Wednesday, July 6, 2011

တောင်ဥက္ကလာပ အိမ် ၃ လုံး မီးလောင်

မဇ္ဈိမသတင်းဌာန| ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၂၂ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ၅ ရပ်ကွက်၊ စစ်ကိုင်း ၂၉ လမ်းရှိ နေအိမ် ၃ လုံး ဗုဒ္ဓဟူးမနက် ၃ နာရီခွဲခန့်တွင် မီးလောင်ခဲ့ရာ အိမ်ထောင်စု ၄ စုမှ လူဦးရေ ၂ဝ ခန့် အိုးအိမ်မဲ့ဖြစ်သွားကြောင်း မြို့နယ်မီးသတ်ဦးစီးရုံးက ပြောသည်။

တောင်ဥက္ကလာရှိ မီးလောင်သွားသည့် နေအိမ်များ (ဓာတ်ပုံ - မဇ္ဈိမ)

ဦးထွန်းဦး နေအိမ်တွင် လျှပ်စစ်ဝါယာကြိုး လျှော့ဖြစ်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းက မီးဘေးသင့် အိမ်ထောင်စု တစုလျှင် ကျပ် ၅ သောင်းစီနှင့် အိုးခွက်ပန်းကန်၊ သောက်ရေသန့်၊ စောင်နှင့် ခေါင်းအုံးများ လာပေးသွားကြောင်း မီးဘေးဒုက္ခသည်များက ပြောသည်။

မီးဘေးဒုက္ခသည်များအား ၅ ရပ်ကွက် ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ ထားရှိသည်။

တောင်ဥက္ကလာရှိ မီးလောင်သွားသည့် နေအိမ်များ (ဓာတ်ပုံ - မဇ္ဈိမ)

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates