Wednesday, January 23, 2013

ပြည်ပတွင် မြန်မာသံရုံးများကို ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ ဖွင့်လှစ်သွားမည်

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၃ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၅၂ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာသံရုံးများကို ပြည်ပနိုင်ငံများတွင် တိုးချဲ့ ဖွင့်လှစ်နိုင်ရန် ဘဏ္ဍာနှစ်အလိုက် စီိမံချက်များ တိုးချဲ့ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

“အနာဂတ် အစီအစဉ်အနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေ ခွင့်ပြုချက်အတွင်းမှ ကမ္ဘာ့ပထဝီဝင် ဒေသကြီးများ အလိုက် မိမိနိုင်ငံတော်နှင့် နိုင်ငံရေး၊စီးပွားရေး ဆက်ဆံမှုနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မှု အရေးပါမှုများအပေါ် မူတည်၍ ပြည်ပ နိုင်ငံများတွင် မြန်မာသံရုံးများ တိုးချဲ့ ဖွင့်လှစ်ရေးကို ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်
ရေးဆွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဇန်နဝါရီလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွင် နိုင်ငံခြားရေး ဒု-ဝန်ကြီး ဦးဇင်ယော် က ပြောကြားခဲ့သည်။

ပဲခူးတိုင်း၊ မဲဆန္ဒနယ် အမှတ် ၁ မှ ဦးစောမော်ထွန်း က ပြည်ပတွင် မြန်မာသံရုံး၊ ကောင်စစ်ဝန် ရုံးသစ်များ ဆက်လက်ဖွင့်လှစ်သွားမည့် အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

“မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံသားများ၏ အကျိုးကို ကာကွယ်စောင့်aရှာက်
နိုင်ရေးအတွက် ပြည်ပတွင် မြန်မာသံရုံး ၃၃ ရုံး၊ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ၃ ရုံး၊ မြန်မာ
ကောင်စစ်ဝန်ချုပ်ရုံး ၄ ရုံး၊ စုစုပေါင်း ရုံး ၄၀ ဖွင့်လှစ်ပြီး ဖြစ်ပါတယ်” ဟု ဦးဇင်ယော် က ရှင်းလင်းပြခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates