အယ်ဒီတာရှင့်
ကလေးမြို့ မြို့လယ်ခေါင်မှာရှိတဲ့ လေယာဉ်ကွင်း တိုးချဲ့ရေးကို အကြောင်းပြပြီး အနီး ပတ်ဝန်းကျင်က အိမ်ခြေ ၃၅၀ ကျော်ကို ဖျက်သိမ်းဖို့ ဒီလ ၇ ရက်နေ့မှာ ဒေသ အာဏာပိုင်တွေက အတည်ပြု ပေးလိုက်တယ်လို့ သိရပါတယ်။ အခုလို စီးပွားရေး ကျပ်တည်း နေချိန်မှာ နေအိမ်တွေကို အတင်း အဓမ္မ ပြောင်းရွှေ့ ဖျက်သိမ်း ပေးရမယ် ဆိုရင် ဒုက္ခတွေ ပင်လယ်ဝေရမှာ လူတိုင်း သိပါတယ်။ ပြီးတော့ တပ်မတော် အငြိမ်းစား အများစု နေတဲ့ ရပ်ကွက်ထဲက အမက ၉ စာသင်ကျောင်းနဲ့ ပင်လုံတပ်ဦး ဘုန်းကြီးကျောင်းလည်း ပါဝင်တာကို တွေ့ရပါတယ်။ နအဖ အစိုးရ အနေနဲ့ ပြန်ပြီးတော့ စဉ်းစား သုံးသပ် ပေးသင့်တယ်လို့ တောင်းဆို လိုက်ရပါတယ်ရှင်။

အမည်မဖော်လိုသူ
(ကလေးမြို့သူတဦး)