Wednesday, November 7, 2007

“ကျွန်နှုပ်တို့်၏ ယုံကြည်ချက်”


၁.ရဟန်းရှင်လူ ပြည်သူလူထုတရပ်လုံးက ရွေးချယ်တင်မြှောက်ပြီး နိုင်ငံနှင့် ပြည်သူလူထုကို ကိုယ်စားပြုသော အစိုးရကို ကျွန်တော်တို့ ယုံကြည်ပါသည်။

.တိုင်းပြည်၏အာဏာကို ပြည်သူလူထုထံမှ မတရားမုဒိန်းကျင့် ရယူသိမ်းပိုက်ထားသော စစ်အာဏာရှင် အစိုးရကို လုံးဝမယုံကြည်ပါ။

.ဒီလိုစစ်အာဏာရှင်က တဘက်သတ်ချမှတ်ပြီး အကောင်အထည်ဖော်၍ဆောင်ရွက်နေသော လမ်းစဉ်(၇)ရပ် ကိုလည်း လုံးဝ(လုံးဝ) မယုံကြည် ပါ။

၎.အရွေးချယ်ခံပြည်သူ့ကိုယ်စားလှယ်များ၊ စစ်မှန်သော တိုင်းရင်းသားခေါင်းဆောင်များ နှင့် လူမျိုးစု ခေါင်းဆောင်များ မပါဝင်ဘဲ စစ်အာဏာရှင်များ တဘက်သတ်ရေးဆွဲမည့် အခြေခံဥပဒေသည်လည်း တရားမျှတသော၊လွတ်လပ်သော၊ ဒီမိုကရေစီနည်းလမ်းကြသော အခြေခံဥပဒေအဖြစ် လုံးဝမယူဆပါ။

.အရွေးချယ်ခံ ပြည်သူ့ကိုယ်စားလှယ်များ၊ စစ်မှန်သော တိုင်းရင်းသားခေါင်းဆောင်များနှင့် လူမျိုးစု ခေါင်းဆောင်များ ပါဝင်ရေှးဆွဲမည့် အခြေခံဥပဒေ သည်သာ တရားမျှတ၍ လွတ်လပ်ပြီး စစ်မှန်သော ဒီမိုကရေစီစနစ်ကို ကိုယ်စားပြုသော အခြေခံဥပဒေ အဖြစ်လက်ခံယုံကြည် ယူဆပါသည်။

ငြိမ်းချမ်း(မျိုးဆက်သစ်)

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates