Friday, October 5, 2012

ကမ္ဘောဇဘဏ်တွင် ငွေထုတ်ယူသူများပြား

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ အောက်တိုဘာလ ၀၅ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၀၂ မိနစ်

မဇ္ဈိမသတင်းဌာန ။        ။ ရန်ကုန်မြို့တွင်းရှိ ဘဏ်များတွင် သောကြာနေ့ နေ့လည်ပိုင်းက
ငွေထုတ်ယူသူများ ပုံမှန်အခြေအနေထက် များပြားလျက်ရှိသည်ဟု သိရှိရသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲသို့ သွားရောက်သတင်းယူနေသည့် မဇ္ဈိမ သတင်းထောက်က ဘဏ်သို့ ငွေလာထုတ်သူကို မေးမြန်းရာတွင် "ခါတိုင်းနေ့ထက် ပိုများတယ်၊ လစာထုတ်ရက်တော့ ဟုတ်တယ် ဒါပေမယ့် ခါတိုင်း ကျနော်လစာလာထုတ်တာ ဒါပေမယ့် ကျနော်ပုံမှန်ထုတ်နေကျထက် ပိုများတယ်။" ဟု ပြောဆိုသည်။

ယင်းအပြင် ကမ္ဘောဇဘဏ်သို့ ငွေသွားထုတ်ယူသူ တစ်ဦးကလည်း ငွေပမဏကို မပြောဘဲ ဘဏ်တွင်အပ်ထားသမျှ ထုတ်ယူပြီး ဖြစ်သည်ဟု ဆိုသည်။

ညနေပိုင်း ဘဏ်ပိတ်ချိန် နီးကပ်လာနေပြီ ဖြစ်သော်လည်း မဇ္ဈိမ သတင်းထောက်များ ရောက်ရှိနေသည့် ကမ္ဘောဇ ဘဏ်တွင် ငွေထုတ်ယူသူ အယောက် ၃၀ ခန့်ရှိနေသေးသည်ဟု ဆိုသည်။

ယင်းအပြင် မဇ္ဈိမ၏ နောက်ထပ် သတင်းထောက်တဦးကလည်း ငွေထုတ်ယူသူများထံမှ "အသံတွေကြားလို့ အကုန်ထုတ်နေပြီ မင်းတို့လည်း ထုတ်ချင်ရင် ထုတ်ထားလိုက်လို့ ကြားတယ်။ ကျနော်ရောက်နေတဲ့ ရွှေဂုံတိုင် ကမ္ဘောဇဘဏ်ခွဲမှာ ၁၂၀ လောက် ရှိတယ်။" ဟုပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates