ချင်းမိုင်(မဇ္စျိမ)။ ။ နယ်ခြားစောင့်တပ် လက်မခံသော ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သတိပေးချက်အရ ယနေ့နောက်ဆုံးထား အရေးယူသွားမည် ဖြစ်သည်။
ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူများ တရုတ်နယ်စပ်အနီး ထွက်ပြေး တိမ်းရှောင်နေမှုများ ရှိနေကြောင်း သိရသည်။
တချိန်တည်းမှာပင် ကေအိုင်အိုဌာနချုပ် အနီးတဝိုက်တွင် မူးယစ်ဆေးဈေး ၁ ဆ တက်သွားရာ ဘိန်းဖြူ ကော်ဖီဇွန်းတဇွန်းလျှင် ၂၅ဝဝ မှ ၃၅ဝဝ ကျပ်၊ ရာမဆေးပြား တပြားလျှင် ၂၅ဝ မှ ၅ဝဝ ၊ ဘိန်းမဲဖြင့် ရောထားသော ခတ်ပုံ အလုံး ၅ လုံးကို ကျပ် ၅,ဝဝဝ သို့ မြင့်တက်လာကြောင်း သိရသည်။
ကေအိုင်အို၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းကို
ဆေးပြားတွေကိုတော့ စက်ရုံအကြီးကြီး မဟုတ်ဘဲနဲ့ ကားပေါ်မှာတင်ပြီး စက်ကလေးနဲ့တောင်မှ လုပ်လို့ရတယ်လို့ သိရတယ် |
ကချင်ပြည်နယ်အတွင်း မူးယစ်ဆေး သုံးစွဲမှု အခြေအနေ ဘယ်လိုရှိလဲ။ ရာခိုင်နှုန်းအားဖြင့် ဘယ်လောက် ရှိလဲ။ ဘယ်အသက်အရွယ်တွေ အသုံးများဆုံးလဲ။
ကျနော်တို့ ကချင်ပြည်နယ်မှာ မူးယစ်ဆေးစွဲတဲ့သူတွေ တော်တော်များတယ်ခင်ဗျ၊ လူငယ် ရာခိုင်နှုန်းအားဖြင့် ၆ဝ နဲ့ ၇ဝ ကြားရှိတယ်။ အသေးစိတ် ကောက်ထားတာတော့ မဟုတ်ဘူး။ ပြည်သူလူထုကြားမှာကြည့်ပြီး ခန့်မှန်းထားချက်ပါ ခင်ဗျာ၊ အသက်အရွယ်ကတော့ ၁၅ နှစ်ကနေ ၄ဝ ကြားလူတွေ များတယ်။
ဘိန်းချက်စက်ရုံတွေက ဘယ်ဒေသတွေမှာရှိလဲ။ စက်ရုံ ဘယ်နှစ်ရုံရှိလဲ။
ဘိန်းချက်စက်ရုံဘယ်နေရာမှာ ဘယ်နှစ်ခုရှိတယ်ဆိုတာ လက်ပူးလက်ကျပ် တွေ့တာ မရှိသေးဘူးခင်ဗျ၊ အဲဒါကြောင့် ကျနော်တို့ကတော့ အသေးဘိန်းထုတ်လုပ်တဲ့ နေရာကို အသေးစိတ်စုံစမ်းနေတုန်း ရှိပါသေးတယ်။
ဒီမူးယစ်ဆေးဝါးတွေက ဘယ်လိုနည်းနဲ့ သုံးစွဲသူတွေ လက်ထဲရောက်လာလဲ။ ဘယ်ဒေသတွေကနေ ကချင်ပြည်နယ်ထဲကို ဝင်ရောက်လာတာလား။
ကျနော်တို့ကြားသလောက်တော့ ဥပမာ ဆေးပြားတွေကိုတော့ စက်ရုံအကြီးကြီးမဟုတ်ဘဲနဲ့ ကားပေါ်မှာတင်ပြီး စက်ကလေးနဲ့တောင်မှ လုပ်လို့ရတယ်လို့ သိရတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ မသိသေးဘူး။ ဒီကချင်ပြည်နယ်မှာ ဝင်လာတဲ့ အများစုကတော့ ရှမ်းပြည်ဘက်က ဝင်လာတာလဲ ရှိပါတယ်။ ကချင်ပြည်နယ် နယ်စပ်တွေမှာလည်း ထုတ်တယ်လို့ ထင်မြင်ချက်တွေ ရှိနေတယ်ခင်ဗျ။
ကချင်ပြည်နယ်မှာ ထွက်တဲ့ မူးယစ်ဆေးဝါးတွေကို တရုတ်နိုင်ငံကိုရော တင်သွင်းတာ ရှိလား။
ရှိမှာပါ၊ ဒါပေမဲ့ ကျနော်တို့ကတော့ ပြည်ပသွင်းတယ်ဆိုတာ အသိအကျ မသိသေးဘူး။
ဖားကန့်လိုနေရာမျိုးမှာ လူတိုင်းသိတဲ့ ဘိန်းခန်းတွေရှိနေတယ်။ အဲဒါတွေကို ဘယ်လိုနှိမ်နင်းမလဲ။
နိုင်ငံတော်အစိုးရကလည်း ဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းမှာ ကျနော်တို့ကို ကူညီမယ့် အပိုင်းရှိမှာမဟုတ်ပါဘူး။ အရင်တုန်းကလဲ ကူညီတာ မရှိဘူး။ |
တခြားဒေသတွေမှာရော ဘယ်လို ပုံစံတွေနဲ့ မူးယစ်ဆေးတိုက်ဖျက်သွားမလဲ။
အခု ကျနော်တို့ စီစဉ်ထားပါတယ်၊ အုပ်ချုပ်တဲ့ နယ်မြေဆိုတာ အားလုံးသိတဲ့အတိုင်း လုပ်ငန်းလုပ်ဖို့ နည်းနည်း အခက်အခဲ ရှိနေတယ်။ ဒါပေမဲ့ အခု ဘာသာရေး၊ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာ၊ ပြည်သူတွေအားလုံးနဲ့ ဝိုင်းပြီးတော့ စုပေါင်းလုပ်သွားဖို့ စီစဉ်ထားတယ်။ ဒီလဆန်းပိုင်းက စပြီးတော့ ပြည်သူလူထု၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ယဉ်ကျေးမှု ခေါင်းဆောင်တွေ၊ လူငယ်ပိုင်းတွေကို အသိပညာပေးဖို့ တာဝန်ပေးထားတာတွေ ရှိပါတယ်။
စစ်တပ်ထဲကရော ပြည်သူအရပ်သား မူးယစ်ဆေးဝါး သုံးစွဲသူတွေလို ဘိန်းဖြတ်ဆေးရုံမှာဘဲ ဖြတ်ပေးမလား။
အရင်တုန်းကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြတ်ကြတယ်။ အခုတော့ ဘိန်းဖြတ်ပေးဖို့ နေရာကို ဘာတွေ လုပ်ပေးဖို့ အစီအစဉ်တွေ ရှိပါတယ်။
ဘိန်းသုံးစွဲသူတွေကို ဘိန်းဖြတ်ပေးဖို့ အလှူငွေ တခြားအဖွဲ့အစည်း၊ နိုင်ငံခြား အဖွဲ့အစည်းတွေကရော ကမ်းလှမ်းလာတာ ရှိလား။
မရှိသေးပါဘူး ခင်ဗျ၊ ကျနော်တို့ အလှူပေးမယ့် အဖွဲ့အစည်းတွေကို လက်လှမ်းမီသလောက် ရှာဖွေနေပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့ အဖွဲ့အစည်းတွေကလဲ ကူညီပေးမယ် မျှော်လင့်ပါတယ်။
စစ်အစိုးရကကော ဘိန်းတိုက်ဖျက်ရေးမှာ ကူညီဖို့ ကမ်းလှမ်းတာ မရှိဘူးလား။ အရင်တုန်းကရော ရှိဘူးလား။
အခုလောလောဆယ်တော့ မရှိဘူး။ ဒါပေမဲ့ နိုင်ငံတော် အစိုးရကလဲ ဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းမှာ ကျနော်တို့ကို ကူညီမယ့် အပိုင်းရှိမှာမဟုတ်ပါဘူး။ အရင်တုန်းကလည်း ကူညီတာ မရှိဘူး။ ဒါပေမဲ့ ပေါင်းပြီးတော့ နည်းနည်းပါးပါး လုပ်တာတော့ ရှိတယ်။
KIO မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်လုပ်ဖို့ ဘယ်လို တွန်းအားတွေဖြစ်လာတာလဲ။ ဘာကြောင့် အခုမှ ဒီအစီအစဉ်တွေ လုပ်လာတာလဲ။
အရင်ကတည်းကနေ မူးယစ်ဆေးဝါး တိုက်ဖျက်တာတွေ ရှိပါတယ်။ ၁၉၆၄ ကထဲကနေ မူးယစ်ဆေးဝါး တိုက်ဖျက်တာရှိတယ်။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း အစိုးရနဲ့ အပစ်အခတ် မရပ်စဲသေးဘူးဆိုတော့ အဲဒါကို လုပ်ဖို့ ဦးစားမပေးနိုင်ခဲ့ဘူး။ ၁၉၉၁ နောက်ပိုင်း ကေအိုင်အိုက ဘိန်းခင်း ပပျောက်ရေးတို့ ဘိန်းပပျောက်ရေးတို့ ပြန်ပြီးတော့ လုပ်လာခဲ့တယ်။ ဒီအချိန် ပြန်လုပ်တာကတော့ အင်မတန်မှ မူးယစ်ဆေးဝါး သုံးစွဲသူ များပြားလာတာ တွေ့လာရလို့ ဦးစားပေးလုပ်ဖို့ စီစဉ်ဖြစ်တာပါ။
ဝ' တပ်ဖွဲ့နယ်မြေအတွင်းမှာတော့ NGO အဖွဲ့အစည်းတွေ ဥပမာ- WFP တို့လို အဖွဲ့တွေက ဝင်ရောက်ပြီး ကူညီပေးနေတာတွေ ရှိတယ်။ ကေအိုင်အိုအဖွဲ့မှာက ဘာကြောင့် အဲဒီလိုအဖွဲ့တွေကို ဝင်ရောက်ခွင့် မပေးတာလဲ။
အခုလောလောဆယ်တော့ မရှိသေးပါဘူး။ ကျနော်ထင်တာက အရင်တုန်းက ဦးစားပေး မလုပ်တဲ့အတွက် အကူအညီ မပေးတာလို့ ထင်တယ်။
ဒီနေ့ဆိုရင် ဗိုလ်ကြီးတို့ အနေနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှု၊ ရောင်းဝယ်မှုများ တွေ့ရှိပါက အမြင့်ဆုံး အရေးယူမယ်လို့ ပြောတယ်။ အဲဒါ အကောင်အထည်ဖော်ဖို့ ဘယ်လို ဥပဒေ၊ ပြစ်ဒဏ်တွေ ချမှတ်သွားဖို့ စီစဉ်ထားလဲ။
ကျနော်တို့ ပထမ ပြည်သူလူထုအားလုံးကို ပညာပေးဖို့ သတိပေးတာတွေ အရင်လုပ်မယ်။ ဆက်ပြီးတော့ ဥပဒေအရ တရားရုံးတင်ပြီးတော့ ထိုက်ရာ တန်ရာလုပ်သွားမှာပါ။ စည်းကမ်း ဥပဒေအရ ဒဏ်ရိုက်တာတွေ ရှိလာမှာပါ။
ကချင်ပြည်နယ်မှာ မူးယစ်ဆေးစွဲတဲ့သူတွေ တော်တော်များတယ်ခင်ဗျ၊ လူငယ် ရာခိုင်နှုန်းအားဖြင့် ၆ဝ နဲ့ ၇ဝကြားရှိတယ်။ |
အရင်တုန်းကရော မူးယစ်ဆေးဝါး ရောင်းသူတွေ၊ စားသုံးသူတွေကို ဖမ်းမိရင် ဘယ်လို အရေးယူမှုတွေ လုပ်ခဲ့လဲ။
ထောင်တော့မရှိဘူး။ အချုပ်မှာ ချုပ်ပြီးတော့ ဒဏ်ခတ်တာတွေရှိတယ်။
လက်ရှိ ကေအိုင်အိုကနေ သတိပေးကြေငြာချက်တွေ ထုတ်ပြန်လိုက်တော့ ဘိန်းရောင်းဝယ်သူနဲ့ သုံးစွဲသူတွေ အပြောင်းအလဲ ဘယ်လိုရှိလဲ။
လောလောဆယ်တော့ အဓိက ဒီဌာနချုပ် လိုင်ဇာတဝိုက်မှာတော့ တော်တော်လေး နည်းလာတယ်လို့ ကြားရတယ်။ ဘိန်းသုံးစွဲတဲ့သူတွေ တရုတ်ပြည်ဘက်ခြမ်းကို ရွှေ့သွားတယ်လို့ ကြားရတယ်။
ကေအိုင်အိုနဲ့ စစ်အစိုးရ ဆက်ဆံရေးအခြေအနေ တင်းမာနေချိန် ဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ တစုံတရာ ထိခိုက်လာနိုင်မလား။
ကျနော်တို့ကတော့ အတတ်နိုင်ဆုံး သူတို့ဘာဘဲ ပြောပြော လုပ်နိုင်သလောက် လုပ်မှာဘဲ။
ဗိုလ်ကြီး တခြားဘာများ ပြောချင်သေးသလဲ။
ကျနော်တို့ ကချင်လူထုအတွက် ဘိန်းဖြတ်ပေးဖို့မှာ နိုင်ငံတကာ အသိုင်းအဝိုင်းက အကူအညီတွေ အများကြီး လိုနေတယ်။