ချင်းပြည်နယ်တွင် ဘုရားကျောင်း မီးလောင်

ဆလိုင်းပီပီ
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 26 2008 16:59 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ လျှပ်စစ်ဝါယာရှော့ဖြစ်၍ ဟားခါးမြို့နယ်အတွင်းရှိ ခရစ်ယာန် ဘုရားကျောင်းတခု မီးလောင် ပျက်စီးသွားမှုတရပ် တနင်္လာနေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ အပြောအရ သိရသည်။

နှစ်ထပ် အဆောက်အဦဖြစ်သော ဟားခါး ခွာလုမ်း နှစ်ခြင်းဘုရားကျောင်းသည် ယခုလ ၂၄ ၇က်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က ၀ါယာရှော့ဖြစ်ကာ လောင်ကျွမ်းပြာကျသွားခဲ့သည်ဟု ဆိုသည်။

"၀န်ထမ်းတွေက နေ့လယ်စာ ထမင်းစားဖို့ ထွက်နေကြတုန်း ဘုရားကျောင်း နောက်ခန်းကနေ မီးစလောင်တာပဲ။ မီးတောက်ကကြီးလာပြီး အဆောက်အဦတခုလုံး ကုန်သွားတာ" ဟု မြန်မာ့စီးပွားရေးဘဏ် ဟာခါးမြို့နယ်ခွဲရုံးမှ ဘဏ်မန်နေဂျာဖြစ်သူ ဒေသခံတဦးက ပြောသည်။

Burning Churchသူက ဆုံးရှုံးမှုတန်ဖိုးသည် ကျပ်သိန်း ၅၀၀ အထိ ရှိနိုင်ကြောင်း ပြောကြားလိုက်ပြီး "အဆောက်အဦကနေ ခွေးခြေသုံးလုံးကလွဲရင် ဘာမှ မရလိုက်ဘူးလေ" ဟု ပြောသည်။

ဒေသခံ ရဲဌာနနှင့် မီးသတ်အဖွဲ့တို့ကို ဆက်သွယ်မေးမြန်း မရနိုင်သည့် အနေအထား၌ မဇ္ဈိမကို ဒေသခံများက ပြောပြရာတွင် အာဏာပိုင်များက တစုံတရာ တုံ့ပြန်လုပ်ဆောင်ပေးမှု မရှိသေးကြောင်း သိရသည်။

"ဒေသခံအာဏာပိုင်တွေ ထုံးစံအတိုင်း လာပြီး ကြည့်သွားတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်း ဘာမှ မလုပ်သေးပါဘူး" ဟု ဒေသခံတဦးက ပြောသည်။

ဘုရားကျောင်းသို့ ပုံမှန်ဝတ်ပြုနေသူ အသင်းသား ဦးရေ ၅၀၀ ခန့်မှာ ပလတ်စတစ်မိုး ယာယီတဲတခုတွင် ဘုရားဝတ်ပြုရန် စီစဉ်လျက်ရှိသည်ဟု သူက ဖြည့်စွက်ပြောသည်။

မီးလောင်ကျွမ်းသွားသော ဘုရားကျောင်း အဆောက်အဦမှာ အလျားအားဖြင့် ပေ ၉၀၊ အနံအားဖြင့် ပေ ၅၀ ရှိသည်ဟု ဒေသခံက ပြောသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး