Tuesday, January 22, 2013

ရုရှ စစ်လက်နက်များ မြန်မာအပါအဝင် ပြည်ပရောင်းချမှု စံချိန်တင်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၂ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၀၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ ရုရှ ဖက်ဒရေးရှင်းနိုင်ငံအနေနှင့် မြန်မာနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများသို့ စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချမှုမှာ ၂၀၁၂ ခုနှစ်အတွင်း ဒေါ်လာ ၁၅.၁၆ ဘီလီယံ ဖြင့် စံချိန်သစ် တင်နိုင်လိုက်ကြာင်း ပြည်ထောင်စု စစ်အေဂျင်စီအား ကိုးကား၍ မော်စကိုမှ လာသည့် IANS သတင်းတရပ်က ဆိုသည်။

ရုရှလုပ် စစ်လက်နက်ပစ္စည်းများကို အိန္ဒိယက အများဆုံးဝယ်ယူပြီး မြန်မာ၊ ဗီယက်နမ်၊ ဗင်နီဇွဲလားနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများမှာလည်း အဓိက ဖောက်သည်နိုင်ငံများ ဖြစ်ကြသည်။

“မဏာမ တွက်ချက်မှုများအရ လက်နက် တင်ပို့ရောင်းချမှု ပမာဏဟာ ဒေါ်လာ ၁၅.၁၆ ဘီလီယံ ရှိတဲ့ အတွက် ကျနော်တို့ စီမံကိန်းကို ၁၁၁.၈ ရာခိုင်နှုန်းနဲ့ ဖြည့်စွမ်းနိုင်ခဲ့ပါတယ်” ဟု ပြည်ထောင်စု စစ်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဌာန (FSMTC) ဦးစီးချုပ် အလက်ဇန္ဒား ဖိုမင် က ဆိုသည်။

လွန်ခဲ့သည့် ၁၀ နှစ်အတွင်း လက်နက်တင်ပို့မှု မြင့်တက်လာကာ ၂၀၁၁ ခုနှစ်က ဒေါ်လာ ၁၃.၂ ဘီလီယံ
ရောင်းချနိုင်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ရုရှသည် ကမ္ဘာပေါ်တွင် အမေရိကန်ပြီးလျှင် ဒုတိယ စစ်လက်နက် အရောင်းရဆုံးနိုင်ငံ ဖြစ်သည်။ FSMTC အဆိုအရ အထူးသဖြင့် ရောင်းပြီးနောက် ဝန်ဆောင်မှုအပိုင်းတွင် ညံ့သော်လည်း လက်နက် အရည်အသွေး ကို တိုးမြှင့်နိုင်ခဲ့ကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates