးဆိုင်ရာကုမ္ပဏီ Emcore ၏ ပိုင်ဆိုင်မှုများအား ဒေါ်လာ ၃,၀၀၀,၀၀၀ ဖြင့် ဝယ်ယူမည့်ကိစ္စကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမျိုးသားလုံခြုံရေးနှင့် တရုတ်နိုင်ငံဆိုင်ရာ စိုးရိမ်မှုများကို အကြောင်းပြ၍ သောကြာနေ့ (ဇန်နဝါရီ ၂ ရက်) တွင် ပိတ်ပင်လိုက်သည်။ အိမ်ဖြူတော်မှ ထုတ်ပြန်သည့် အမိန့်တွင် ထရမ့်က HieFo ကုမ္ပဏီသည် “တရုတ်နိုင်ငံသားတဦး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း” နှင့် ၂၀၂၄ ခုနှစ်အတွင်း Emcore ၏ လုပ်ငန်းများကို ဝယ်ယူခဲ့မှုသည် “အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမည့် ခြိမ်းခြောက်မှုများကို လုပ်ဆောင်လာနိုင်သည်” ဟု ၎င်းအနေဖြင့် ယုံကြည်မိကြောင်း ဖော်ပြထားသည်။ သို့သော် အဆိုပါအမိန့်တွင် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထရမ့်၏ စိုးရိမ်ပူပန်မှု အသေးစိတ်ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ “အရောင်းအဝယ်ပြုလုပ်မှုကို ယခုပင် ပိတ်ပင်လိုက်သည်” ဟု ထရမ့်က ဆိုခဲ့ပြီး HieFo အနေဖြင့် ” နေရာဒေသမရွေးရှိ Emcore ၏ အကျိုးစီးပွားများနှင့် အခွင့်အရေးများအားလုံးကို ရက်ပေါင်း ၁၈၀ အတွင်း ပြန်လည်စွန့်လွှတ်ရန်” အမိန့...

မြန်မာ့ရွေးကောက်ပွဲနှင့် တရုတ်၏ အကျိုးစီးပွား တွက်ကိန်း

Image
New Indian Express ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် ငါးနှစ်အကြာတွင် ကျင်းပသည့် မြန်မာ့ အထွေထွေ ရွေးကောက်ပွဲ၏ ပထမအဆင့်က ဒီဇင်ဘာလ ၂၈ ရက်တွင် ပြီးဆုံးသွားခဲ့သည်။ ကျန်ရှိသည့် အဆင့်နှစ်ဆင့်ကို ဇန်နဝါရီလ ၁၁ ရက်နှင့် ၂၅ ရက်တို့တွင် ကျင်းပရန် သတ်မှတ်ထားပြီး၊ ရွေးကောက် ပွဲရလဒ်များကို ဖေဖော်ဝါရီလတွင် ထုတ်ပြန်မည်ဖြစ်သော်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ယခုရွေးကောက်ပွဲသည် စစ်တပ်၏ နိုင်ငံရေးအာဏာချုပ်ကိုင်မှုကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းသည့် ဟန်ပြသက်သက်သာဖြစ်ကြောင်း ဖော်ပြထားသည်။ အာဏာသိမ်းမှုကြောင့် မြန်မာသည် တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးပဋိပက္ခများကြားတွင် ပြင်းထန် သော ပြည်တွင်းစစ်အတွင်းသို့ ကျရောက်ခဲ့ရသည်။ ထို့ကြောင့် ယခုရွေးကောက်ပွဲသည် ရှိရင်းစွဲ လူမှုရေး အကွဲအပြဲများကို ပိုမိုနက်ရှိုင်းစေမည့်အပြင် အကြမ်းဖက်မှုများလည်း ပိုမိုဖြစ်ပွားနိုင်သည်ဟု အများက သုံးသပ်နေကြသည်။ ကံကောင်းထောက်မစွာဖြင့် ပထမအဆင့်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ကြီးကြီးမားမား အကြမ်း ဖက်မှုများ မရှိခဲ့သော်လည်း ကျန်ရှိသည့် အဆင့်များတွင်လည်း ယခုကဲ့သို့ပင် အေးချမ်းလိမ့်မည်ဟု ခန့်မှန်းရန် စောလွန်း...

ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားပေးမှုများ ရပ်တန့်ရန် တရုတ်ကို အမေရိကန် တိုက်တွန်း

Image
The Japan Times ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းပတ်လည်တွင် တရုတ်က နှစ်ရက်ကြာ အကြီးစား စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် ထိုင်ဝမ်ရေလက်ကြား တင်းမာမှုများအပေါ် ဂျပန်နှင့် အနောက်နိုင်ငံများက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ထိုသို့ ထုတ်ဖော်ပြောဆိုပြီး ရက်ပိုင်းအကြာ ကြာသပတေးနေ့ (ဇန်နဝါရီ ၁ ရက်) တွင် အမေရိကန်က ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားပေးမှုများ ရပ်တန့်ရန် တရုတ်ကို တိုက်တွန်းလိုက်သည်။ “ထိုင်ဝမ်နဲ့ ဒေသတွင်းက တခြားနိုင်ငံတွေအပေါ် တရုတ်ရဲ့ ပြောဆိုချက်တွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ မလိုအပ်ဘဲ တင်းမာမှုတွေကို မြင့်တက်စေပါတယ်။ တရုတ်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့၊ ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားပေးမှုတွေ ရပ်တန့်ဖို့နဲ့ အဲဒီအစား အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်ဆောင်ရွက်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထောက်ခံပြီး၊ အင်အားသုံးတာ ဒါမှမဟုတ် ခြိမ်းခြောက်တာအပါအဝင် လက်ရှိအခြေအနေကို တဖက်သတ် ပြောင်းလဲဖို့ ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ သောမတ်...

တရုတ်သတင်းလွတ်လပ်ခွင့်အပေါ် ရှီကျင့်ဖျင် ပိုဖိနှိပ်လာ၊ ‘အစွန်းမရောက်သည့် ဝေဖန်သံများပင် နှုတ်ဆိတ်ခံနေရ’

Image
The Independent ပေကျင်းမြို့ရှိ ဟိုတယ်တခုတွင် ၂၀၂၂ ခုနှစ်က အသက် ၆၃ နှစ်အရွယ် သတင်းသမား တုံယူယူသည် ဂျပန်သံတမန်တဦးနှင့် နေ့လယ်စာ အတူစားနေခဲ့သည်။ ပြည်ပရေးရာများကိုပါ တာဝန်ယူလုပ်ဆောင်ရသည့် သတင်းထောက်တဦးအတွက် ယင်းမှာ ပုံမှန်တွေ့ဆုံမှုတခုသာ ဖြစ်သည်။ သို့သော် ထိုနေ့သည် သူ၏ဘဝကို အလှည့်အပြောင်း ဖြစ်စေခဲ့သည်။ ရဲအရာရှိများက စားသောက်ဆိုင်အတွင်းသို့ ရုတ်တရက်ဝင်ရောက်လာပြီး သူ့ကို စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခဲ့သည်။ သူသည် သူလျှိုမှုဖြင့် တရားစွဲဆိုခံရပြီးနောက် နောက်ဆုံးတွင် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံခဲ့ရသည်။ တုံ၏အမှုသည် နိုင်ငံတကာ၏ စိုးရိမ်မှုကို ဖြစ်ပေါ်စေခဲ့ပြီး တရုတ်အစိုးရက ၎င်းတို့အလိုကျ ဖြစ်နေပြီးသား မီဒီယာလောကကို ထပ်မံထိန်းချုပ်ကန့်သတ်လာခြင်းကို ပြသသည့် ဥပမာတခုဖြစ်သည်။ ပြီးခဲ့သည့်လတွင် ပေကျင်းအဆင့်မြင့်တရားရုံးသည် တုံ၏ထောင်ဒဏ်ကို ပယ်ဖျက်ပေးရန် အယူခံမှုကို ပယ်ချခဲ့သည်။ ယင်းမှာ သိသာထင်ရှားသည့် “ညှဉ်းပန်းနှိပ်စက်မှု” သာဖြစ်ကြောင်း တုံ၏မိသားစုက ဆိုသည်။ သားဖြစ်သူ တုံယီဖုက တရုတ်နိုင်ငံသားများသည် နိုင်ငံတကာနှင့် ဆက်ဆံရေးရှိရုံမျှဖြင့် စောင့်ကြည့်စစ်ဆေးခံရနိုင်သည့် အခြေအနေဖြစ်နေချိန်တွင် သူ၏ဖခင်အပေ...

ဆက်ဆံရေးတင်းမာနေချိန် ဂျပန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ခရီးစဉ် ရွှေ့ဆိုင်း

Image
SCMP ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန်ကြား ဆက်ဆံရေးတင်းမာနေချိန်တွင် ထင်ရှားသော ဂျပန်စီးပွား ရေးခေါင်း ဆောင် ၂၀၀ ခန့်ပါဝင်သည့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့၏ တရုတ်သို့ နှစ်စဉ် သွားရောက်သည့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်သည်။ ယင်းကဲ့သို့ ရွှေ့ဆိုင်းခြင်းမှာ ဆယ်စုနှစ်တခုကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။ ယင်းခရီးစဉ်ရွှေ့ဆိုင်းမှုက နှစ်နိုင်ငံ၏ ရှုပ်ထွေးသော ဆက်ဆံရေးတွင် တည်ငြိမ်မှုပေးနိုင်သည့် လမ်း ကြောင်းတခုအဖြစ် ကာလရှည်ကြာ ရှုမြင်ခံခဲ့ရသော ‘ကော်ပိုရိတ်သံတမန်ရေး’ ပျက်ယွင်းလာနေသည့် စိုးရိမ်ဖွယ် လက္ခဏာတရပ်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက နိုဝင်ဘာလ ၇ ရက်တွင် ထိုင်ဝမ်တိုက်ခိုက်ခံရပါက ဂျပန်၏ စစ်ရေးအရ တုံ့ပြန် မှုများ ရှိလာနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပြီးနောက်၊ တရုတ်က ဂျပန်ကို စစ်ဝါဒပြန်လည်အသက်သွင်းနေသည်ဟု စွပ်စွဲခဲ့သည်။ ထို့ပြင် အရှေ့အာရှနှင့် အခြားဒေသများတွင်ပါ ဂျပန်ကို ဆန့်ကျင်သည့် ညီညွတ်သောတပ်ဦးတရပ် တည်ထောင်ရန် တရုတ်က အရှိန်အဟုန်မြှင့် ကြိုးပမ်းလာချိန်တွင် ယခုခရီးစဉ်ရွှေ့ဆိုင်းမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သို့သော် ဂျပန်က အလျှော့မပေးဘဲ ...

“ကျွန်မတို့ မကြောက်ဘူး”၊ တရုတ်၏ အကြီးစားစစ်ရေးလေ့ကျင့်မှုအကြား ပုံမှန်လည်ပတ်နေသည့် ထိုင်ဝမ်၏ နေ့စဉ်ဘဝ

Image
Aljazeera တရုတ်က ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်ကျွန်းပတ်ပတ်လည်ရှိ ရေပိုင်နက်များတွင် ကျည်ဆန်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုနှင့် စစ်ရေးအရ ပိတ်ဆို့ဖြတ်တောက်မှုများကို ပြုလုပ်နေသော်လည်း အသက် ၇၀ အရွယ်ရှိ လျောင်က စစ်ဖြစ်မည်ကို မစိုးရိမ်ကြောင်း ပြောသည်။ လျောင်သည် သူငယ်ချင်းများနှင့် မာကျောက်ကစားလိုက်၊ စတော့ဈေးကွက်ကို စောင့်ကြည့်လိုက်ဖြင့် အငြိမ်းစားဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေသည်။ နယူးထိုင်ပေစီးတီးရှိ ဆံသဆိုင်တခုတွင် နှစ်သစ်ကူးအတွက် ခေါင်းလျှော်၊ ဆံပင်ညှပ်လာလုပ်သည့် လျောင်က “နေ့စဉ်ဘဝအပေါ်မှာ ဘာသက်ရောက်မှုမှ မရှိပါဘူး။ ကျွန်မ ထိုင်ဝမ်မှာ နေလာတာ အနှစ် ၇၀ ရှိပြီ၊ ဒါတွေက ကျင့်သားရနေပါပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ကတော့ ခေါင်းလျှော်နေရဦးမှာပဲလေ” ဟု Al Jazeera သတင်းဌာနကို ပြောသည်။ “ကျွန်မတို့ မကြောက်ပါဘူး” ဟု လျောင်၏ ဆံပင်ညှပ်ဆရာကလည်း ထောက်ခံသည်။ လျောင်သည် စစ်ရေးလေ့ကျင့်မှုများ လုပ်နေသည်ကိုပင် သတိမထားမိခဲ့ဟု ဆိုသည်။ “အလုပ်လုပ်နေရတဲ့သူတွေက ဒါတွေကို အာရုံစိုက်ဖို့ အချိန်မရှိကြဘူး။ သူတို့က အလုပ်လုပ်ဖို့ပဲ ခေါင်းထဲရှိတယ်” ဟု လျောင်က ပြောသည်။ ထိုင်ဝမ်ပြည်သူများသည် တရုတ်၏ ခြိမ်းခြောက်မှုများကို ဂရုမစိုက်က...

တရုတ်စစ်ရေးလေ့ကျင့်မှုအပြီး အချုပ်အခြာအာဏာကိုကာကွယ်မည်ဟု ထိုင်ဝမ်သမ္မတ ကတိပြု

Image
AFP တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်ပြီးနောက် ဒီမိုကရက်တစ် ကျွန်းနိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်သွားမည်ဟု ထိုင်ဝမ်သမ္မတ လိုင်ချင်တဲ (Lai Ching-te) ကသူ့နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ထိုင်ဝမ်ပင်မကုန်းမြေကို ဝိုင်းဝန်းပိတ်ဆို့သည့်အနေနှင့် ပေကျင်းက ဒါဇင်ပေါင်းများစွာသော တိုက်လေယာဉ်များ၊ ရေတပ်သင်္ဘောများ၊ ကမ်းခြေစောင့်ရေယာဉ်များကို ယခုအပတ်အတွင်းစေလွှတ်ချထားလေ့ကျင့်ခဲ့သည်။ ထိုသို့စစ်လေ့ကျင့်ခန်းများပြုလုပ်မှုကို ‘အလွန်ရန်လိုသည့်’ လုပ်ရပ်ဟု ထိုင်ပေက ကန့်ကွက်ရှုတ်ချခဲ့ သည်။ ဒီမိုကရက်တစ်ထိုင်ဝမ်ကို သူတို့၏ပိုင်နက်နယ်မြေဟု တရုတ်က တောင်းဆိုပြောကြားထားပြီး အင်အားသုံး သိမ်းသွင်းမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုထားသည်။ “ကျွန်တော့်ရဲ့ရပ်တည်ချက်က အမြဲတမ်းရှင်းရှင်းလင်းလင်းရှိပါတယ်။ အမျိုးသားအချုပ်အခြာအာဏာကို တသမတ်တည်းကာကွယ်သွားမယ်။ အမျိုးသားကာကွယ်ရေးကိုခိုင်မာအောင်လုပ်သွားမယ်။ လူ့အဖွဲ့အစည်း တခုလုံးခံနိုင်ရည်ရှိအောင်လုပ်မယ်။ ထိရောက်ဟန့်တားနိုင်တဲ့စွမ်းရည်ကိုအလုံးစုံတည်ဆောက်သွားမယ်၊ သန်စွမ်းပြီးခံနိုင်ရည်ရှိတဲ့ ဒီမိုကရက်တစ် ကာကွယ်ရေးယန္တရားကိုတည်ဆောက်သွားမယ်” ဟု သူက သမ္မတ အ...

ဂျပန်နှင့် ထိုင်ဝမ်အရေး၌ တောင်ကိုရီးယား၏ ထောက်ခံမှု ရရန် တရုတ် ကြိုးပမ်း

Image
Japan Times တရုတ်၊ ထိုင်ဝမ်နှင့် ဂျပန်နိုင်ငံတို့ကြား တင်းမာမှုများ မြင့်တက်နေချိန် တောင်ကိုရီးယား သမ္မတ လီဂျေမြောင်၏ ပထမဆုံးအကြိမ် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည့် နိုင်ငံတော်ခရီးစဉ် မတိုင်မီ တရုတ် အစိုးရသည် ဒေသတွင်း အဓိက ကိစ္စရပ်များနှင့် ပတ်သက်၍ တောင်ကိုရီးယား အစိုးရကို ၎င်းတို့ဘက် ပါလာစေရန် ကြိုးပမ်းလျက်ရှိသည်။ လာမည့် တနင်္ဂနွေတွင် ပေကျင်းမြို့တော်သို့ သမ္မတ လီဂျေမြောင် ရောက်ရှိကာ သုံးရက်ကြာ နေထိုင်မည်ဖြစ်သည်။ လီဂျေမြောင်အနေဖြင့် ၂၀၁၉ ခုနှစ် နောက်ပိုင်း တရုတ်နိုင်ငံသို့ ပထမဆုံး လာရောက်သည့် တောင်ကိုရီးယားသမ္မတ ဖြစ်လာမည်ဖြစ်သည်။ ထို့နောက် ဇန်နဝါရီ ၆ ရက်မှ ၇ ရက်အထိ ရှန်ဟိုင်းမြို့သို့ ဆက်လက်ခရီးထွက်မည်ဖြစ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ “ကျူးကျော်စစ်နှင့် နယ်ချဲ့ ရာဇ၀တ်မှုများအတွက် တရားမျှတမှု ရရေး” တရုတ်က ကြိုးပမ်းနေချိန်တွင် တောင်ကိုရီးယားအနေဖြင့် “ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး တရုတ် တနိုင်ငံတည်း မူဝါဒကို လိုက်နာခြင်း အပါအဝင် အခြားသော ကိစ္စရပ်များတွင် မှန်မှန်ကန်ကန် ရပ်တည်ရမည်” ဟု ယုံကြည်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ...

စောင့်ကြည့်ခံ နိုင်ငံ – တရုတ်၏ ကျယ်ပြန့်လာသော နှိပ်ကွပ်မှုများနှင့် ပျောက်ကွယ်လုနီးပါး အရပ်ဘက် လွတ်လပ်ခွင့်များ

Image
မဇ္ဈိမ တရုတ်နိုင်ငံတဝှမ်းတွင် အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်နေသော နှိပ်ကွပ်မှုသစ်များကြောင့် တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ရပြန်ကာ နိုင်ငံအတွင်း အရပ်ဘက် လွတ်လပ်ခွင့်များက နှစ်များစွာအတွင်း မကြုံဖူးသော အဆင့်ထိ ကျုံ့ဆင်းသွားပြီဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များကလည်း သတိပေးနေသည်။ တရုတ်ကွန်မြူနစ်ပါတီ (CCP) လက်အောက်တွင် တင်းကြပ်သည့် စောင့်ကြည့်မှု ကွန်ရက်၊ အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းမှုများနှင့် မသိုးမသန့်နိုင်သည့် ဥပဒေ လက်ကိုင်ပြု အပြစ်ပေးမှုများအတွင်း အလုပ်သမားရေး လှုပ်ရှားသူများ၊ ကျောင်းသား ဆန္ဒပြသူများမှသည် ရှေ့နေများ၊ ဘာသာရေး ယုံကြည်သူများနှင့် အွန်လိုင်း ဝေဖန်ရေးသမားများအထိ ကျယ်ပြန့်သော လူတန်းစား အသီးသီး ပိတ်မိနေကြသည်။ လက်ရှိ ဖြစ်ပေါ်နေသော ထို အရာများသည် သီးခြားဖြစ်ရပ်များ မဟုတ်ဘဲ ပုံစံတကျ စနစ်တကျ ဖိနှိပ်မှုများပဲ ဖြစ်သည်။ ထိုသို့သော ဖိနှိပ်မှုများက သာမန်ကဲ့သို့ ပို ဖြစ်လာကာ လူထု အမြင်မှလည်း ပို၍ ပုန်းကွယ်လာသည်။ တရုတ်တွင် အလုံးစုံသော လူ့အခွင့်အရေး အခြေအနေသည် သိသိသာသာ ဆိုးရွားလာပြီး တရားဥပဒေကြောင်းအရ ရသင့်ရထိုက်သော အခွင့်အရေးများကို ပုံမှန် ငြင်းပယ်ခြင်းနှင့် သဘောထားကွဲလွဲသူများကို နှုတ်ပိတ...

အိန္ဒိယက ဂျပန်ကို ကျော်တက်ပြီး ကမ္ဘာ့စတုတ္ထစီးပွားရေး အကြီးဆုံးနိုင်ငံ ဖြစ်လာခြင်းကို တရုတ် ဂုဏ်ပြု

Image
Mint အိန္ဒိယ စီးပွားရေးက အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၈ ထရီလီယံ အရွယ်အစား ရှိလာကာ ဂျပန်ကို ကျော်တက်ပြီး ကမ္ဘာ့စတုတ္ထ စီးပွားရေး အကြီးဆုံးနိုင်ငံ ဖြစ်လာကြောင်း ဗဟိုအစိုးရက အင်္ဂါနေ့တွင် ကြေညာသည်။ အိန္ဒိယက ဂျပန်ကို ဖြတ်ကျော်ပြီး ယခုကဲ့သို့ စတုတ္ထ အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာခြင်းကို တရုတ်က ဂုဏ်ပြုကြိုဆိုကာ ဤအောင်မြင်မှုက သမိုင်းကို အရှိအတိုင်း လက်ခံခြင်း၊ သမိုင်းထဲက အမှားများကို သင်ခန်းစာယူခြင်းနှင့် အနာဂတ်အတွက် တာဝန်ယူခြင်းတို့၏ စစ်မှန်သော အင်အားမှ ရရှိလာခြင်းဖြစ်ကြောင်း ပြောသည်။ အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ ယုကျင်းက “အိန္ဒိယဟာ ဂျပန်ကို ကျော်တက်ပြီး ကမ္ဘာ့စတုတ္ထ စီးပွား ရေးအကြီးဆုံးနိုင်ငံ ဖြစ်လာမှာ သိရလို့ ဝမ်းသာတယ်၊ အိန္ဒိယရဲ့ တိုးတက်လာမှုဟာ သမိုင်းကို ရိုးသားစွာ ရင်ဆိုင်ခြင်း၊ သင်ခန်းစာယူခြင်းနဲ့ အနာဂတ်အတွက် တာဝန်ယူခြင်းတွေရဲ့ စစ်မှန်တဲ့ အင်အားကနေ ရရှိလာတာကို ပြသနေပါတယ်” ဟု ပြောသည်။ အိန္ဒိယ စီးပွားရေးက အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၈ ထရီလီယံ အရွယ်အစား ရှိလာကာ ဂျပန်ကို ကျော်တက်ပြီး ကမ္ဘာ့ စတုတ္ထ စီးပွားရေး အကြီးဆုံးနိုင်ငံ ဖြစ်လာကြောင်း ဗဟိုအစိုးရက အင်္ဂါနေ့တွင် ကြေညာ...

ရှီကျင့်ဖျင်က ၂၀၂၅ တိုးတက်မှုနှုန်း ရည်မှန်းချက် ၅ ရာခိုင်နှုန်း ပြည့်မီဟု ခန့်မှန်း

Image
AFP သမ္မတ ရှီကျင့်ဖျင်က ၂၀၂၅ ခုနှစ်မှာ “အလွန် ထူးခြားသော” နှစ် တနှစ်ဟု ရည်ညွှန်းပြီး ဖိအားများ ရှိလင့်ကစား နိုင်ငံ စီးပွားရေးက “ငါးရာခိုင်နှုန်းဝန်းကျင်” တိုးတက်သည် ခန့်မှန်းရကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။ ထိပ်တန်း နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့သို့ ပြောကြားသည့် ရှီကျင့်ဖျင်၏ နှစ်သစ်ကူးအကြို မိန့်ခွန်းတွင် ယခုကဲ့သို့ ကြေညာပြောဆိုခြင်း ဖြစ်ကြောင်း နိုင်ငံတော်ပိုင် ရှင်င်ဟွာသတင်းဌာနက ဖော်ပြသည်။ ယခုကဲ့သို့ နှစ်ပတ်လည် စီးပွားရေး တိုးတက်မှုနှုန်းမှာ အစိုးရ၏ တရားဝင် ရည်မှန်းချက်နှင့် ကိုက်ညီနေပြီး ၂၀၂၄ ခုနှစ်က မှတ်တမ်းတင်ထားသည့် ငါးရာခိုင်နှုန်း တိုးတက်မှုနှုန်းနှင့်လည်း တန်းညီသည်။ ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ တရုတ်သည် မကြာသေးမီနှစ်များအတွင်း ဖိအားများနှင့် ပိုမို ရင်ဆိုင်လာရကာ စားသုံးသူ ယုံကြည်မှုမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျဆင်းသွားရာမှ ယနေ့ထက်တိုင် ပြန်လည်ဦးမော့လာနိုင်ခြင်း မရှိသေးပေ။ အိမ်ခြံမြေကဏ္ဍရှိ မပြေလည်နိုင်သေးသော ကြွေးမြီ အကျပ်အတည်း၊ စက်မှုကဏ္ဍတွင် ပိုလျှံ ထုတ်လုပ်မှုနှင့် အမေရိကန်နှင့် ဖြစ်ပွားနေသည့် ကုန်သွယ်ရေးပဋိပက္ခများ ပိုမို...