ဗင်နီဇွဲလားစစ်ဘက်ဆိုင်ရာအဆောက်အအုံများနှင့် အရေးကြီးသော ပစ်မှတ်များကို အမေရိကန် တိုက်ခိုက်
CBS News ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုအစိုးရအပေါ် ဖိအားပေးမှုများကို စနေနေ့ အစောပိုင်းတွင် ပိုမိုတိုး မြှင့်လိုက်သည့်အနေဖြင့်၊ ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာအဆောက်အအုံများ အပါအဝင် အရေးကြီးသော နေရာများကို တိုက်ခိုက်ရန် သမ္မတ ထရမ့်က အမိန့်ပေးလိုက်ကြောင်း အမေရိကန် အရာရှိများက CBS News သို့ ပြောကြားခဲ့သည်။ ယခုတိုက်ခိုက်မှုများသည် ကာရစ်ဘီယံပင်လယ်ပြင်တွင် ယူအက်စ်အက်စ် ဂျရယ်လ် အာရ်ဖို့ဒ် လေယာဉ် တင်သင်္ဘောနှင့် အခြားစစ်သင်္ဘောအမြောက်အမြားကို နေရာချထားခြင်းအပါအဝင်၊ ဒေသတွင်း၌ အမေရိကန်က လအတော်ကြာ စစ်အင် အားတိုးမြှင့်ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ စနေနေ့ ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်တွင် မြို့တော် ကာရာကတ်စ်၌ အနည်းဆုံး ပေါက်ကွဲသံ ခုနစ် ကြိမ်နှင့်အတူ လေယာဉ်များ အနိမ့်ပျံသန်းသံများကို ကြားခဲ့ရပြီး၊ အမေရိကန်သည် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့သည်ဟု ဗင်နီဇွဲလားအစိုးရက စွပ်စွဲပြောဆိုခဲ့သည်။ ကာရာကတ်စ်မြို့ရှိ အဓိကစစ်ဌာနချုပ်၊ ကာရာကတ်စ်မြို့ရှိ အဓိကလေတပ်စခန်း၊ ဆက်သွယ်ရေး အချက်ပြ အင်တင်နာ တာဝါတိုင်နှင့် ကာရစ်ဘီယံကမ်းရိုးတန်းရှိ ဆိပ်ကမ်းတို့ တိုက်ခိုက်ခံခဲ့...