Thursday, August 16, 2012

မန္တလေးတိုင်း ဟိုတယ်ဇုန်သစ်တွင် ရင်းနှီးမြှုပ်နှံလိုသူများ ဖိတ်ခေါ်

တင်ဇာအောင် | ကြာသပတေးနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၄၉ မိနစ်   

ရန်ကုန် (မဇ္ဈိမ) ။       ။ မန္တလေးတိုင်းဒေသကြီးအတွင်း ခန့်မှန်းဧရိယာ ဧက ၃,ဝဝဝ ကျော် အကျယ်အဝန်းရှိ ဟိုတယ်ဇုန်သစ် တခုတွင် ဟိုတယ်လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ပြောသည်။

ဟိုတယ်ဇုန် ဖော်မည့်နေရာမှာ ကျောက်ဆည် ခရိုင်၊ တံတားဦးမြို့နယ်၊ မန္တလေးမြို့နှင့် မြို့သာမြို့ကြား ဧရာဝတီ မြစ်ကမ်းနံဘေးတွင် ဖြစ်သည်။

“လုပ်ငန်းရှင်တွေ အနေနဲ့ လုပ်ငန်းအဆိုပြုလွှာ တင်ချင်တယ်ဆိုရင် ဟိုတယ်/ခရီး ရဲက ထောက်ခံချက်နဲ့အတူ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ရမှာပါ။ လုပ်ငန်းရှင်တွေ အနေနဲ့ မြေနေရာ ရရှိဖို့အတွက် ဟိုတယ်/ခရီး ကို ထောက်ခံချက် တောင်းလာတာ ဒီနေ့အထိ ၂၈ ဦး ရှိပါတယ်။ အဲဒီအထဲကမှ စာရွက်စာတမ်း ညီညွတ်တဲ့ ၂ဝ ဦးကို ထောက်ခံချက် ပေးပြီးပါပြီ။ လာရောက်တဲ့ သူတွေထဲမှာ စိတ်ဝင်စားတဲ့သူတွေရော၊ လုပ်ငန်းရှင်တွေရော ပါပါတယ်” ဟု ဟိုတယ်/ခရီးမှ တာဝန်ရှိသူ တဦးက ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates