(ကြားဖြတ်နှင့် သတင်းအကျဉ်း)
မျိုးသန့် | သောကြာနေ့၊ နိုဝင်ဘာလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၁ မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ ပြင်ဆင်မှု သုံးခုပြုလုပ်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို
သမ္မတ ဦးသိန်းစိန်မှ လက်မှတ်ထိုးကာ သောကြာနေ့တွင် ထုတ်ပြန်လိုက်သည်ဟု မြန်မာ့ရုပ်မြင်သံကြား၏
ညရှစ်နာရီ သတင်းတွင် ပါရှိသည်။
သမ္မတဦးသိန်းစိန်က လွှတ်တော်နှစ်ရပ်လုံးက ပြန်လည်ပြင်ဆင်ခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်
ဥပဒေမူကြမ်းကို သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ဥပဒေသစ်တွင် “အခြေခံ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူသည့်နေရာတွင် “ထိန်းသိမ်းစောင့်ရှောက်” စကားရပ်အစား “လေးစားလိုက်နာ” ဟုပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီတခုသည်
အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဆိုသော ကန့်သတ်ချက်နှင့် ထောင်ဒဏ်
ကျခံနေသူများ နိုင်ငံရေး ပါတီဝင် မဖြစ်ရ ကန့်သတ်ချက်များ ပယ်ဖျက်ခြင်းတို့ ပြုလုပ်ထားသည်။