အိန္ဒိယက ဂျပန်ကို ကျော်တက်ပြီး ကမ္ဘာ့စတုတ္ထစီးပွားရေး အကြီးဆုံးနိုင်ငံ ဖြစ်လာခြင်းကို တရုတ် ဂုဏ်ပြု

Mint

အိန္ဒိယ စီးပွားရေးက အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၈ ထရီလီယံ အရွယ်အစား ရှိလာကာ ဂျပန်ကို ကျော်တက်ပြီး ကမ္ဘာ့စတုတ္ထ စီးပွားရေး အကြီးဆုံးနိုင်ငံ ဖြစ်လာကြောင်း ဗဟိုအစိုးရက အင်္ဂါနေ့တွင် ကြေညာသည်။

အိန္ဒိယက ဂျပန်ကို ဖြတ်ကျော်ပြီး ယခုကဲ့သို့ စတုတ္ထ အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာခြင်းကို တရုတ်က ဂုဏ်ပြုကြိုဆိုကာ ဤအောင်မြင်မှုက သမိုင်းကို အရှိအတိုင်း လက်ခံခြင်း၊ သမိုင်းထဲက အမှားများကို သင်ခန်းစာယူခြင်းနှင့် အနာဂတ်အတွက် တာဝန်ယူခြင်းတို့၏ စစ်မှန်သော အင်အားမှ ရရှိလာခြင်းဖြစ်ကြောင်း ပြောသည်။

အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ ယုကျင်းက “အိန္ဒိယဟာ ဂျပန်ကို ကျော်တက်ပြီး ကမ္ဘာ့စတုတ္ထ စီးပွား ရေးအကြီးဆုံးနိုင်ငံ ဖြစ်လာမှာ သိရလို့ ဝမ်းသာတယ်၊ အိန္ဒိယရဲ့ တိုးတက်လာမှုဟာ သမိုင်းကို ရိုးသားစွာ ရင်ဆိုင်ခြင်း၊ သင်ခန်းစာယူခြင်းနဲ့ အနာဂတ်အတွက် တာဝန်ယူခြင်းတွေရဲ့ စစ်မှန်တဲ့ အင်အားကနေ ရရှိလာတာကို ပြသနေပါတယ်” ဟု ပြောသည်။

အိန္ဒိယ စီးပွားရေးက အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၈ ထရီလီယံ အရွယ်အစား ရှိလာကာ ဂျပန်ကို ကျော်တက်ပြီး ကမ္ဘာ့ စတုတ္ထ စီးပွားရေး အကြီးဆုံးနိုင်ငံ ဖြစ်လာကြောင်း ဗဟိုအစိုးရက အင်္ဂါနေ့တွင် ကြေညာလာခြင်း ဖြစ်သည်။ ထိုပြင် သတင်းထုတ်ပြန်ချက်၌ ၂၀၃၀ ၌ အိန္ဒိယသည် ဂျာမနီကိုလည်း ဖြတ်ကျော်ပြီး တတိယ စီးပွားရေးအကြီးဆုံး ဖြစ်လာရန် တာဆူနေကြောင်းလည်း ထပ်မံဖြည့်စွက် ဖော်ပြထားသည်။

အိန္ဒိယသည် ကောင်းမွန်သော တိုးတက်နှုန်း ဆက်ပြနေပြီး ကမ္ဘာ့ အဓိက စီးပွားရေးနိုင်ငံများအနက် အမြန်ဆုံး တိုးတက်နေသော နိုင်ငံလည်း ဖြစ်သည်။

အိန္ဒိယ၏ အမှန် GDP သည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်၌ ၇ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၂၅-၂၆ ပထမ သုံးလပတ်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ဒုတိယ သုံးလပတ်တွင် ၈ ဒသမ ၂ ရာခိုင်နှုန်းထိ ကြီးထွားခဲ့သည်။

“ဂျီဒီပီ တန်ဖိုးက ဒေါ်လာ ၄ ဒသမ ၁၈ ထရီလီယံ ရှိပြီး အိန္ဒိက ကမ္ဘာ့ စတုတ္ထ စီးပွားရေး အကြီးဆုံးအဖြစ် ဂျပန်ကို ကျော်တက်ခဲ့ကြေင်း၊ လာမည့် နှစ်နှစ်ခွဲနှင့် သုံးနှစ်အတွင်း ဂျာမနီကို ဖြတ်ကျော်ကာ တတိယ နေရာသို့ ရောက်ရှိပြီး ၂၀၃၀ တွင် ဂျီဒီပီ ဒေါ်လာ ၇ ဒသမ ၃ ထရီလီယံအထိ ရှိလာမည် ခန့်မှန်းကြောင်း” အစိုးရ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Mint မှ China hails India overtaking Japan as world’s 4th largest economy, says ‘true strength comes from…’ ကို မိုးသဲ ဘာသာပြန်သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်