Tuesday, July 5, 2011

ဦးကျားကြီးဝင်းမီး ကျပ်သိန်း ၄ဝ ကျော်ဆုံး

မဇ္ဈိမသတင်းဌာန| အင်္ဂါနေ့၊ ဇူလိုင်လ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မန္တလေး မဟာအောင်မြေ မြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက်ရှိ ဦးကျားကြီးဝင်းတွင် မီးလောင်မှု အင်္ဂါနေ့နံနက်က ဖြစ်ပွားရာ ကျပ်သိန်းပေါင်း ၄၀ ကျော်ဖိုး ဆုံးရှုံးသွားသည်ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ပြောသည်။

ပလတ်စတစ်ပုံးထဲသို့ ဓာတ်ဆီလောင်းထည့်ရာက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အာစီ နှစ်ထပ်တိုက် လူနေအိမ် နှစ်လုံးနှင့် ဂိုဒေါင် တလုံး မီးလောင်ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

အရန်မီးသတ် ၇၀ ကျော် အပါအဝင် ရဟန်း ရှင်လူအများ မီးငြိမ်းသတ်မှုတွင် ကူညီပေးခဲ့ကြသည်။


 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates