မဇ္ဈိမသတင်းဌာန
ဦးသန်းထွန်း
“VOA၊ BBC၊ RFA စတာတွေကို နားထောင်နေကျ ဖြစ်လို့ ရွေးကောက်ပွဲ အကြောင်း သိပြီးဖြစ်တယ်။
ဦးသန်းထွန်း |
ကျွန်းဘိုပင်ရွာ၊ပခုက္ကူခရိုင် |
ရွာက ရွာလူကြီးတွေနဲ့ ကြံခိုင်ရေး လူကြီးတွေရဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်နေတာကို အမြဲခံနေရတဲ့ သူတွေပါ။၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ တုန်းကလည်း မှန်ကန်မှု မရှိခြင်းကြောင့် မဲရုံကို မသွားခဲ့ဘူး။ အဲဒီတုန်းက ရွာသားတွေက ရွာလူကြီးတွေက အသံချဲ့စက်မှတဆင့် ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။ ရယက ဥက္ကဌ ကိုကြီးလှိုင် ဆိုသူက ကြက်ခြေခတ် ခြစ်ရင် ထောင် ၁နှစ် ချမယ်လို့ ပြောလို့ ရွာသားတွေ အမှန်ခြစ်ခဲ့ရတယ်”
ရေဗက္ကာဝင်း
|
ရေဗက္ကာဝင်း |
အဆိုတော်၊ ရန်ကုန်မြို့ |
“ရေဗက္ကာအနေနဲ့ကတော့ နောက်တက်လာမယ့် အစိုးရက ရေဗက္ကာတို့ တိုင်းပြည်ကို ကောင်းမွန်အောင်၊ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေး စီးပွားရေး အစစအရာရာ ကောင်းမွန်အောင် လုပ်ပေးနိုင်ဖို့ ရေဗက္ကာ မျှော်လင့်တယ်၊ အဲဒါမျိုးတွေကို လုပ်ပေးနိုင်တဲ့၊ အာမခံပေးနိုင်တဲ့ ပါတီကိုပဲ ရေဗက္ကာက မဲပေးချင်ပါတယ်”
အမျိုးသမီးတဦး
“ကျမကတော့ ဘယ်ပါတီကိုမှ မဲပေးဖို့ မစဉ်းစားထားဘူး။ ကျမတို့က ပညာတတ်တွေဆိုတော့ အခြေခံဥပဒေတွေကို နားလည်ပြီးသားလေ။ ဥပဒေတွေက တဖက်သက်ကြီး ဖြစ်နေတော့
အမျိုးသမီးတဦး |
GEC ဝန်ထမ်းဟောင်း |
မဲရုံသွားဖို့ စိတ်ကူး မရှိပါဘူး။ကျမပတ်ဝန်းကျင်မှာတော့ ရွာလူကြီးတွေက ကြံ့ခိုင်ရေးကို မဲပေးဖို့ ခုတည်းကစည်းရုံးနေတာ။ ကျမတို့လို ပညာတတ် တွေကို သူတို့ အဲဒီလိုလုပ်လို့ မရဘူးလေ။ ကျမအနေနဲ့ကတော့ မဲပေးဖို့လည်း ဆန္ဒမရှိဘူး။ မဲရုံသွားဖို့လည်း မရှိဘူး။ ပညာမတတ်တဲ့ သူတို့ ခြိမ်းခြေက်လို့ရတဲ့ သူတွေပဲ ကြံခိုင်ရေးကို မဲပေးမှာပေါ့။ သူတို့ မဲပေးမယ့် လူတွေကတော့ နိုင်ငံတော် ပိုက်ဆံကို အလွှဲသုံးစားနေတဲ့ သူတွေလေ။ ကျမတို့ကတော့ မပေးဘူး”
အမျိုးသားတဦး
“ကျနော်တို့ဆီမှာဗျာ ကြံခိုင်ရေးက မဲရဖို့အတွက် တီရှပ်တွေပေး၊ ဦးထုပ်တွေပေးနဲ့ စည်းရုံးနေတာဗျို့။ ကျနော်ကဗျာ မဲမပေးဘူး။ ဒီလူတွေက
အမျိုးသားတဦး |
ပုဂံ ညောင်ဦးခရိုင် |
ဟုတ်မှာမဟုတ်တာ။ ကျနော့် မိသားစုတွေရော မဲရုံ မသွားဘူးဗျ။ ရွာထဲမှာဆို ဒီလူက တထောင်ထောင်နဲ့ အစည်းဝေး တက်ရင်တောင် ၂,ဝဝဝ ရတာ။ နိုင်ငံတော်ရဲ့ ဘက်ဂျက်ကို ဒီလူတွေက လိမ်စားနေတာ။ ကျနော်က သူတို့ ပေးတော့ ဦးထုပ် အင်္ကျီတော့ ယူထားမိတယ်ဗျို့။ ဒါတွေက အလကားရတော့ ယူထား ရတာပေါ့ဗျ။ ”
အမျိုးသမီးတဦး
“သုံးမကျတဲ့ လူတွေကို မဲပေးရမယ်ဆိုလည်း အလကားပဲပေါ့။
အမျိုးသမီးတဦး |
