Thursday, September 6, 2007

လူ ၅ ဦးထက်ပို၍ လမ်းမလျှောက်ရဟု ဟားခါး အာဏာပိုင်များ ပြော

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၅ ရက်၊ ၂ဝဝ၇ ခုနှစ်။

ချင်းပြည်နယ် ဟားခါးမြို့ရှိ အန်အယ်ဒီ ခေါင်းဆောင် ၅ ဦးကို လူ ၅ ဦးထက် ပိုမို၍ စီတန်း လမ်းလျှောက်ခြင်း မပြုရန် ယနေ့တွင် မြို့နယ် အာဏာပိုင်များက ခေါ်ယူ သတိပေးလိုက်သည်။

ယမန်နေ့က လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် အန်အယ်ဒီ ဥက� ဌ၊ ဒုဥက� ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ၂ ဦးကို ယနေ့ နံနက်တွင် မယက ဥက� ဌ၊ မြို့နယ် တရားသူကြီး ဦးမင်းဝေနှင့် ပြည်နယ် ဥပဒေ လက်ထောက် ညွှန်ကြားရေးမှူး ဦးထန်ကျူး က ခေါ်ယူ တွေ့ဆုံကာ တည်ဆဲ ဥပဒေအရ လူ ၅ ဦးထက် ပိုမို လမ်းလျှောက်ခြင်း မပြုရန် ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

“ပြောတာကတော့ ၅ ယောက်ထက် ပိုပြီး လမ်းလျှောက်တာဟာ တည်ဆဲ ဥပဒေအရ ဒါကတော့ မလုပ်ရဘူး။ ဥပဒေကို မသိမှာစိုးလို့ ပြောပြတာပါတဲ့။ ပြီးတော့ အန်အယ်ဒီပါတီ မြို့နယ် အစည်းအဝေး ခေါ်ရင် လူ ၅ဝ ထက် များမယ်ဆိုရင် ကြိုတင်ပြီးတော့ ခွင့်ပြုချက် ယူရမယ် ဆိုပြီးတော့ အဲလို မှာတယ်တဲ့။ မြို့နယ် ဥက� ဌကလည်း ကျနော်က တာဝန်ရှိအတိုင်း ပြောပြတာပါလို့ ပြောပြပြီးတော့ အေးအေးချမ်းချမ်း ပြန်လာကြတယ်” ဟု အန်အယ်ီ အဖွဲ့ဝင် ဦးဆန်လျန်းက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ နံနက်ပိုင်းက အန်အယ်ဒီအဖွဲ့ဝင် ၂ဝ ကျော်သည် လောင်စာဆီနှင့် ကုန်ဈေးနှုန်းများ ကျဆင်းရေး အတွက် မယက ရုံးသို့ သွားရောက် ဆန္ဒပြပြီး နောက်ရက်တွင် ယခုလို ခေါ်ယူ သတိပေးမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဟားခါးမြို့တွင် စည်ပင်သာယာဌာနမှ အိမ်ခွန်၊ ရေခွန်၊ မြေခွန်နှင့် အမှိုက်ခွန် အစရှိသည့် ၄ မျိုးကို ကောက်ခံရာတွင် နှစ်စဉ်ဆိုသလို အခွန်နှုန်းထားများ တိုးမြှင့် လာခဲ့သော်လည်း ပြီးခဲ့သည့် ဇွန်လက အမှိုက်ခွန်ကို ၄ ဆအထိ တိုးမြှင့်လာမှု၊ ဝေးလံခေါင်ဖျား ဒေသတွင် သွားရောက် အမှုထမ်းသူ ဝန်ထမ်းများအတွက် ဒေသန္တရ ရှားပါးစရိတ် ဖြတ်တောက်ထားမှုနှင့် လောင်စာဆီနှင့် ကုန်ဈေးနှုန်း မြင့်တက်နေမှုကို မကျေနပ်သည့် အတွက် အန်အယ်ဒီ အဖွဲ့ဝင်များ ဦးဆောင်ပါဝင်သည့် ဒေသခံ ၂၄ ဦးက မယက ရုံးရှေ့တွင် သွားရောက် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

“အရင်ကဆိုရင် အမှိုက်ကို ကားနဲ့ လာသိမ်းတယ်။ အခု နောက်ပိုင်းမှာ ကားလည်း မလာတော့ဘဲ ကိုယ့်အမှိုက်ကို ကိုယ့်ဘာသာကိုယ် သိမ်းပြီး ပစ်ရတော့တာ။ အဲဒါကို အမှိုက်သိမ်းခွန်ကို ၄ ဆလောက် တက်တော့ ကျနော်တို့ အားလုံး အံ့သြကြရတယ်။ အခွန်တွေကို တိတိကျကျ ပြောရမယ်ဆိုရင် အဆောက်အဦခွန် ဆိုရင် ၈ဝ ရာခိုင်နှုန်း၊ ရေခွန်က ၄ဝ ရာခိုင်နှုန်း၊ လမ်းမီးခွန်က ၁ဝ၈ ရာခိုင်နှုန်းတို့ ဖြစ်တယ်” ဟု ဦးဆန်လျန်းက ပြောပြသည်။

အခွန်နှုန်းထားများ လျှော့ချပေးရေး အတွက် ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် မယက ရုံးသို့ စာရေးသား တောင်းဆိုခဲ့သော်လည်း ယခုအချိန်ထိ တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ဈေးသစ်ရပ်ကွက်မှ စတင်ကာ ပြည်တော်သာနှင့် ဈေးဟောင်း ရပ်ကွက်မှတဆင့် မယက ရုံးအထိ လမ်းလျှောက် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင် ဟားခါးòမိ့၌ လုံòခံရေး အခြေအနေ ထူးခြားမှု မရှိကြောင်း သိရသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates