စက်တင်ဘာလ ၅ ရက်၊ ၂ဝဝ၇ ခုနှစ်။
မန္တလေးမြို့တအုံ ကွန်ပြူတာတက� သိုလ် ကျောင်းအာဏာပိုင်များက ကွန်ပြူတာ တက� သိုလ် ကျောင်းသား ၈၄ ဦးကို ယခုလ ၂ ရက်နေ့တွင် စာမေးပွဲ ဖြေဆိုခွင့် ထပ်မံ ပိတ်ပင်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် လအတွင်းက အဆိုပါ တက� သိုလ်တွင် ကျောင်းတက်ရာခိုင်နှုန်း ၇၅ ရာနှုန်း မပြည့်မီ၍ စာမေးပွဲ ဖြေဆိုခွင့် ပိတ်ပင်ခံထားရသူ ကွန်ပြူတာ တက� သိုလ် ကျောင်းသား ၂ဝဝ ကျော်ရှိပြီး၊ ယခုတဖန် ထပ်မံ၍ ပိတ်ပင်ခံရသူ ၈၄ ဦးသည် ပြီးခဲ့သည့် လကုန်ပိုင်းက တက� သိုလ် ဝင်းအတွင်း ပြုလုပ်သည့် နအဖ ဆန့်ကျင်ရေး ပိုစတာ တိုက်ပွဲတွင် ပါဝင်ခဲ့သူများဟု စွပ်စွဲကာ ဖြေခွင့် အပိတ်ခံလိုက်ခြင်း ဖြစ်သည်။
ပိတ်ပင်ခံရသူ အများစုသည် ပိုစတာ တိုက်ပွဲအတွင်း ဖြစ်ပွားပြီးနောက် နေအိမ်သို့ ခေတ္တ ပြန်ခဲ့ကြသူများ ဖြစ်ပြီး၊ အိမ်ပြန်ရန်အတွက် ကျောင်းဝင်းအတွင်း စုရုံး ပြောဆိုနေစဉ် ကျောင်းအာဏာပိုင်များက ဆန္ဒပြပွဲ ပြုလုပ်ရန် လူစုသူများဟု စွပ်စွဲကာ နောက်နောင်တွင် ယခုလို ဆန္ဒပြရန်အတွက် စုဝေးမှုမျိုး မပြုလုပ်ပါ ဟူသည့် ဝန်ခံကတိ လက်မှတ် ထိုးခိုင်းခဲ့ပြီးနောက် ယခုလို စာမေးပွဲ ဖြေဆိုခွင့်ကိုပါ တဆက်တည်း ပိတ်ပင်လိုက်ခြင်းလည်း ဖြစ်သည်။
ယခုလို စာမေးပွဲ ဖြေဆိုခွင့် ပိတ်ပင် လိုက်သဖြင့် ပြီးခဲ့သည့် တနင်္လာနေ့က စတင် စစ်ဆေးနေသည့် ကွန်ပြူတာ တက� သိုလ် စာမေးပွဲကို နယ်မှ ကျောင်းတက်သည့် ကျောင်းသား အချို့ပါ စာမေးပွဲ ဖြေဆိုခွင့် မရကြဘဲ နေအိမ်များသို့ ပြန်ကြရကြောင်း မူဆယ်ဒေသခံ ကျောင်းသားတဦး၏ ဖခင်ဖြစ်သူက မဇ္ဈိမ သတင်းဌာနကို ပြောပြသည်။
သူက “တက� သိုလ်မှာ လှုပ်ရှားမှုလုပ်တဲ့ ကျောင်းသားတွေက ဒီလောက် သိပ်မများဘူးခင်ဗျ။ အလွန်ဆုံး ၂ဝ လောက်ပဲ ရှိမယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ပါတဲ့သူရော၊ မပါတဲ့သူရော အကုန်လုံး သိမ်းကျုံးပြီး လက်မှတ် ထိုးခိုင်းတယ်။ ဒီထဲမှာ ကျနော့် သားလည်း ပါသွားတာပေါ့။ ဒီနှစ်အတွက် စာမေးပွဲ ဖြေခွင့် မရှိတော့ ၁ နှစ် နားလိုက်ရတာပေါ့” ဟု ပြောသည်။
သူက ဆက်ပြီး “ကျနော့်သားက သူတော့ မပါဘူးပေါ့။ ကျောင်းထဲမှာ အဲလို လှုပ်ရှားမှုတွေ ဖြစ်တော့၊ ရုတ်ရုတ်သဲသဲ ဖြစ်နေတော့ ကျောင်းသား တချို့က ကိုယ့်အိမ်ကို ပြန်ကြတယ်။ အဲဒီနောက် ကျောင်းပြန်တက်တော့ အိမ်ပြန်တဲ့ သူတွေကိုလည်း ဆန္ဒပြတဲ့သူတွေ စာရင်းထဲ ထည့်လိုက်တယ်။ အိမ်ပြန်တာကို၊ အကုန်လုံးကို ဆန္ဒပြဖို့ လူစုတယ် ဆိုပြီး၊ လက်မှတ် ထိုးခိုင်းပြီး စာမေးပွဲ ဖြေဆိုခွင့်ကို ပိတ်လိုက်တာပဲ” ဟု ရှင်းပြသည်။
ယခုသတင်းနှင့် ပတ်သက်ပြီး မန္တလေး တအုံ ကွန်ပြူတာ တက� သိုလ် အာဏာပိုင်များ၏ သီးခြား အတည်ပြုချက် တစုံတရာ ရရှိခြင်း မရှိသေးပါ။