Wednesday, August 15, 2012

သာတူညီမျှ တက်လမ်းဖွင့်ပေးစေချင်

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၄၇ မိနစ်

ကျမ ကတော့ နည်းပညာ တက္ကသိုလ်တခုက ကထိက ဆရာမတဦး ဖြစ်ပါတယ်။ ကျမတို့ ဝန်ကြီးဌာနမှာ ဇူလိုင်လတုန်း က ရာထူးတိုးတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေ ကန့်သတ်ချက်တွေပါတဲ့ စာနဲ့ပတ်သက်ပြီး ပြောချင်လို့ပါ။

ကျမ ကထိကရာထူးရထားတာ ကြာလှပါပြီ။ ME ဘွဲ့ပဲဆိုရင် ကထိကအထိပဲ ပေးမယ်ဆိုပြီး ဖြစ်သွားတော့ ကျမတို့လို ME ကထိကတွေဟာ တသက်လုံး ရာထူးမတိုးတော့ဘူး ဖြစ်သွားပါပြီ။

PhD ဘွဲ့ကိုတော့ ပရော်ဖက်ဆာ ရာထူးထိ Time scale နဲ့ ပေးထားပြီး ကျန်တာ Vacancy ပေါ် မူတည်ပြီးပေးသွားမယ် လို့ ပြောထားပါတယ်။ PhD ဘွဲ့ရတွေကို ကျမတို့ ME ဘွဲ့ရဆရာတွေကပဲ သင်ပေးလာခဲ့တာပါ။ တပည့်တွေအပေါ် မနာလိုရာ ရောက်မလားတော့ စိုးရိမ်မိပါတယ်။

လက်ရှိ AP ရာထူး ရထားကြပြီး  ခုစနစ်အရဆိုရင် နောင် နှစ်နှစ် သုံးနှစ်လောက်ဆို ပရော်ဖက်ဆာ ရာထူးတွေရကြတော့ပေမယ့် ကျမတိုကျတော့ ကထိက ရာထူးမှာ ရပ်သွားပါပြီတဲ့။  နောက်ပိုဆိုးတာက စီမံခန့်ခွဲရေးဘက်မှာ တာဝန် ထမ်းဆောင်နေတဲ့ သာမန်ဘွဲ့ရ ဝန်ထမ်းတွေကို ကျတော့လည်း ဒုညွှန်မှူး (AP  နှင့် ရာထူးတူ) အထိ ပေးထားပြန်ပါ တယ် အဲဒီတော့ Engineering Master (ME) ဘွဲ့က သာမန်ဘွဲ့လောက်တောင် ရာထူးမရနိုင် ဖြစ်သွားပြန်ပါတယ်။

အတို ချုပ်ပြောရရင်တော့

(၁) ဘယ်ဝန်ထမ်းကိုမှ  အပြစ်မရှိဘဲ လစ်လပ်နေရာလဲ ရှိလျက်နဲ့ ရာထူးတိုးရပ်သွားတာမျိုး မဖြစ်စေချင်ပါ။

(၂) နိုင်ငံခြားပညာသင်နှင့် လေ့လာရေးခရီးများ စေလွှတ်ရာတွင် ထပ်ကာတလဲလဲ သွားနေရသူများရှိသလို တခေါက်မျှ မသွားရသေးသူများအားလည်း စဉ်းစားပေးစေချင်ပါတယ်။

(၃) ကြိုးစားခဲ့ရတာချင်းမတူ၊ ဆယ်တန်းအမှတ်ချင်းမတူ၊ တက်ခဲ့ရတဲ့ နှစ်တွေလည်းမတူတဲ့ ဝန်ထမ်းတွေကို အတူတူလောက်နီးနီး တန်းညှိထားတာလည်း ပြန်စဉ်းစားစေချင်ပါတယ်။

(၄) ဝန်ထမ်းများ ပြောင်းရွှေ့ခြင်းဆိုင်ရာ ကိစ္စများကိုလည်း မြို့ပေါ်နှင့် နယ် မျှတစွာ စဉ်းစားပေးစေချင်ပါတယ်။
(၅) အိမ်ထောင်သည် ဝန်ထမ်းများ နေစရာအခက်အခဲများကိုလည်း စဉ်းစားပေးစေချင်ပါတယ်။

ကထိကတဦး

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates