Posts

Showing posts with the label စီးပွားရေး

ထိုင်းဘတ်ငွေတန်ဖိုး မာပြီး ရွှေဥ ဥပေးသော ငန်းကြီး ပျောက်ကွယ်သွားသောအခါ

Image
Pattaya Mail ဆယ်စုနှစ်များစွာတိုင်အောင် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း စီးပွားရေးက ရိုးရှင်းသော ပုံသေနည်းဖြင့် ရှင်သန်နေခဲ့သည်မှာ သင့်တင့်သော စျေးနှုန်း၊ နိုင်ငံခြားသားများ၏ အားကောင်းသော သုံးစွဲနိုင်စွမ်းနှင့် ခရီးသွားများ အဆက် မပြတ် ဝင်ထွက်နေခြင်းတို့ပဲ ဖြစ်သည်။ ခရီးသွားများက ရက်သတ္တပတ် အနည်းငယ်ကြာ လာရောက်လည်ပတ်ကြပြီး ဟိုတယ်၊ အစား အသောက်၊ ခရီးစဉ်များ၊ ဘားများ၊ ဆိုင်များနှင့် သယ်ယူပို့ဆောင်ရေးတို့အတွက် လက်ဖွာစွာ သုံးစွဲကြကာ နေရပ် အိမ်ပြန်ကြသည်။ ၎င်းတို့ နေရာတွင် နောက်ထပ် ခရီးသွားလှိုင်းတလှိုင်းက ချက်ချင်းဆိုသလို အစားထိုးဝင်ရောက်ပြန်သည်။ ထိုအတွက် ငွေကြေး စီးဆင်းနေကာ အလုပ်အကိုင်များ ဖန်တီးနိုင်ပြီး ဒေသခံ စီးပွားရေးလုပ်ငန်းများ ရပ်တည်နိုင်ခဲ့ကြသည်။ ထို ပုံသေနည်းက ယခုအခါ ပျက်စီးလိုက်လာသည်။ ပတ္တရားနှင့် အခြားသော ခရီးသွားဌာနများ တခွင် လမ်းမများက စည်ကားနေဆဲဟု ထင်ရပေလိမ့်မည်။ ခရီးသွားလုပ်ငန်း မြှင့်တင်သူများ မျှဝေသည့် ဓာတ်ပုံများတွင် ကမ်းခြေများ၌ လူ ပြည့်နှက်နေသည်။ ဝင်ရောက်လာသည့် ခရီးသွားဦးရေမှာလည်း မြင့်မားနေဆဲဖြစ်သည်။ သို့သော် ဘားပိုင်ရှင်များ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ ဆိုင်ရှင်များနှင့်...

လုံခြုံရေးနှင့်တရုတ်ဆိုင်ရာ စိုးရိမ်မှုများကြောင့် ချစ်ပ်အရောင်းအဝယ်ကို ထရမ့် တားမြစ်

Image
Reuters အမေရိကန် အလင်းသုံးနည်းပညာကုမ္ပဏီဖြစ်သော HieFo Corp က နယူးဂျာစီအခြေစိုက် လေကြောင်းနှင့် ကာကွယ်ရေးဆိုင်ရာကုမ္ပဏီ Emcore ၏ ပိုင်ဆိုင်မှုများအား ဒေါ်လာ ၃,၀၀၀,၀၀၀ ဖြင့် ဝယ်ယူမည့်ကိစ္စကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမျိုးသားလုံခြုံရေးနှင့် တရုတ်နိုင်ငံဆိုင်ရာ စိုးရိမ်မှုများကို အကြောင်းပြ၍ သောကြာနေ့ (ဇန်နဝါရီ ၂ ရက်) တွင် ပိတ်ပင်လိုက်သည်။ အိမ်ဖြူတော်မှ ထုတ်ပြန်သည့် အမိန့်တွင် ထရမ့်က HieFo ကုမ္ပဏီသည် “တရုတ်နိုင်ငံသားတဦး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း” နှင့် ၂၀၂၄ ခုနှစ်အတွင်း Emcore ၏ လုပ်ငန်းများကို ဝယ်ယူခဲ့မှုသည် “အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမည့် ခြိမ်းခြောက်မှုများကို လုပ်ဆောင်လာနိုင်သည်” ဟု ၎င်းအနေဖြင့် ယုံကြည်မိကြောင်း ဖော်ပြထားသည်။ သို့သော် အဆိုပါအမိန့်တွင် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထရမ့်၏ စိုးရိမ်ပူပန်မှု အသေးစိတ်ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ “အရောင်းအဝယ်ပြုလုပ်မှုကို ယခုပင် ပိတ်ပင်လိုက်သည်” ဟု ထရမ့်က ဆိုခဲ့ပြီး HieFo အနေဖြင့် ” နေရာဒေသမရွေးရှိ Emcore ၏ အကျိုးစီးပွားများနှင့် အခွင့်အရေးများအားလုံးကို ရက်ပေါင်း ၁၈၀ အတွင်း ပြန်လည်စွန့်လွှတ်ရန်” အမိန့...

အမေရိကန်တိုက်ခိုက်မှုများအပြီး ရေနံနှင့် မူးယစ်ဆေးဝါးအတွက် ဆွေးနွေးရန်အသင့်ရှိကြောင်း မာဒူရို ပြော

Image
Fox News ဗင်နီဇွဲလားအစိုးရနှင့် ဆက်နွှယ်နေသော မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများကို အမေရိကန်စစ်တပ်က လပေါင်းများစွာ ဖိအားပေးဖြိုခွင်းခဲ့ပြီးနောက်၊ အမေရိကန်နှင့် သဘောတူညီချက်ရရှိရေးအတွက် ဆွေးနွေးညှိနှိုင်းရန် ဗင်နီဇွဲလားအစိုးရဘက်မှ အဆင်သင့်ရှိကြောင်း သမ္မတ နီကိုလပ်စ် မာဒူရိုက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်ခဲ့သည့် စပိန်သတင်းထောက် အစ်ဂ်နာစီယို ရာမွန်နက်နှင့် ကြိုတင်ရိုက်ကူးထားသော လူတွေ့မေးမြန်းခန်းတွင် မာဒူရိုက အမေရိကန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီချက်တရပ်ကို ဆွေးနွေးရန် “အသင့်” ရှိနေကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြား “လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အချက်အလက်များဖြင့် အလေးအနက်ထား စတင် ဆွေးနွေးရန်” ၎င်းက တိုက်တွန်းခဲ့သည်။ “အမေရိကန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အတော်များများကိုလည်း ကျွန်တော်တို့ အသိပေးထားပြီး သားပါ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သဘောတူညီချက်တခုအတွက် အလေးအနက် ဆွေးနွေးချင်တယ်ဆိုရင် ကျွန်တော်တို့ဘက်က အသင့်ပါပဲ” ဟု ၎င်းက ဆိုသည်။ “အမေရိကန်က ရေနံလိုချင်တယ်ဆိုရင် Chevron ကုမ္ပဏီနဲ့ လုပ်ဆောင်နေသလိုမျိုး ဗင်နီဇွဲလားမှာ လာရောက်ရင်းနှီးမ...

ပိတ်ဆို့မှုများကြောင့် ဗင်နီဇွဲလားငွေကြေးနှင့် ဒေါ်လာလဲလှယ်နှုန်း ၄၈၀ ရာခိုင်နှုန်းခန့် စံချိန်တင် မြင့်တက်

Image
Euro News ဗင်နီဇွဲလားနိုင်ငံသုံး ငွေကြေးဖြစ်သော ဘိုလီဗာတန်ဖိုး သိသိသာသာ ထိုးဆင်းနေခြင်း၊ တရားဝင် ဒေါ်လာလဲလှယ်နှုန်းအတိုင်းရရှိရန် ခက်ခဲခြင်းတို့ကြောင့် နိုင်ငံတကာပိတ်ဆို့အရေးယူမှုများနှင့် ငွေကြေးဖောင်းပွမှုများကြားတွင် ဗင်နီဇွဲလားနိုင်ငံသားအများစုသည် နိုင်ငံခြားငွေရရှိရန်အတွက် ခရစ်တိုငွေကြေးအခြေပြု ဈေးကွက်များကို အသုံးပြုလာကြသည်။ ဗင်နီဇွဲလားရေနံကုန်သွယ်မှုအပေါ်ပိတ်ဆို့အရေးယူမှုများ ပိုမိုတင်းကျပ်လာခြင်း အပါအဝင် အမေရိကန် နှင့် ဗင်နီဇွဲလားအကြား တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ဘိုလီဗာငွေကြေး တန်ဖိုးကျဆင်းမှုများ ကို ပိုမိုဆိုးရွားစေခဲ့သည်။ ပြီးခဲ့သည့် ၁၂ လတာကာလအတွင်း အမေရိကန်ဒေါ်လာနှင့် တရားဝင်လဲလှယ်နှုန်းမှာ ၄၈၀ ရာခိုင်နှုန်း နီးပါးအထိ မြင့်တက်လာခဲ့သည်။ ဗင်နီဇွဲလား ဗဟိုဘဏ်က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တရားဝင်ငွေလဲနှုန်းကို အမေရိကန်တဒေါ်လာလျှင် ၃၀၁ ဒသမ ၃၇ ဘိုလီဗာအဖြစ် သတ်မှတ်ခဲ့ပြီး ယင်းနှုန်းထားမှာ ဇန်နဝါရီ ၂ ရက်အထိ အတည်ဖြစ် သည်။ ၂၀၂၅ ခုနှစ် အစောပိုင်းက တဒေါ်လာလျှင် ၅၂ ဒသမ ၀၂ ဘိုလီဗာသာ ရှိခဲ့ခြင်းနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းငွေကြေး မည်မျှအထိ တန်ဖိုးကျဆင်းသွားသည်ကို သိသာစွာ မြင်တွေ့န...

အမေရိကန် ပိတ်ဆို့မှုကြောင့် ကြွင်းကျန်ဆီ လျှံပယ်ကာ ဗင်နီဇွဲလား ရေနံချက်လုပ်ငန်းများ အကျပ်ဆိုက်

Image
Baird Maritime ဗင်နီဇွဲလား၏ ကုန်းတွင်း သိုလှောင်ကန်များတွင် ကြွင်းကျန်ဆီ စုပုံနေ၍ ရေနံချက်စက်ရုံများ ပိတ်ရခြင်းကို ရှောင်နိုင်ရန် နိုင်ငံပိုင် PDVSA ကုမ္ပဏီကြီးက လွန်ကဲ ဖြေရှင်းနည်းများကို မဖြစ်မနေ အသုံးပြုနေရသည်။ ဗင်နီဇွဲလားဆီ အဝင်အထွက် ရေနံတင် သင်္ဘောများကို ဒဏ်ခတ်အရေးယူမှုအရ အမေရိကန်က ပိတ်ဆို့ထားရာ ရေနံတင်ပို့မှု အနိမ့်ဆုံးသို့ ကျဆင်းနေချိန် ယခုကဲ့သို့ အကျပ်အတည်း ဆိုက်လာခြင်းပဲ ဖြစ်သည်။ မကြာသေးသည့် ရက်ပိုင်းအတွင်း ဗင်နီဇွဲလား ရေပြင်ဆီ ရေနံတင်သင်္ဘောအချို့ ဝင်ရောက်ခဲ့ကာ တရုတ်အလံတင် သင်္ဘော နှစ်စင်းလည်း ကမ်းခြေနား ချည်းကပ်လာသည်။ သို့ရာတွင် ဒီဇင်ဘာနှင့် ဇန်နဝါရီ အစောပိုင်း တင်ပို့မှုအတွက် ဗင်နီဇွဲလား ဆိပ်ကမ်းများဆီ ဦးတည်သော သင်္ဘောအများစုမှာ အမေရိကန် ပိတ်ဆို့ထားမှုကြောင့် နောက်ကြောင်းပြန်လှည့်ပြီး ဒဏ်ခတ် အရေးယူ မခံရသည့် သင်္ဘောများပင် စိုးရိမ်၍ ပြန်လှည့်သွားခြင်းများ ရှိသည်။ အမေရိကန်၏ ယခုကဲ့သို့ ဖိအားပေး လှုပ်ရှားမှုသည် တရားမဝင်ဟု သတ်မှတ်ထားသော ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုကို ဖြုတ်ချရန် ကြိုးပမ်းခြင်းပဲ ဖြစ်သည်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၂၀ တွင် PDVSA ၏ အဓိက ကုန်သွယ်ဖက်မျ...

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

Image
ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်  မဇ္ဈိမ ဖေဖော်ဝါရီ ၁၊ ၂၀၂၁  မြန်မာနိုင်ငံဘဏ်များအသင်း အသင်းဝင်ဘဏ်များ အနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ပြီး တညီတညွတ်တည်း ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံဘဏ်များအသင်းက အကြောင်းစာ ထုတ်ပြန်ခဲ့သည်။  အကြောင်းကြားစာတွင် မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းအချိန် အရေးပေါ် ဆွေးနွေးချက်အရ အချက် သုံးချက်ကို ထုတ်ပြန်ခဲ့သည်။  အဆိုပါအချက်တို့မှာ လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများအရ ဘဏ်များရှိ ငွေကြေးဝန်ဆောင်မှု ပေးနေသည့် System unavailable ဖြစ်နေခြင်း၊ Internet connection များ မကောင်းခြင်းတို့ကြောင့် လက်ရှိ အခြေအနေတွင် ဘဏ်များ ငွေကြေးဝန်ဆောင်မှုပေးရန် အဆင်မပြေသဖြင့် မြန်မာနိုင်ငံဘဏ်များအသင်း အသင်းဝင်းဘဏ်များ အနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာစတင်ပြီး ယာယီပိတ်ထားရန် ပါရှိသည်။  ဆက်လက်ပြီး ဘဏ်များ ယာယီ ပိတ်ထားခွင့်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ဆက်လက် တင်ပြပြီး ဘဏ်များ ပြန်လည်ဖွင့်လှစ်မည့်ရက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက် ခံယူကာ ပြန်လည် ကြေညာသွားမ...

လေကြောင်းမှ ကဏန်းများတင်ပို့မှု အမေရိကန်ဒေါ်လာ ၁၃ သန်းခန့်အထိ ရှိလာ

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၀၉ မိနစ် ရန်ကုန်(မဇ္ဈိမ)။     ။ မြန်မာနိုင်ငံက ဖမ်းဆီးရရှိသော ကဏန်းများကို လေကြောင်းလိုင်းကပါ တင်ပို့ရောင်းချလျှက်ရှိရာ ယခု ဘဏ္ဍာနှစ်အတွင်း ဖေဖေါ်ဝါရီ ၃ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၁၃ သန်းခန့် တင်ပို့ရောင်းချပြီးဖြစ်ကြောင်းသိရသည်။ “ကဏန်းတွေကို နယ်စပ်ကုန်သွယ်ရေးနဲ့ လေကြောင်းလိုင်း နှစ်ခုကနေ တင်ပို့မှု ရှိနေပါတယ်။ ဘဏ္ဍာနှစ်အတွင်း ဖေဖော်ဝါရီ ၃ရက်နေ့အထိ လေကြောင်းလိုင်းကနေ တင်ပို့မှုက အမေရိကန်ဒေါ်လာ ၁၃သန်းခန့် ရရှိထားပြီး ဖြစ်ပါတယ်” ငါးလုပ်ငန်း ဦးစီးဌာန FIQC ဌာနခွဲမှ တာဝန်ရှိသူတဦးက ပြောသည်။ ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ကဏန်းများကို လေကြောင်းလိုင်းဖြင့် တင်ပို့မှုပို ယခင်က ခွင့်မပြုသော်လည်း၊ ၂၀၁၀ ခုနှစ် နှစ်ပတ်လည်ခန့်က စ၍ စတင်ခွင့်ပြုခဲ့ သဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့မှု ရှိနေခြင်း ဖြစ်သည်။ “ကဏန်းတွေကို လေကြောင်းလိုင်းနဲ့ တင်ပို့တော့ အချိန်တိုတိုနဲ့ ၀ယ်သူဆီရောက်တယ်။ အသေအပျောက် နည်းတယ်။ လတ်ဆတ်မှု ရှိတဲ့အတွက် ဈေးပိုရတယ်။ ဒါပေမဲ့ လေယာဉ်စရိတ်ကြောင့် မဖြစ်မနေမှပဲ လေကြောင်းလိုင်းကို အသုံးပြုပ...

ကန့်သတ်ကုန်များမှ ပစ္စည်းလေးမျိုး ထပ်မံ တင်သွင်းခွင့်ပြု

ခင်မျိုးသွယ် | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၂၁ နာရီ ၂၀ မိနစ် ရန်ကုန် (မဇ္ဈိမ)။     ။ ပို့ကုန် သွင်းကုန်ဥပဒေအရ  ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအား ပြည်ပမှ တင်သွင်းခွင့် မပြုသည့် ကန့်သတ်ကုန်များမှ ပစ္စည်းလေးမျိုးအား ထပ်မံတင်သွင်းခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့် ကြော်ငြာစာ ၉/ ၂၀၁၃ နှင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ “အရင်က တင်သွင်းခွင့်မပြုတဲ့ ချင်ဂန်း ၊ကိတ်၊ ဝေဖါ၊ ချောကလက် စတဲ့ ကန့်သတ်ကုန် လေးမျိုးကို အမိန့် ကြော်ငြာစာ ၉/၂၀၁၃ အရ  ကုန်သည်တွေအနေနဲ့ တရားဝင်တင်သွင်းနိုင်ပြီဖြစ်ပါတယ်။အဲဒီကုန်တွေ တင်သွင်းရာမှာ တည်ဆဲအမိန့်၊ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်လွင် က ပြောကြားသည်။ ယင်းအမိန့်ကြော်ငြာစာအရစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၃ ၇က်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃/ ၂၀၁၁ အား လွှမ်းမိုးပယ်ဖျက်သည်ဟု ဆိုသည်။ “ တည်ဆဲဥပဒေအရ ကန့်သတ်တဲ့ အရက်၊ ဘီယာ၊စီးကရက်၊တည်ဆဲဥပဒေအရ ကန့်သတ်ပစ္စည်းစတဲ့ ပစ္စည်...

ရေငန်ငါးမျိုးစိပ် ပြည်ပသို့ တင်ပို့ရောင်းချ

ခင်မျိုးသွယ် | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၄၉ မိနစ် ရန်ကုန်(မဇ္ဈိမ)။      ။ မြန်မာ့ ပင်လယ်ပြင်မှ ဖမ်းဆီးရမိသည့် ရေငန်ငါးမျိုးစိပ် ခြောက်ဆယ်ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချူပ်မှ သိရသည်။ “ မြန်မာ့ပင်လယ်ပြင်က ဖမ်းဆီးရမိတဲ့ ရေငန် ငါးမျိုးစိပ် ခြောက်ဆယ်ခန့်ကို ပြည်ပနိုင်ငံတွေကို တင်ပို့ ရောင်းချမှု ရှိနေပါတယ်” ဟု ငါးလုပ်ငန်းအဖွဲ့ချူပ် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက မဇ္ဈိမသို့ ပြောကြားသည်။ ပြည်ပနိုင်ငံများသို့ ငါးသလောက် ၊ငါးမုတ်ဖြူ ၊ ငါးမုတ်မဲ၊ ငါးပုတ်သင်အုပ်စု၊ ငါးရွှေ၊ ငါးတံခွန် ၊ ကကတစ်၊ ပလာတူး၊ ပလာလန်း စသည့် ရေငန်ငါးများကို အများဆုံး တင်ပို့ ရောင်းချ လျှက်ရှိ သည်။ “ပလာတူး၊ ပလာလန်းတွေကို ထိုင်းနိုင်ငံ စည်သွပ်စက်ရုံတွေက ကုန်ကြမ်းအဖြစ် ၀ယ်ယူမှုရှိနေသလို ငါးသလောက်ကတော့ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်က ပို့သလောက် ၀ယ်ယူမှုရှိနေပါတယ်” ဟုရေငန်ငါးတင်ပို့ နေသူ ဦးသန်းအောင်က ပြောသည်။ ပင်လယ်ငါးများကို ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ အေးခဲမှုပုံစံဖြင့် တင်ပို့ရောင်းချ လျှက်ရှိနေပြီး...

ထားဝယ် အထူးစီးပွားရေဇုန်အနီး ဥယျာဉ်ခြံမြေကွက်များ အ၀ယ်လိုက်

ခင်မျိုးသွယ် | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၃၄ မိနစ် ရန်ကုန် (မဇ္ဈိမ) ။     ။ ထားဝယ် အထူးစီးပွားရေးဇုန်အနီး ကျေးရွာများရှိ ဥယျာဉ်ခြံမြေကွက်များ အမြင့်ဈေးဖြင့် အ၀ယ်လိုက်နေကြောင်း ဒေသခံ အိမ်ခြံမြေအကျိုးဆောင်များ ကပြောသည်။ စိုးသိန်းအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးစိုးသိန်းက “ ထားဝယ်အထူး စီးပွားရေးဇုန်အနီး ကျေးရွာတွေမှာ ရှိနေတဲ့ ဥယျာဉ်ခြံ မြေကွက်တွေ အရောင်းအ၀ယ် လိုက်တယ်။ အမြင့်ဈေးတွေနဲ့ အရောင်းအ၀ယ် ပြန်ဖြစ်နေတာ ” ဟုပြောသည်။ ထားဝယ်အထူး စီးပွားရေးဇုန်အနီး ဘ၀ါရွာ၊ပန်းတင်အင်းရွာ၊ ရငဲရွာ၊ ၀ဇွမ်းတောရွာ၊ မင်းတန့်ရွာ အစရှိသည့် ကျေးရွာများရှိ ရော်ဘာ စိုက်ပျိုးထားသည့် ခြံများ၊ သီဟို၌၊သရက်၊အုန်း၊ ဒညင်း၊ ကွမ်းသီး စသည့် အပင်များ စိုက်ပျိုးထားသည့် ဥယျာဉ်ခြံများမှာ ခြံအတွင်းရှိ စားပင်သီးပင် အနေအထား ပေါ်မူတည်ကာ ဈေးနှုန်းအမျိုးမျိုး သတ်မှတ်ကာ ဧကကွက်များအလိုက် ၀ယ်ယူမှု ရှိနေသည်။ “အချို့ ရော်ဘာခြံတွေဆိုရင် အစေးခြစ်လို့ ရနေတဲ့ ခြံတွေပါတယ်။ ရော်ဘာခြံတွေဆိုရင် စိုက်ထားတဲ့ ရော်ဘာမျိုး အလိုက်ဈေးခေါ်ကြတယ် ” ဟု ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။ ...

မလေး၊ စင်ကာပူ၊ တရုတ်တို့က ကဏန်းပျော့ကို အဓိက၀ယ်ယူမှုရှိနေ

ခင်မျိုးသွယ် | စနေနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၁၆ မိနစ် ရန်ကုန်(မဇ္ဈိမ)။       ။ မြန်မာနိုင်ငံက ထုတ်လုပ် တင်ပို့ ရောင်းချလျှက် ရှိနေသော ကဏန်းပျော့များကို မလေးရှား၊ စင်္ကာပူနှင့် တရုတ်နိုင်ငံတို့က အဓိက ၀ယ်ယူလျှက်ရှိနေကြောင်း မြန်မာနိုင်ငံ ကဏန်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။ “ မြန်မာနိုင်ငံက တင်ပို့နေတဲ့ ကဏန်းပျော့ကို မလေးရှား၊ စင်္ကာပူနဲ့ တရုတ်ဝယ်လက်တွေက အဓိက၀ယ်ယူ နေပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ ဈေးကွက်သစ်တွေ ထပ်ရလာဖို့အတွက် အခုတလော စမ်းသပ်တင်ပို့ မှုတွေလည်း ရှိနေပါတယ် ” ဟုမြန်မာနိုင်ငံ ကဏန်းလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးနှင်းဦးက ပြောသည်။ မြန်မာကဏန်းပျော့ကို ၀ယ်ယူနေသည့် အခြားဝယ်လက်နိုင်ငံများမှ ထိုင်း၊ ဟောင်ကောင်၊ သြစတြေးလျ စသည့် နိုင်ငံတို့ ဖြစ်သည်။ “ကဏန်းပျော့ကို ပုံမှန်ကုန်သွယ်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေး တို့ကနေ တင်ပို့ပါတယ်။ ကဏန်းပျော့ တင်ပို့မှု ကနေ ရရှိတဲ့ ၀င်ငွေက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ရက်ကနေ ဖေဖော်ဝါရီ ၃ရက်အထိ အမေရိကန် ဒေါ်လာ၈.၃၀၈သန်း ရရှိထားပြီး ဖြစ်ပါတယ်” ဟု ငါးလုပ်ငန်း ဦးစီးဌာန FIQC ဌာနခွဲမှ တာဝန်ရှိသူ တဦးက ပြောသည်။ ...

ကိုးလတာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်
ဒေါ်လာ သန်းခုနှစ်ရာကျော်ရှိလာ

ခင်မျိုးသွယ် | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၀၄ မိနစ် ရန်ကုန်(မဇ္ဈိမ)။      ။ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်၏ ကိုးလတာ ကာလအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ မျိုးစုံတွင် ပြည်ပနိုင်ငံများက နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု အဖြစ်လာရောက် မြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၇၉၄သန်းကျော် ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ “ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ရက်ကနေ ဒီဇင်ဘာ ၃၁ရက်အထိ ကိုးလတာအတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပြည်ပနိုင်ငံတွေကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဖြစ် အမေရိကန်ဒေါ်လာ ၇၉၄.၃၄၅ သန်းရှိလာပါတယ်” ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္မဏီများညွှန်ကြားမှု ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင်က အတည်ပြု ပြောကြားသည်။ ၎င်းက “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဖြစ် အများဆုံး ၀င်ရောက် လုပ်ကိုင်သည့် လုပ်ငန်းတွေက လုပ်သား အင်အားအများစု အသုံးပြုရတဲ့ လက်ခစားလုပ်ငန်းများ ပါဝင်ပါတယ်” ဟု ပြောသည်။ လက်ခစားစနစ်ဖြင့် လုပ်ကိုင်ရသော လုပ်ငန်းများမှာ  အထည်ချူပ်လုပ်ငန်းတွေ ဆ...

ဒဂုံအရှေ့မြေကွက်များနှင့် သီလဝါ မြေကွက်များ အရောင်းအဝယ်ပြန်လိုက်နေ

ခင်မျိုးသွယ် | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၀၇ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၅၅ မိနစ်    ရန်ကုန်(မဇ္ဈိမ)။      ။ ရန်ကုန် အိမ်ခြံမြေ ဈေးကွက်အတွင်းရှိ ဒဂုံအရှေ့မြေကွက်များနှင့် သီလဝါ အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်မြေကွက်များ အရောင်းအ၀ယ် ပြန်လိုက်လာကြောင်း ရန်ကုန်အိမ်ခြံမြေ အကျိုးဆာင်များ ထံကသိရသည်။ “ဇန်န၀ါရီလကုန်ပိုင်းနဲ့ ဖေဖော်ဝါရီ လဆန်းရက်တွေမှာ ဒဂုံအရှေ့ မြေကွက် ဝယ်ယူမှုများလာတာ တွေ့ရတယ်၊ ဈေးနှုန်းအနေနဲ့လည်း နည်းနည်း ကြွလာတယ်။ အမြင့်ဈေး တန်ဖိုးကြီး မိန်းလမ်းမတန်း မြေကွက်တွေထက် ကျပ်သိန်း ဆယ်ဂဏန်း မြေကွက်တွေပိုပြီး အရောင်းအဝယ်ဖြစ်နေတယ်” ဟု မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆာင် ကုမ္မဏီမှ ဦးသန်းဦးက ပြောသည်။ ဒဂုံအရှေ့ ရှိပေ ၄၀-၆၀ တကွက်လျှင် ကျပ် ၁၂ သိန်းမှ ၁၅ သိန်းခေါ် မြေကွက်များမှာ ယခုရက်ပိုင်း အတွင်း ကျပ် ၃ သိန်းမှ ၅ သိန်း အထိလည်းကောင်း၊ ယခင်ခေါ်ဈေး သိန်း ၃၀ ၀န်းကျင်နှင့် သိန်း ၅၀ အတွင်းရှိ မြေကွက်များမှာ ကျပ်သိန်း ၄၉ မှ ကျပ်သိန်း ၇၀ အတွင်း ဈေးတိုးမြှင့် ခေါ်ယူမှုရှိလာကြောင်း ဒဂုံမြေကွက် ဝယ်ရောင်းလုပ်နေသည့် ဦးသန့်စင်က ပြောသည်။ ထို့အပြင် ကျပ်သိန်းရာဂဏန်းတန်...

ပြင်ပ စက်သုံးဆီဈေးကွက်အတွင်း ဈေး ကျဆင်းမှုရှိ

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၆ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၅၀ မိနစ် ပြည်တွင်းထွက် ချက်ဆီများ ရန်ကုန်သို့ ၀င်ရောက်လာမှုနှင့် အတူ ပြင်ပစက်သုံးဆီ ဈေးကွက်အတွင်း တပီပါလျှင် ကျပ်နှစ်ထောင်ခန့် ဈေးကျဆင်းမှု ရှိနေသည်ဟု ကုန်သည်များက ပြောသည်။ “မုံရွာခရိုင် ကျောက္ကာရွာ ဘက်မှာ ပြီးခဲ့တဲ့ သုံးလေးလလောက် ကတည်းက ချက်ဆီတွေ တအားထွက် နေတယ်။ ရန်ကုန်ဘက်က ကုမ္မဏီတွေရုံးခန်းဖွင့်ပြီး လာဝယ်နေတယ် ကြားတယ် ” ဟု မုံရွာမြို့ခံ ဦးထွန်းမြင့်က မဇ္ဈိမကို ပြောသည်။ လက်ရှိ အနေအထားတွင် စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်အတွင်းရှိ ခရေလမ်းသို့ တရက်လျှင် စက်သုံး ဆီပီပါ အလုံး ၃၀မှ ၇၀အထိ ၀င်ရောက်မှု ရှိနေသည်ဟု ဆီကုန်သည်များက ဆိုသည်။ “မန္တာလေးကုန်တွေ အဝေးပြေးဂိတ်မှာ သွားစောင့်ရင်း ချက်ဆီတွေ ပေပါအလိုက် ၀င်လာတာတွေ့ရတယ်။ ဒီဆီတွေက ရန်ကုန်အပြင်ကိုလည်း ပြန်ထွက်တယ် မကြားမိဘူး။ ရန်ကုန်ထဲမှာ သုံးနေတာ သေချာ သလောက်ပါပဲ ” ဟု ကုန်သည် ဦးဝင်းစိုးက ပြောသည်။ အလားတူ သရက်ခရိုင်မှလည်း ချက်ဆီများလည်း ရန်ကုန် စက်သုံးဆီ ဈေးကွက်အတွင်း ၀င်ရောက်မှု ရှိနေကြောင်း ဆီကုန်သည် အသိုင်းအ၀ိုင်းမှ သိရသည်။ ထို့အပြင် ရန်ကုန်စက်သုံးဆီ ပြင်ပဈေးကွက်တွင် ဓါတ်ဆီ တဂါလံ...

ခွဲသားထုတ်လုပ်ငန်းတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၂၅ ရာခိုင်နှုန်းခွင့်ပြု

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၆ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၄၉ မိနစ် ခွဲသားထုတ်လုပ်မှု လုပ်ငန်းတွင် နိုင်ငံခြားသား ရင်းနှီးမြှူပ်နှံမှုအား ၂၅ရာခိုင်နှုန်း ခွင့်ပြုမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ရက်နေ့က ထုတ်ပြန်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။ ခွဲသားထုတ်လုပ်မှု လုပ်ငန်းသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန လက်အောက်တွင်ရှိသည့် အခြေခံပစ္စည်းဖြစ်သည်။ အဆိုပါ ၀န်ကြီးဌာနအောက်ရှိ ရင်းနှီးမြှုပ်နှံမှုများစွာလိုသော အဆင့်မြင့်နည်းပညာနှင့် ထုတ်လုပ်သည့် လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံအား ၄၉ ရာခိုင်နှုန်း အထိလည်းကောင်း၊ တဆင့်တက် ထုတ်ကုန် အုပ်စုများ တပိုင်းတစ ထုတ်လုပ်သည့် လုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီးမြှူပ်နှံမှုအား ၃၅ရာခိုင်နှုန်းအထိ လည်းကောင်း ခွင့်ပြုသွားမည် ဖြစ်သည်။ ထို့အပြင် သစ်လုံးများ ထုတ်ယူ၍ ပြည်ပသို့ တင်ပို့ ရောင်းချခြင်း လုပ်ငန်းအား ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်ဟု ဆိုသည်။   အလားတူ သစ်တော စိုက်ခင်းထူထောင် လုပ်ကိုင်ခြင်းဆိုင်ရာ စည်းစနစ်များနှင့် စက်ကိရိယာများ ၊ ပေါင်းသတ်ေ...

ငါးဖမ်းလုပ်ငန်း ဖွံ့ဖြိုးသည့် ဒေသများတွင် ငါးဖမ်းပိုက်ထုတ် စက်ရုံ တည်ဆောက်ခွင့်ပြု

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၆ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၁၈ မိနစ် ရန်ကုန် (မဇ္ဈိမ) ။     ။ မွေးမြူရေးနှင့် ရေလုပ်ငန်း လက်အောက်ရှိ ငါးဖမ်းပိုက် ထုတ်လုပ်သည့် စက်ရုံ လုပ်ငန်းအား ငါးဖမ်းလုပ်ငန်း ဖွံ့ဖြိုးသည့် ဒေသများတွင် စက်ရုံတည်ဆောက်ခွင့်ပြုမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုနှံမှု ကော်မရှင်၏ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၃ အရ သိရသည်။ ငါးချဆိပ်ကမ်း၊ ငါးလေလံဈေး တည်ဆောက်လုပ်ငန်းကိုလည်း ငါးလုပ်ငန်းဦးစီးဌာန၏ ဥပဒေလုပ်ထုံး လုပ်နည်းနှင့် အညီဆောင်ရွက် ရမည်ဖြစ်ပြီး ဆိပ်ကမ်းနှင့် လေလံဈေးအား သန့်ရှင်း လုံခြုံမှုစနစ်နှင့် ခေတ်မီစွာ တွဲလျက် တည်ဆောက်ရမည် ဖြစ်သည်။ ရေချို ရေငန် ငါးမွေးမြူရေး လုပ်ငန်းအား ပြည်တွင်းရှိ ဇီဝမျိုးစုံ၊ မျိုးကွဲများကို ထိခိုက်စေနိုင်သည့် ငါးအမျိုးအစားများကို ခွင့်ပြုမည် မဟုတ်ပေ။ ရေထွက်ပစ္စည်း ဓါတ်ခွဲစစ်ဆေးရေး လုပ်ငန်းကိုလည်း IS0 17025 စနစ် ကျင့်သုံးသော ရေ အရည်အသွေး စစ်ဆေးခြင်းနှင့် ထုတ်ကုန်များအား စစ်ဆေးခြင်းများကို ပြုလုပ်နိုင်ရမည် ဖြစ်သည်။ ပျားနှင့် ပျားထွက် ပစ္စည်းလုပ်ငန်းကိုလည်း GMP (a good manufacturing pr...

အခေါက်ရွှေ အ၀င်များသဖြင့် ဈေးအနိမ့် ဖြင့်သာအရောင်း အဝယ်ဖြစ်

ခင်မျိုးသွယ် | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၂၂ နာရီ ၁၁ မိနစ် ရန်ကုန်ဈေးကွက်သို့ အခေါက်ရွှေ အ၀င်များသဖြင့် ဈေးအနိမ့်ဖြင့်သာ အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း ရွှေကုန်သည်များထံက သိရသည်။ “ဒီတစ်ပတ်အတွင်း ရွှေကွက်ထဲမှာ အသားပေါတဲ့ အနေအထားရှိတယ်။ ကမ္ဘာရွှေဈေးနဲ့ မြန်မာရွှေဈေး ဈေးနှုန်း ကွာဟချက် သိပ်မများဘဲ အခေါက်ရွှေ ၁ကျပ်သားကို ကျပ် ၇၆၃၀၀၀ ၀န်းကျင် အနိမ့်ဈေးနဲ့ အရောင်း အ၀ယ်ဖြစ်ခဲ့တယ်။” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့် က ပြောသည်။ ဇန်န၀ါရီ ၂၈ ရက်မှ ဖေဖေါ်ဝါရီ ၂ အထိ တစ်ပတ်အတွင်းပြည်တွင်း အခေါက်ရွှေ ၁ ကျပ်သားလျှင် အနိမ့်ဆုံး ဈေးနှုန်းများမှာ ကျပ် ၇၆၂၇၀၀ ဖြင့် ဖေဖေါ်ဝါရီ ၂ ရက်တွင် အပိတ်ဈေး ဖြစ်ပေါ်ခဲ့သည်။ အမြင့်ဆုံးဈေးမှာ ကျပ် ၇၆၇၅၀၀ ဖြင့် ဇန်န၀ါရီ ၃၁ ရက်က အဖွင့်ဈေးဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာရွှေဈေးမှာလည်း ၁အောင်စလျှင်  ၁၇၅၈ ဒေါ်လာဖြင့် ဇန်န၀ါရီ ၂၈ ရက် ညနေပိုင်းတွင် အနိမ့်ဆုံးဖြစ်ပေါ်ခဲ့ပြီး၊ အမြင့်ဆုံး ဈေးအနေဖြင့် ဖေဖေါ်ဝါရီ၁ရက် ညနေပိုင်းတွင် ၁၆၈၁ ဒေါ်လာဖြစ်ခဲ့သည်။ “ဒီတစ်ပတ်ထဲမှာ ကမ္ဘာရွှေဈေးက တက်ရင်လည်းမမြဲဘူး။ တက်ရင်လည်း တစ်ညပဲ။ နောက်ရက်ပြန် ကျတာပဲ။ တရုတ် နှစ်ကူးန...

အရောင်းပြခန်းနှင့် ဈေးကွာဟမှုကြောင့် ကားပွဲစားတန်းလူပိုစည်

ခင်မျိုးသွယ် | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၂၁ နာရီ ၅၇ မိနစ် ကားအရောင်းပြခန်းများနှင့် ကားပွဲစားတန်းတွင် ရောင်းချသည့် ဈေးနှုန်းများ ကွာဟမှုများ ရှိနေခြင်းကြောင့် ကားပွဲစားတန်းလူပိုစည်လာကြောင်း မြန်မာနိုင်ငံ မော်တော်ကားရောင်းဝယ်ရေးအသင်း (ဗဟို) ရန်ကုန်မှ ပြန်ကြားရေးတာဝန်ခံ ဦးမင်းဦးက မဇ္ဈိမသို့ပြောကြားသည်။ ၎င်းက “ကားပြခန်းတွေမှာရောင်းတဲ့ ဈေးနှုန်းနဲ့ ပွဲစားတန်းမှာ ရောင်းတဲ့ ဈေးနှုန်းက ကားတစ်စီးမှာကိုပဲ အနည်ဆုံး ကျပ် ၃သိန်း  ကနေ ကျပ် ၅ သိန်းအများဆုံး ကျပ် ၁၀ သိန်းအထိ ကွာဟမှုရှိနေတဲ့အတွက် ပွဲစားတန်းမှာရောင်းတဲ့ ကားတွေကို ၀ယ်သူတွေက လာကြည့်တာ များလာတဲ့ အတွက်လူပိုစည်လာပါ တယ်။” ဟု ဆိုသည်။ အရောင်းပြခန်းတွင် ရှိသော ကားများ၏ တနေ့တာ ၀န်ဆောင်စရိတ်မှာ အနည်းဆုံးကျပ် ငါးသောင်းဝန်းကျင် ရှိပြီး ကားပွဲဈေးတန်းမှာ ၀န်ဆောင်စရိတ်မရှိပေ။ “ပိုင်ရှင်ကိုယ်တိုင် ရောင်းတဲ့အတွက် ညှိနှိုင်းဈေးနဲ့လည်းရောင်းလို့ရတယ်။ ၀ယ်သူခေါ်လာတဲ့ အကျိုး ဆောင်ကိုလည်း အကျိုးဆောင်ခပေးတာကြောင့် လည်းပါတယ်။ ဒါကြောင့် ပွဲစားတန်းက ၀ယ်သူပိုစည် လာတာ ဖြစ်တယ်။”ဟု ဦးမင်းဦးက ပြောသည်။ ရန်ကုန် ၀ယ်လက်များမှာ ယာဉ်ကြောကျပ်တည်းမှု မျာ...

ဂျပန်ချေးငွေသစ်များကို ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သုံးမည်ဆို

ခင်မျိုးသွယ် | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၀၁ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၃၆ မိနစ် ရန်ကုန် (မဇ္ဈိမ)။   ။ မကြာမီ ရရှိလာမည့် ဖွံ့ဖြိုးမှုချေးငွေသစ်များကို ဂျပန်အစိုးရနှင့်ညှိနှိုင်း၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီမံခန့်ခွဲရေး နယ်ပယ်များ အပါအဝင် ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဇန်နဝါရီလ ၃၀ ရက်က သတင်း ထုတ်ပြန်သည်။ “အတိုးနှုန်းသက်သာစွာနဲ့ မကြာမီရရှိလာမယ့် ဖွံ့ဖြိုးမှု ချေးငွေအသစ်တွေကို ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုး ရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမှာပါ။ ဂျပန်နိုင်ငံအနေနဲ့ မြန်မာအစိုးရရဲ့ ဒီမိုကရေစီရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေ၊ စီးပွားရေးနှင့် လူမူရေး ပြုပြင် ပြောင်းလဲမှုတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ ကြွေးမြီ ယန်း ၃၀၃.၅၇၆ ဘီလီယံကို တနှစ်တာ ကာလအတွင်း လျှော်ပစ်သွားမှာ ဖြစ်ပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။ ထို့အပြင် ကျန်ရှိသည့် ကြွေးမြီ လက်ကျန် ဂျပန်ယန်း ၁၉၈.၈၈၁ ဘီလီယံအား ကြွေးမြီ အသစ်အဖြစ် ပြောင်းလဲသတ်မှတ်မည် ဖြစ်သည်။ “ကြွေးမြီ အသစ်တွေကို တနှစ်လျှင် အတိုးနှုန်း ၀.၀၁% နဲ့ ဆိုင်းငံ့ကာလ...

မြန်မာတိုင်းရင်း အလှမွေးငါးများကို စင်္ကာပူသို့ အဓိက တင်ပို့နေ

ခင်မျိုးသွယ် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၄ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၁၂ မိနစ် ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာမျိုးရင်း အလှမွေးငါးများကို စင်္ကာပူနိုင်ငံသို့ အဓိက တင်ပို့နေကြောင်း အလှမွေးငါး လုပ်ငန်းရှင်များအသင်းက ဆိုသည်။ “အခြား တင်ပို့ရောင်းချနေတဲ့ နိုင်င်ငံတွေက ထိုင်း၊ မလေးရှား၊ တရုတ်နဲ့ ဟောင်ကောင်ကို တင်ပို့ ရောင်းချလျက် ရှိပါတယ်” ဟု မြန်မာနိုင်ငံ အလှမွေးငါး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလိုကင်ဆိုင် က ပြောသည်။ ထိုသို့ တင်ပို့သည့် အလှမွေးငါးများမှာ ငါးနီချောင်၊ ငါးခုံးမ၊ စမ်းငါးကျီး၊ တံငါငို၊ ငါးမြီးဝါ၊ ငါးမြီးလောင်းလေး၊ ငါးရွှေစာရေး၊ ငါးကြေးဆတ်၊ ငါးမွေထိုး၊ ငါးပနော်၊ ငါးဝက်ထော်၊ ငါးလေးသည်တော် စသည့်ငါးများ ဖြစ်သည်ဟု ဆိုသည်။ “တိုင်းရင်း အလှမွေးငါးတွေကို ပိုက်ငယ်၊ မြှုံး၊ ရင်ကွဲမြှုံး၊ ရေကွင်းစတဲ့ ပစ္စည်းတွေနဲ့ အပွန်းအပဲ့မရှိ အရှင်ရအောင် ဖမ်းတာပါ” ဟု ရခိုင်ဒေသမှ အလှမွေးငါးများကို ရန်ကုန် လုပ်ငန်းရှင်များထံသို့ တင်ပို့ရောင်းချနေသူ ဦးထွန်းလှ က ပြောသည်။ မြန်မာမျိုးရင်း အလှမွေးငါးများကို ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်း စသည်တို့တွင် ဖမ်းယူေ...