ကုန်သည်၊ကျောက်ပန်းတောင်းမြို့ |
အမကတော့ ဘယ်သူ့ကိုမှ မဲမပေးဘူး။ အမ နီးစပ်ရာကိုလည်း ပြောမယ်။ ဘယ်သူ့ကိုမှ မဲမပေးစရာ မလိုဘူးလို့ ”
ဦးချက်ကြီး
“မျက်စိလည်း အလကား ကုပေးတယ်။ မင်းဘူးတမြို့နယ်လုံးပေါ့၊ စကုမြို့နယ်ထဲက ဘယ်ရွာရွာပေါ့။ ဘယ်ရောဂါမဆို လာပြ၊ ပြသမျှ ရောဂါ
ဦးချက်ကြီး |
ထမင်းဆိုင်ပိုင်ရှင်၊ စကုမြို့ |
အကုန်ကုပေးတယ်။ မျက်စိ ခွဲကုတဲ့ လူကျတော့ မျက်မှန် လိုအပ်တဲ့လူကို မျက်မှန်ပေးတယ်။ လူမမာတွေကို ထမင်း အလကား ကျွေးတယ်။ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းကလည်း ဆည်မြောင်း ကျောင်းကန် တံတားဆောက်ပေးနေတယ်တို့၊ လျှပ်စစ် ဓါတ်အားပေးဖို့ တမန်တွေ ဘာတွေ တည်ဆောက် ပေးနေပါတယ်ဆိုပြီး။ အဲဒီကစပြီး စည်းရုံးသွားတာ။”
ကိုသက်
“ကျနော်တို့ ပုဂံမှာ ရွေးကောက်ပွဲဝင်မယ့်သူတွေက ဘုရား လူကြီး တွေဗျ။ ဒီလူကြီးတွေက ဘုရားနဲ့ ပတ်သက်တဲ့ ပိုက်ဆံတွေ စားနေတာဗျာ၊ လူကြီး ဝင်လုပ်မယ်ဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ၊ ကျနော်တို့ တိုင်းပြည်ရဲ့
အနာဂတ်ကို၊ ကျုပ်ကတော့ မဲဘယ်သူ့ ထည့်ရမယ်မှန်း မသိတော့ ဘယ်သူ့မှ မထည့်ဘူးဗျာ။ အသဲကြားက မဲတပြားကတော့ ဘာမဟုတ်တဲ့ ကောင်တွေ အတွက် အလကား အဖြစ်မခံနိုင်ဘူးဗျ။ မဲမပေးဘဲ နေမယ်ဗျာ ကိုယ့်အခွင့်အရေးပဲလေ။ မြို့ပေါ်ကလူတွေက မဲသွားမပေးလည်း ကိစ္စမရှိဘူး။ အကြောက်တရား အခြေခံ ရှိနေတဲ့ တောနယ်ကလူတွေက နီးရာဓါး ကြောက်ရတော့ သွားထည့်မှာပေါ့ဗျာ”
ကိုဖြိုးမင်းကို
ကိုဖြိုးမင်းကို |
ပွင့်ဖြူမြို့နယ် |
“ ကြံခိုင်ရေး ပါတီက အစည်းအဝေးခေါ်လို့သွားရင် လက်ဘက်ရည်ဖိုး ၂ဝဝဝ ပေးတယ်၊ လူများရင်တော့ ၁ဝဝဝ ပေးတယ်။”
အမျိုးသားတဦး
“ရွေးကောက်ပွဲကို စိတ်ဝင်စားတယ်လို့တော့ မဟုတ်ပါဘူး၊ ရခိုင်မှာ ကတော့ ရခိုင်ပါတီကိုပဲ မဲထည့်ကြမယ်လို့ ပြောကြတယ်၊ တော်တော် များများကတော့ ဒီရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းတယ်ဗျ၊ လူတိုင်းကတော့ အပြောင်းအလဲ တခုတော့ ဖြစ်ချင်တာပေါ့ဗျာ၊ တော်တော်များများကလည်း မပေးချင်ကြဘူးဗျ၊ ဒါပေမယ့် ပေးရမယ် ဆိုပြီး အတင်းအဓမ္မ လုပ်လာမယ် ဆိုရင်တော့ ကြံ့ဖွံ့ပါတီကိုတော့ မဲမပေးဘူး၊ ကျနော်တို့ ရခိုင်ပါတီ ၂ ခုထဲကတခုကို မဲပေးကြမယ်”
အမျိုးသမီးတဦး
အမျိုးသမီးတဦး |
ကျောက်တော်မြို့၊ရခိုင်ပြည်နယ် |
“တချို့တွေကတော့ သတင်းစာဖတ်တယ်၊ TV ကြည့်တယ်၊ ဂျာနယ်တွေ ဝယ်ဖတ်တယ်၊ ကျမတို့တောသူ တောင်သားတွေ ဆိုတော့ သိပ်မသိဘူး၊ စိတ်ထဲမှာ အဆင်ပြေမယ့်ဟာပဲ မဲထည့်လိုက်မှာပါ၊ ရွေးချယ်တာ ဘာတို့တော့ သိပ်မရှိဘူး၊ ခုဟာက ဘယ်လိုဖြစ်နေလဲ ဆိုတော့ ရွာတိုင်းရွာတိုင်းမှာက ပြည်ခိုင်ဖြိုးပဲ ရှိနေတယ်၊ အဲဒီလိုမျိုး ဖြစ်နေတယ်။”