Monday, June 18, 2007

မိုင်းယုကျေးရွာတွင် ၇ ရက်အတွင်း နေအိမ်ဖျက်ရမည်

ဖနီဒါ (မဇ္ဈိမ သတင်းဌာန)
ဇွန်လ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ ၁၀၅ မိုင် ခေါ် မိုင်းယု ကျေးရွာမှ လူနေအိမ် ၂၆ လုံးကို တရားမ၀င် နေအိမ်များဟု ပြောဆိုကာ ၇ ရက်အတွင်း ပြောင်းရွှေ့ပေးရန် အတွက် ဒေသ အာဏာပိုင်များမှ ယခုလ ၁၃ ရက်နေ့က အမိန့် ပေးထားသည်။

မိုင်းယု ကျေးရွာရှိ ဆေးပေးခန်းနှင့် သက်ဆိုင်သူ ရွာသား အချို့ကို မူဆယ်မြို့ မယက ဥက� ဌ ဦးညိုဟန်က ခေါ်ယူ တွေ့ဆုံကာ “နေအိမ်များသည် တရား မ၀င်သောကြောင့် ၇ ရက်အတွင်း ပြောင်းရွှေ့ရမည် ဖြစ်ကြောင်းနှင့် နေအိမ်များကို ထပ်မံ၍ မတွေ့မြင် လိုကြောင်း” ပြောဆိုခဲ့သည်ဟု ပြောင်းရွှေ့ ခံရမည့် ရွာသားတဦးက မဇ္မျိမကို ရှင်းပြသည်။

အစည်းအဝေးသို့ မြို့နယ် ရဲတပ်ဖွဲ့မှ ဦးကျော်စိန်လင်း နှင့် ဦးစိုးနိုင်၊ စည်ပင် သာယာရေး အရာရှိ ဦးမျိုးသိန်း၊ မိုင်းယု ကျေးရွာမှ တရားသူကြီး တဦးနှင့် ကျေးရွာ ကောင်စီ ရယက မှ ဦးအောင်နိုင်ဦးတို့လည်း ပါဝင် တက်ရောက်ခဲ့သည်။

လက်မှတ်ထိုး သဘောတူ ခဲ့ရသော်လည်း ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ� ဦးအောင်နိုင်ဦးက ခြောက်လှန့် ပြောဆိုခဲ့၍ လက်မှတ်ထိုးရခြင်း ဖြစ်သည်ဟု ရွာသားများက ပြောကြသည်။

ယခင်ကတည်းက ဒေသ အာဏာပိုင်များနှင့် မြေပိုင်ရှင်များထံမှ ယခု ပြောင်းရွှေ့ ခိုင်းသည့် နေအိမ် မြေယာများကို တရားဝင် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်ဟု သူတို့က ပြောသည်။

ထပ်မံ ပြောင်းရွှေ့ရမည့် နေရာသစ်များကို အစားထိုး ပေးအပ်ခြင်း မရှိဘဲ မိုးတွင်း ဖြစ်နေသောကြောင့် ပြောင်းရွှေ့ခံရမည် ဖြစ်သော ရွာသားများသည် အဆင်မပြေ ဖြစ်နေကြရကြောင်း မိုင်းယု ရွာခံ တဦးက ပြောဆိုသည်။�

မိုင်းယုကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်ရှိရာတွင် ကချင်နှင့် ရှမ်းလူမျိုးများ အများဆုံးနေထိုင်လျက်ရှိသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates