Tuesday, January 22, 2013

ပိတ်ဆို့မှုများ အပြီးတိုင်ဖယ်ရှားရန် ဖင်လန်နိုင်ငံ ကူညီမည်ဟုဆို

ခင်မျိုးသွယ် | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၂ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၄၆ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများအား အပြီးတိုင်ဖယ်ရှားနိုင်ရန် ဖင်လန်နိုင်ငံက ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် မြန်မာသမ္မတ ဦးသိန်းစိန်သည် ဖင်လန်နိုင်ငံ၊ နိုင်ငံတကာ ဖွံဖြိုးတိုးတက်ရေးဝန်ကြီး Ms. Heidi Hautala ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် သမ္မတအိမ်တော်၌ တနင်္လာနေ့က လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးပိတ်ဆို့မှုများ အပြီးတိုင် ဖယ်ရှားနိုင်ရန် ကူညီဆောင်ရွက်ရေး၊ အထူးအခွန်သက်သာခွင့် (GSP) ပြန်လည်ရရှိရေးကိစ္စများ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် သမိုင်းဝင်အခွင့်အရေး ရနေချိန် ဖြစ်သည့်အလျောက် သံတမန် ဆက်ဆံမှု တိုးမြှင့်နိုင်ရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ရေး ကိစ္စများကိုလည်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates