ငါး မင်းဆွေ သို့ (ပေးစာ)

ဇွန်လ ၁၄ ရက်၊ ၂၀၀၇ ခုနှစ်။
 
အကို  ငါး မင်းဆွေ ကိုယ်စိတ် နှစ်ပါး ကျန်းမာ ချမ်းသာစွာဖြင့် တိုင်းပြည် နှင့် လူမျိုး အကျိုးကို အသက် ရာကျော်ရှည်စွာ အမှန်တကယ် စေတနာမှန်ဖြင့် လုပ်ကိုင် နိုင်ပါစေကြောင်း၊ အကို မှာမရှိမဖြစ် လိုအပ်နေတဲ့ ကိုယ်ပိုင် ကားတစီးလည်း မြန်မြန် ပါမစ် ကျပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ကျနော်ကတော့ အကိုနဲ့ ဘ၀တူ ရေလုပ်သားလေး ပုဇွန် မင်းဆွေပါ ဘ၀တူ ရေလုပ်သားချင်း ဆိုတော့ ရေအကြောင်း သိပြီးသား ပေါ့နော၊ ကျနော် ကတော့ သူများတွေလို ရှည်ရှည်ဝေးဝေး မရေးတတ်ဘူး… အကို့ ကို သတိ ပေးချင်တာပါ အကိုနဲ့ ကျနော် က ဘ၀တူ ရေလုပ်သားတွေလေ… ကဲ လေလည်း ရှည်နေပြီ တစ်ခုထဲပါပဲ၊ အကိုဟာ ငါးအစစ်ပါ ကိုယ့်ကိုယ်ကို ဖားလောင်းလို့ မထင်ပါနဲ့
ငါးအစစ်ဘ၀ "ငါးမင်းဆွေ" ကနေ " ဖားမင်းဆွေ" မဖြစ်ပါစေနဲ့လို့ထပ်မံ ဆုမွန်ကောင်း တောင်းရင်း ညီ ပုဇွန် မင်းဆွေ ၇၈ ကျောင်းသားဟောင်း မှတ်ချက်။ ။ အကို မကြာခင်ကမှ ကျထားတဲ့ MPT-GSM ကို Message ပို့တာမရလို့ အိပ်ဖွင့်ပေးစာ ရေးလိုက်ရပါတယ်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး