ဖနိဒါ
ချင်းမိုင် (မဇ္စျိမ)။ ။ လူငယ်များ ပညာမြှင့်တင်ရေးနှင့် အလုပ်လက်မဲ့ ပပျောက်ရေး ကြွေးကြော်သံဖြင့် ၂၇ နှစ်အရွယ် ဦးမာခါးသည် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီမှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့လွှတ်တော်တွင် ဝင်ပြိုင်မည်။မြန်မာ့စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ပြဿနာများအားလုံး၏ အဓိက အရင်းအမြစ်သည် နိုင်ငံရေး ရှုပ်ထွေးမှုကြောင့်ဖြစ်၍ သူ့အနေဖြင့် လွှတ်တော်အတွင်း ဝင်ရောက်ဖြေရှင်းရန် ရွေးကောက်ပွဲဝင်ရသည်ဟု သူက မဇ္စျိမကို ပြောသည်။
အမည် | ဦးမာခါး |
အခြားရှေ့နေအမည် | ဦးဂျီမာခါး |
လူမျိုး၊ဘာသာ | ကချင်၊ ခရစ်ယာန် |
မွေးသက္ကရာဇ် | ဇန်နဝါရီလ ၁ ရက်၊ ၁၉၈၃ ခုနှစ် |
နေရပ် | ဒူကထောင်ရပ်ကွက် |
မဲဆန္ဒနယ် | မြစ်ကြီးနားမြို့နယ် |
ဖြတ်သန်းမှု | >၁၉၈၉ မှ ၁၉၉၂ ခုနှစ် ရှမ်းပြည်နယ် မူဆယ် မြို့နယ် နမ့်တောင်းရွာ မူလတန်းလွန် ကျောင်း၌ သူငယ်တန်းမှ ဒုတိယတန်းထိတက်ခဲ့ရောက်ခဲ့။ ၁၉၉၂ ခုနှစ်မှ ၁၉၉၈ ခုနှစ်ထိ မိုးကောင်းမြို့ အလက (နောင် ကိုယ်တော်) ကျောင်းတွင် ပညာသင်ကြားခဲ့။ ၁၉၉၈ မှ ၂ဝဝ၂ ခုနှစ်ထိ မိုးကောင်းမြို့ အထက ၁ ကျောင်းတွင် ၁ဝ တန်း အောင်မြင်ခဲ့။ ၂ဝဝ၃ မှ ၂ဝဝ၇ ခုနှစ်ထိ မြစ်ကြီးနား တက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိခဲ့။ |
ဦးမာခါးကို ကချင်ပြည်နယ်ရှိ ပြည်သူများက စိတ်ဝင်စားကြကြောင်း သတင်းများ ထွက်ပေါ်နေသည်။ မြစ်ကြီးနားမြို့နယ်တွင် မဲရုံပေါင်း ၁၁၁ ရုံး ထားရှိမည်ဖြစ်ပြီး မဲဆန္ဒရှင်ပေါင်း ၁ သိန်း ၃ သောင်းကျော် ရှိသည်။
ပါတီစည်းရုံးရေးအတွက် အချိန်မပေးနိုင်သလို၊ ငွေကြေးအခက်အခဲနှင့်လည်း ကြုံတွေ့နေရကြောင်း အထက်တန်း ရှေ့နေလောင်း ဦးမာခါးက ဆိုသည်။
ဖားကန့်မြို့နယ်အတွင်းမှ ယုဇန ကုမ္ပဏီက ကျေးရွာ ၅ ရွာမှ တောင်သူများ၏ လယ်ယာမြေသိမ်းယူမှုနှင့် ပတ်သက်၍ တောင်သူများဘက်မှ အကျိုးဆောင်ရှေ့နေ အဖြစ်လည်း သူက လိုက်လံကူညီနေသည်။
ယခုတပတ် တနင်္လာနေ့ ညပိုင်းတွင် သူ၏ ဓာတ်ပုံနှင့် စာတမ်းများပါသော အလျား ၂ ပေ၊ အနံ ၁ ပေခွဲရှိ ကြော်ငြာဆိုင်းဘုတ်ကို ဒူကထောင်ရပ်ကွက်၌ ထောင်ထားရာ ပျောက်ဆုံးခဲ့သလို၊ ယမန်နေ့က အောင်နန်း ရပ်ကွက်တွင် စိုက်ထူထားသော ကြော်ငြာဆိုင်းဘုတ်လည်း ပျောက်ဆုံးသွားကြောင်း သိရသည်။
ကြုံတွေ့နေရသည့် စည်းရုံးရေး အခက်အခဲ၊ ပါတီမူဝါဒများနှင့် သူ့ခံစားချက်အမြင်များကို မဇ္စျိမသတင်းထောက် ဖနိဒါက ဆက်သွယ် မေးမြန်းထားသည်။
လက်ရှိ စည်းရုံးရေး အခြေအနေကို ပြောပြပေးပါ။
’’အချိန်နဲ့ ငွေကြေးပိုင်းဆိုင်ရာ အခတ်အခဲရှိနေတယ်။ အချိန်ဆိုတာက ကျနော်ကိုယ်တိုင် အချိန်မပေးနိုင်ဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားရုံးကိစ္စတွေ လုပ်နေရလို့တပိုင်း၊ နောက်တခုက ငွေရေးကြေးရေး ခက်ခဲတယ်။ စည်းရုံးဖို့ လူငယ်တွေနဲ့ သွားတော့ လမ်းစရိတ်တွေ လိုအပ်ချက်မျိုးတွေ ရှိနေတယ်’’
ပြိုင်ဘက်က ဘယ်သူတွေလဲ။
’’ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးသိန်းဇော်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဦးလနန်ဘောက်၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီပါတီက ဦးစိုင်းအောင်ကျော်ဦးတို့နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်’’
ဦးသိန်းဇော်နဲ့ ပြိုင်ရမယ်ဆိုတော့ အကို့အနေနဲ့ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်လား။
KIO က ၄၇ ခုနှစ် ဖယ်ဒရယ်လမ်းကြောင်းကို သွားတယ်လေ။ အဲဒါကိုရောက်ဖို့ လက်နက် ကိုင်ပြီး သွားနေတာ။ ကျနော်တို့ကျတော့ ပါတီထောင်ပြီးတော့ ဖယ်ဒရယ်ကိုသွားတယ်။ လွှတ်တော်လမ်းကြောင်းနဲ့ သွားတယ်။ NLD နဲ့ တခြားပါတီတွေတချို့ကလည်း ရွေးကောက်ပွဲ မဝင်ဘူး။ ဖယ်ဒရယ်လမ်းကြောင်း သွားတယ်။ အဲဒီတော့ ပန်းတိုင်တူတဲ့ လူတွေကတော့ လက်တွဲဖို့ လိုတာပေါ့နော် |
မြစ်ကြီးနားမှာ မဲဆန္ဒရှင် အရေအတွက် ဘယ်လောက်ရှိလဲရှင့်။
’’ကျနော်တို့ မြစ်ကြီးနားမြို့နယ်မှာတော့ မဲဆန္ဒရှင် လူဦးရေပေါင်း ၁၃ဝဝဝဝ ကျော် ရှိပါတယ်’’
ကချင်ပြည်နယ်ကနေ အမတ်လောင်းအဖြစ် ဝင်ပြိုင်ဖို့ ဘယ်လိုတွန်းအားတွေ ရှိခဲ့လဲ။
’’ကျနော်က အစက ဝင်ဖို့မရှိဘူး။ နောက်ပိုင်း ကချင်ပြည်သူလူထုအတွက် ဒီမိုကရေစီလမ်းကြောင်းကနေ အမှန်အကန် ဖော်ဆောင်သွားမယ့် ပါတီတွေ မရှိဘူး။ ဥပမာပြောမယ်ဆိုရင် KSPP ပါတီတွေလည်း မရှိတော့တဲ့ အခါကျ ကျနော်က လွတ်လပ်တဲ့ လူတွေက ဝင်ပြိုင်ရင် ကောင်းမယ်ဆိုပြီး အတွေးအခေါ် ရခဲ့တယ်။ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲကလည်း ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မကြာခင် ဒီလမ်းကြောင်းအတိုင်း သွားရတော့မယ်ဆိုတော့ ဒီလမ်းကြောင်းကနေ လုပ်နိုင်တဲ့အပိုင်းကို လုပ်သွားဖို့ စိတ်ကူးခဲ့ရတယ်’’
ဘာကြောင့် နိုင်ငံရေးကို စိတ်ဝင်စားတာလဲ၊ နိုင်ငံရေးလောကထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။
’’အခု ကျနော်အသက်အရွယ်အရဆိုရင် ငယ်တယ်လို့ မမြင်ပါဘူး။ အမှန်ပြောမယ်ဆိုရင် နောက်တောင် နောက်ကျနေတယ်။ ကျနော်တို့ မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာ ကြီးမားတယ်။ စစ်ရေးရှိမယ်။ ကျနော်က နိုင်ငံရေးလို့ ခံယူချင်မှ ခံယူမယ်။ ဒီလို နိုင်ငံရေးပြဿနာက ရှုပ်ထွေးနေတော့ ကျနော်ငယ်ငယ်ကတည်းက ဒီနိုင်ငံရေးပြဿနာကို ခံစားခဲ့ရတယ်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ပြဿနာ အားလုံးရဲ့ အချုပ်က နိုင်ငံရေး ပြဿနာကြောင့်ပဲ။ ဒါကြောင့် ဒီနိုင်ငံရေးကို ဖြေရှင်းနိုင်မှ ဖြစ်မယ်ဆိုပြီးတော့ ကျနော် ဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ’’
ကချင်ပြည်နယ် ပြည်သူတွေအတွက် ဘယ်လိုကဏ္ဍတွေ အကောင်အထည်ဖော်ပေးချင်လဲ။
’’ကျနော်က ပြည်သူ့လွှတ်တော်အနေနဲ့ဆိုတော့၊ ပြည်ထောင်စုအဆင့်ထိ သွားရမယ်ဆိုတော့ ပြည်နယ်၊ တိုင်း၊ နိုင်ငံတခုလုံးအတွက်လည်း အများကြီးပါမယ်ဆိုတော့ အတိအကျ ပြောရခက်တယ်။ ဥပမာ တောင်သူလယ်သမားနဲ့ ပတ်သက်နဲ့ ဥပဒေပြဋ္ဌာန်းမယ်ဆိုရင် အားလုံးအတွက် အကျုံးဝင်တယ်’’
လူငယ်တွေ ဘဝမြှင့်တင်ပေးရေးအတွက် ဘယ်လိုစီမံကိန်းမျိုးတွေ လုပ်ပေးဖို့ရည်ရွယ်လဲ။
’’လူငယ်တွေအတွက် ပညာရေးကို ပိုဦးစားပေးလုပ်ချင်တယ်။ ကိုယ်သင်ထားတဲ့ ပညာနဲ့လိုက်ဖက်တဲ့ လုပ်ငန်းတွေ တကယ်ပဲ အသုံးချနိုင်ဖို့၊ ကိုယ့်အသက်မွေးဝမ်းကြောင်းတွေမှာ အကျိုးဖြစ်ထွန်းဖို့ ဖော်ဆောင်သွားမယ်။ အလုပ်အကိုင်ရရှိအောင် လုပ်ပေးမယ်။ နောက်ပြီး နိုင်ငံတော်မှာ ကောင်းမွန်တဲ့ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်လာနိုင်အောင် လုပ်ပေးမယ်’’
’’ကချင်ပြည်နယ်မှာက လူငယ်တွေကြားမှာ အလုပ်လုပ်မဲ့ ပြဿနာများနေတယ်။ အဓိက ပြဿနာက အလုပ်အကိုင် မရှိလို့ လူငယ်တွေ ပျက်စီးတာတွေ၊ ကိုယ့်သွားမယ့် လမ်းကြောင်းတွေ မရှိတော့ဘူး။ ပညာရေး ကောင်းကောင်း မသင်ရတော့ အတွေ့အခေါ်ပိုင်း နိမ့်ကျလာတယ်။ အလုပ်အကိုင်မရှိတော့ မူးယစ်ဆေးဝါး သုံးစွဲလာတယ်။ အပျော်အပါး လိုက်စားလာတယ်။ ဘဝပျက်စီးတဲ့အဆင့်ထိ ရောက်သွားတဲ့အထိ ဖြစ်လာတာတွေ တွေ့ရတယ်။ အရင်တုန်းကတော့ ဘိန်းမဲပဲ ရှိတယ်။ အခု ၂ဝဝဝ ခုနှစ်နောက်ပိုင်း ဘိန်းဖြူ၊ ရာမ စတဲ့ မူးယစ်ဆေးဝါးတွေ ပိုခေတ်စားလာတယ်’’
လွှတ်တော်ထဲမှာ ဒီကဏ္ဍတွေ တောင်းဆိုသွားနိုင်မယ်၊ ဆုံးဖြတ်ပေးနိုင်မယ်လို့ ယုံကြည်လား။
’’ဒါကတော့ ကျနော်တို့ ဥပဒေ ပြဋ္ဌာန်းပေးမယ်၊ တင်ပြမယ်။ ဒါကို အတည်ပြုပြီးတော့ ဒီဥပဒေအတိုင်း အတည်ပြုပြီး ဒီအတိုင်း သွားမယ်ဆိုရင် တက်လာမယ့် အစိုးရကလည်း လွှတ်တော်ထဲမှာ အတည်ပြုနိုင်ပြီဆိုရင်တော့ ဒီအတိုင်း ကျင့်သုံးရမယ်ဆိုတော့ အခုထက်တော့ တင်ပြလို့ ရမယ်လို့ မျှော်လင့်တယ်’’
ရှေ့နေတဦးလည်းဖြစ်တော့ လွှတ်တော်အမတ်ဖြစ်ခဲ့ရင် လူငယ်တွေကြား မူးယစ်ဆေးဝါး ပပျောက်အောင်
အဓိက ပြဿနာက အလုပ်အကိုင် မရှိလို့ လူငယ်တွေ ပျက်စီးတာတွေ၊ ကိုယ့်သွားမယ့် လမ်းကြောင်းတွေ မရှိတော့ဘူး။ ပညာရေး ကောင်းကောင်း မသင်ရတော့ အတွေးအခေါ် ပိုင်း နိမ့်ကျလာတယ်။ အလုပ်အကိုင်မရှိတော့ မူးယစ်ဆေးဝါး သုံးစွဲလာတယ်။ အပျော်အပါး လိုက်စားလာတယ်။ |
’’ဒါကတော့ တနိုင်ငံလုံး အတိုင်းအတာ မူးယစ်ဆေးဝါး ပပျောက်သွားအောင် လုပ်ဖို့က ခက်တယ်။ ဒါပေမဲ့ အတိုင်းအတာ တခုထိတော့ ထိန်းချုပ်လို့ရမယ်။ ဥပမာ အာဏာပိုင်တွေဘက်ကလည်း ပူးပေါင်းပြီး လုပ်မယ်ဆိုရင် ထိန်းချုပ်နိုင်မယ်လို့ မြင်တယ်’’
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်တဲ့အပေါ် ဘယ်လိုမြင်လဲ။ ထိရောက်မယ် ထင်လား။
’’မထိရောက်နိုင်ပါဘူး။ သူတို့ ထိန်းချုပ်တဲ့ အပိုင်းမှာတော့ ထိရောက်မှာပေါ့နော်။ ဒါပေမဲ့ မြို့ပေါ်ဘက်က ပိုပြီးတော့ ကျယ်ပြန့်နေတယ်ဆိုတော့ ဒီဘက်တော့ ဘာမှ ထိရောက်မှု ရှိမယ်လို့ မထင်ဘူး’’
လူငယ်တယောက်အနေနဲ့ ၁၉၈၈ အရေးတော်ပုံ ခေါင်းဆောင်တွေ၊ အရင် နိုင်ငံရေး ခေါင်းဆောင်တွေအပေါ် ဘယ်လိုမြင်လဲ။
’’ကျနော်က ၈၈ ခေါင်းဆောင်ပိုင်းကို သိပ်မသိဘူး။ အသေးစိတ် မသိခဲ့ဘူး။ အခု သိရသလောက် သူတို့ လှုပ်ရှားခဲ့တာတွေက မြန်မာပြည် ဒီမိုကရေစီရေး လုပ်တယ်ဆိုတော့ ကောင်းပါတယ်။ ပြည်သူ့အကျိုးအတွက် လုပ်ခဲ့တယ်ဆိုတော့၊ ဒုက္ခခံပြီး လုပ်ခဲ့တယ်ဆိုတော့ ချီးကျူးသင့်ပါတယ်။ သူတို့ကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ ဒါက သက်ရောက်မှု တခုခုမှာ ကိုယ်က ဘာမှ လုပ်ဆောင်မှု မရှိဘူးဆိုတော့ ဒီသက်ရောက်မှုကို ဖယ်ရှားဖို့က မလွယ်ဘူးလေ။ ဘာမဆို တခုခုလုပ်မှ ကိုယ့်ကို ဖိထားတဲ့ အရာက ဖယ်ရှားနိုင်မှာပါ’’
NDF ပါတီိကနေ ဘယ်လိုကြောင့် ဝင်ပြိုင်ဖို့ စိတ်ကူးခဲ့တာလဲ။
’’ကျနော်က NDF ပါတီရဲ့ မူဝါဒတွေ၊ သူတို့ လမ်းစဉ်တွေကို ကြည့်တဲ့အခါ ကျနော် ကြိုက်နှစ်သက်တဲ့ ဝါဒတွေနဲ့ တူနေတော့ သူတို့နဲ့ လက်တွဲသွားဖြစ်တာပါ’’
NLD က ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အပေါ် ဘယ်လိုရှုမြင်လဲ။
’’NLD ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်တဲ့အပေါ် ဘာမှ မပြောလိုဘူး။ ပြောမယ်ဆိုရင် သူတို့ ရွေးကောက်ပွဲ မဝင်ဘူးဆိုတာကိုတော့ ထောက်ခံပါတယ်။ ဒါကို လုံးဝ သဘောကျတယ်။ ဒါလည်း လုပ်သင့်တဲ့ အရာပဲ’’
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်တွေကို ဘယ်လိုစည်းကမ်းချက်မျိုး ချမှတ်ကျင့်သုံးသင့်လဲ။
’’လူငယ်တွေပဲ မဟုတ်ပါဘူး။ ဒီမိုကရေစီတခု ရရှိဖို့ဆိုရင်တော့ အားလုံး ပူးပေါင်းဆောင်ရွက်သင့်တယ်။ လွတ်လပ်မှု ရှိသင့်တယ်။ ကိုယ်လုပ်ပိုင်ခွင့် ရှိတာတွေ လုပ်ဖို့ အခွင့်အလမ်း ရှိရမယ်။ ကောင်းမွန်တဲ့ အစိုးရတခုရှိဖို့ လိုအပ်တယ်။ ခုန ပြောသလိုပဲ ပညာရေးမြှင့်တင်ပေးရမယ်။ အခွင့်အလမ်းတွေ ဖွင့်ပေးရမယ်။ လူငယ်ဆိုတာက ဆန်းသစ်တီထွင် ဖန်တီးပိုင်ခွင့် ပေးသင့်တယ်။ ဒါမှ ကောင်းမွန်တက်ကြွတဲ့ လူငယ်တွေ ပေါ်ပေါက်လာနိုင်မယ်’’
KIO က နယ်ခြားစောင့်တပ်လက်မခံတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။
’’KIO က သူတို့ရပ်တည်ချက် မှန်တယ်ဆိုပြီး ဆုံးဖြတ်ထားတယ်လေ။ ကျနော်ပြောချင်တာက ကျနော်တို့ လမ်းကြောင်း မှားသွားမယ်ဆိုရင် ဆက်စပ်ညှိနှိုင်းဖို့ လိုတယ်။ တဦးနဲ့တဦး ညှိနိုင်းမှု မရှိရင် ဒီမိုကရေစီမှာတော့ ကြောက်စရာ ကောင်းပါတယ်။ KIO က ၄၇ ခုနှစ် ဖယ်ဒရယ်လမ်းကြောင်းကို သွားတယ်လေ။ အဲဒါကိုရောက်ဖို့ လက်နက်ကိုင်ပြီး သွားနေတာ။ ကျနော်တို့ကျတော့ ပါတီထောင်ပြီးတော့ ဖယ်ဒရယ်ကိုသွားတယ်။ လွှတ်တော်လမ်းကြောင်းနဲ့ သွားတယ်။ NLD နဲ့ တခြားပါတီတွေတချို့ကလည်း ရွေးကောက်ပွဲမဝင်ဘူး။ ဖယ်ဒရယ်လမ်းကြောင်း သွားတယ်။ အဲဒီတော့ ပန်းတိုင်တူတဲ့ လူတွေကတော့ လက်တွဲဖို့ လိုတာပေါ့နော်’’
ဒီနှစ်ဖက်ကြား စစ်ပွဲတွေဖြစ်ဖို့ အခြေအနေရှိနေလား။
အခြေခံဥပဒေကို အစကတည်းကနေ လိုလားလို့၊ ထောက်ခံလို့ ရွေးကောက်ပွဲဝင်တာ မဟုတ်ပါဘူး။ ဒီဥပဒေကို လက်မခံပါဘူး’’ |
အများက ၂ဝဝ၈ ဖွဲ့စည်းပုံဟာ တရားမျှတမှု မရှိဘူးဆိုပြီး ရွေးကောက်ပွဲကို ဆန့်ကျင်တယ်။ အဲဒီ ဒီဖွဲ့စည်းပုံကို ဘယ်လို မြင်လဲ။
’’ကျနော်ကတော့ အခြေခံဥပဒေကို အစကတည်းကနေ လိုလားလို့၊ ထောက်ခံလို့ ရွေးကောက်ပွဲဝင်တာ မဟုတ်ပါဘူး။ ဒီဥပဒေကို လက်မခံပါဘူး’’
လက်ရှိ ပါတီစည်းရုံးရေးအပေါ် ကချင်လူထု စိတ်ဝင်စားလား။ ဟောပြောပွဲတွေ လုပ်ပြီးပြီလား။
’’ကျနော်တို့ပါတီက အထူးသဖြင့် မြစ်ကြီးနားမှာ လူထုသိအောင် လုပ်နိုင်ဖို့ လိုသေးတယ်။ ပါတီအနေနဲ့လည်း ထောက်ပံ့တာ မရှိဘူးဆိုတော့ ခက်ခဲနေရတယ်။ ပါတီစည်းရုံးဟောပြောမှု အနေနဲ့တော့ ရုံးဖွင့်ပွဲနေ့မှာ လုပ်ခဲ့တယ်’’
တခြား ဘာများ ပြောလိုသေးလဲရှင်။
’’ကျနော်တို့ မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာ ကြီးမားတဲ့အတွက် ပြည်သူလူထုကလည်း နိုင်ငံရေးကို စိတ်ဝင်စားဖို့ လိုတယ်။ စိတ်ဝင်စားတဲ့ အဆင့်ကနေ ကျော်ရင်တော့၊ နိုင်ငံရေးကို သိဖို့လိုလာပြီ။ ဒါကြောင့် နိုင်ငံရေး လုပ်ဆောင်မယ့် လူတွေ အများကြီး ပေါ်ရင်တော့ ကောင်းမယ်။ ရွေးကောက်ပွဲ ရောက်တော့မယ်ဆိုတော့ မဲရုံကို သွားသင့်တယ်လို့ ပြောချင်တယ်။ အိမ်မှာ မထည့်ဘဲ နေရင်လည်း ဘာမှ အကျိုးရှိလာမှာ မဟုတ်ဘူး။ တခုခု ရွေးချယ်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်’’
လက်ရှိ အခက်အခဲတွေကရော။
’’ကျနော်ရဲ့ ကြော်ငြာပိုစတာ ကပ်လိုက်တာ တနေ့ညက ဒူကထောင်ကဟာ ပျောက်သွားတယ်။ မနေ့ကတော့ အောင်နန်းရပ်ကွက်က ကြော်ငြာဆိုင်းဘုတ် ပျောက်သွားတယ်။ အဲဒီလိုပျောက်နေလို့ သွေးရိုးသားရိုး မဟုတ်ဘူးလို့ မြင်တယ်။ ကွင်းစက်တော့ရှာ နေတယ်။ ၂ ပေ၊ ၁ ပေခွဲ ရှိတယ်။ အခု သိထားတာ ၂ ခု ပျောက်နေပြီ၊ တခြား ဆိုင်းဘုတ်တွေလည်း ရှိတာကို ပျောက်တာမရှိဘူး။ ကျနော်ထင်တာက လူငယ်တွေဆိုရင်လည်း ဖျက်ဆီးတာပဲရှိရင် ရှိမယ်။ ဒီလောက်ထိ အိမ်ကို ပါသွားဖို့ဆိုတာ အကြောင်းတော့ မရှိဘူး။ တနေရာမှာတော့ တွေ့မှာပေါ့။ ဒါပေမဲ့ အခု လုံးဝ အစအန ပျောက်နေတယ်ဆိုတော့ သွေးရိုးသားရိုး မဟုတ်ဘူးလို့ ထင်တယ်။ ဒီညနေမှာ ကော်မရှင်ရုံးကို သွားတင်ပြဖို့ ရှိတယ်။ ရပ်ကွက် ဥက္ကဋ္ဌ ကိုလည်း သွားပြောဖို့ ရှိတယ်’’