Tuesday, July 5, 2011

မန္တလေး ဦးကျားကြီးဝင်း မီးလောင်

မဇ္ဈိမသတင်းဌာန| အင်္ဂါနေ့၊ ဇူလိုင်လ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၀ နာရီ ၄၅ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။    ။ မန္တလေးမြို့ ၃၅ လမ်းနှင့် ၈၄ လမ်းထောင့်ရှိ ဦးကျားကြီး ဝင်းအတွင်း မီးလောင်လျက် ရှိသည်။

လွန်ခဲ့သော တနာရီကျော်ကတည်းက လောင်ကျွမ်းနေခဲ့သော မီးသည် ကားတာယာများ ထားရှိသော ဂိုဒေါင်တလုံးကို လောင်ကျွမ်းနေပြီး နှစ်ထပ်အိမ် နှစ်လုံးကို လောင်ကျွမ်းခဲ့ပြီး ဖြစ်သည်။

မီးသတ်ကား အစီး ၅ဝ ကျော်ဖြင့် မီးငြိမ်းသတ်ရန် ကြိုးစားလျက် ရှိသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ၈၄ လမ်းထောင့်ရှိ ဦးကျားကြီးဝင်းအတွင်း မီးလောင်နေရာသို့ မီးငြိမ်းသတ်ရန် မီးသတ်ကားများ ဝင်ရောက်လာသည်ကို အင်္ဂါနေ့ ဇူလိုင် ၅ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ    

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates