Tuesday, August 14, 2012

ဒုတိယ သမ္မတသစ် အမည် သြဂုတ် ၁၅ ရက်နေ့ ကြေညာမည်

မြတ်ကျော်သူ | အင်္ဂါနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၀၂ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်ထောင်စုအစိုးရ၏ ဒုတိယ သမ္မတသစ် အမည် ကြေညာခြင်းနှင့် ကျမ်းသစ္စာ ဆိုခြင်းကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း ထိုနေ့ လွှတ်တော် အစီအစဉ်တွင် ပါရှိသည်။

ပြည်ထောင်စု လွှတ်တော်၏ ၂၅ ရာခိုင်နှုန်း နေရာယူထားသည့် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်မြှောက်သည့် ဒု-သမ္မတ၏ အမည် ကြေညာခြင်းနှင့် ၎င်းက ပြည်ထောင်စုလွှတ်တော် နာယက ရှေ့မှောက် တွင် ကတိသစ္စာပြုခြင်း အစီအစဉ်တို့ကို တပြိုင်နက်တည်း ပြုလုပ်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်း သည်  ဒု-သမ္မတသစ်အဖြစ် ရေပန်းစားလျက်ရှိပြီး  ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး (ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေး ဝန်ကြီးဌာန)၊ ဗိုလ်ချုပ်ကြီး လှဌေးဝင်း (ကာကွယ်ရေးဝန်ကြီးဌာန) တို့မှာလည်း ဒု-သမ္မတ ဖြစ်နိုင်ခြေရှိကြောင်း သိရသည်။

ဒု-သမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ ကျန်းမာရေး အကြောင်းပြချက်ဖြင့်
မေလဆန်းပိုင်းက နုတ်ထွက် သွားခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates