Wednesday, August 15, 2012

ရွှေပြည်သာနှင့် လှိုင်သာယာ လယ်သမားတို့ လျော်ကြေးရလို

အောင်မြတ်ထွန်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၆ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များရှိ အသိမ်းခံရသော လယ်မြေများအတွက် လယ်သမားများက လျော်ကြေး တဧကလျှင် သိန်း ၂၀၀ ရလိုကြောင်း အိုးအိမ်ဌာနသို့ တင်ပြ တောင်းဆိုသွားမည်ဟု လယ်သမားများအရေး ကူညီဆောင်ရွက်နေသူ ဦးဝင်းချိုက ပြောသည်။

၁၉၉၄ ခုနှစ်အတွင်း အဆိုပါ ကုမ္ပဏီက စက်မှုဇုန်ဆောက်လုပ်ရန် အကြောင်းပြချက်ဖြင့် အတွင်းပဒံ၊ အပြင်ပဒံ၊ ကျွန်းကြီး၊ ကျွန်းကလေး ကျေးရွာများမှ လယ်သမား ၇၂ ဦး၏ လယ်မြေ ဧက ၆၀၀ ကျော်ကို သိမ်းယူခဲ့ပြီး စက်မှုဇုန် အကောင်အထည် ပေါ်မလာခြင်းကြောင့် လယ်သမားများ၏ တောင်းဆိုမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

လယ်သမားများက မေလအတွင်း ရန်ကုန်တိုင်း မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် မိမိတို့၏ လယ်မြေများအတွက် ထိုက်တန်သည့် လျော်ကြေးရရှိရန် တောင်းဆိုခဲ့ကြသော်လည်း ရလဒ်ထွက်ပေါ်လာခြင်း မရှိသည့်အတွက် စက်တင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်ရှိ အိုးအိမ်ဦးစီးဌာနရုံးသို့ ထပ်မံသွားရောက်ကာ ဆန္ဒဖေါ်ထုတ်ရန် ပြင်ဆင်နေကြသည်ဟုလည်း ဦးဝင်းချို က ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates