Tuesday, January 22, 2013

ရိုဟင်ဂျာများ နေထိုင်ရေးအတွက် ဒေါ်လာ ၁.၈၈ သန်း ဆော်ဒီ ကူညီ

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၂ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၄၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအတွက် နေထိုင်ရာများ ဆောက်လုပ်ပေးရန်အတွက်
ဆော်ဒီ အာရေဗျနိုင်ငံမှ ဒေါ်လာ ၁.၈၈ သန်း ပေးလှူလိုက်ကြောင်း သိရသည်။

အဆိုပါ အကူအညီကို ကုလ ဒုက္ခသည် အစီအစဉ်မှတဆင့် ပေးလှူခြင်းဖြစ်ပြီး တနင်္ဂနွေနေ့က ကြေညာ လိုက်ခြင်းဖြစ်ကြောင်း အာရပ် သတင်းတရပ်တွင် ပါရှိသည်။

ဆော်ဒီ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့နှင့် ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယဒ်မြို့အခြေစိုက် UNHCR ဌာနေကိုယ်စားလှယ် တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ပေးလိုက်ခြင်းဖြစ်သည်။

အဆိုပါ အကူအညီဖြင့် ရိုဟင်ဂျာ ၇၅,၀၀၀ နေထိုင်ရန်အတွက် ယာယီနှင့် အခိုင်အမာ အဆောက်အဦများ
ဆောက်လုပ်ပေးနိုင်မည်ဟု ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates