Wednesday, October 17, 2012

ကန် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးအရာရှိကြီးများ ရောက်ရှိနေ

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၃၂ မိနစ်

အမေရိကန်အစိုးရ၏ နိုင်ငံခြားရေး၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အခြား ထိပ်တန်းအရာရှိကြီးများ ပါဝင်သည့် အေဂျင်စီပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့တခု လူ့အခွင့်အရေး ဆွေးနွေးရန်အတွက်
နေပြည်တော်သို့ ရောက်ရှိနေသည်။

ကိုယ်စားလှယ်အဖွဲ့ကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပေါ့စ်နာ က ဦးဆောင်၍ အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဌာန၊ ဒုတိယ သမ္မတရုံး၊ ပြည်တွင်းလုံခြုံရေးဌာန၊ အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်သည်။

ဆွေးနွေးပွဲသည် တရားဥပဒေစိုးမိုးရေး၊ မြန်မာပြည်တွင်း ပဋိပက္ခဖြစ်ပွားရာနေရာများတွင် အရပ်သားများကို ကာကွယ်နိုင်ရန်၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်များ၊ လူ့အခွင့်အရေးနှင့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန်ရှိသည်ဟု သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates