အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး စင်္ကာပူနိုင်ငံသို့ မျက်စိကုသရန် ရောက်ရှိနေစဉ် မဇ္ဈိမ သတင်းထောက် ခင်ဖြူဝင်းက တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။
NLD ဆက်လက် ရပ်တည်ဖို့နဲ့ ရှေ့အလားအလာကို ဘယ်လိုမြင်ပါသလဲ။
သူတို့က NLD ဆက်လက်ရပ်တည်ခွင့် မရှိတော့ဘူးလို့ ထုတ်ပြန်ကြေညာပါတယ်၊ ဒါပေမဲ့ NLD ဟာ NLD ပါပဲဗျာ၊ NLD ဆက်ရပ်တည်ဖို့ အခွင့်အလမ်းတွေရှိပါတယ်။ ကျနော်တို့ အခွင့်အရေးတွေ ပြန်တောင်းဆိုဖို့ NLD အခန်းကဏ္ဍ ပြန်ရောက်လာအုံးမှာပါ။
NLD ရဲ့ လုပ်ငန်းစဉ်တွေ တိုးတက်ဖို့ ဘယ်လို ဆက်လုပ်မယ် ပြင်ထားပါသလဲ။
သူတို့က NLDကို မရှိတော့ဘူး၊ ပျက်ပြယ်ပြီ၊ ဖျက်သိမ်းလိုက်ပြီ ဆိုပေမယ့် ဥပဒေအရ သူတို့ ဖျက်သိမ်းလို့ မရဘူး၊ ဘာကြောင့်လဲဆိုတော့ ၁၉၉ဝ ရွေးကောက်ပွဲမှာ ရလာတဲ့ ရလဒ်အရ မြန်မာတပြည်လုံးက NLD ကို လွှတ်တော် ကိုယ်စားလှယ်တွေ အများဆုံး ရွေးပေးခဲ့တာဖြစ်တယ်။

ကျနော်တို့ အခွင့်အရေး တွေကို ကျနော်တို့ ပြန်တောင်းဆိုမယ်။ ဥပဒေမှာရှိတယ်၊ အရင်တုန်းက ထုတ်ပြန်ထားတဲ့ ဖြစ်တည်ပြီးရှိနေတဲ့ ကိစ္စအရပ်ရပ်မှာ နောက်ဥပဒေက ထုတ်လိုက်လို့ ဒီဥပဒေက ရှေ့မှာရှိနေတဲ့ လူဥပဒေတယောက် အတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းအတွက် သော်လည်းကောင်း နစ်နာမယ်ဆိုရင် အဲဒီ နစ်နာချက် တွေကို တရားဥပဒေက ကုစားပေးရမယ်။ ဒါကြောင့် ဒီအချက်တွေကို ကျနော်တို့ တရားရုံးကို တင်ထားပြီးသား ဖြစ်တယ်။ အခု အဲဒီ နစ်နာမှုတွေဟာ NLD အဖွဲ့က လွှတ်တော် ကိုယ်စားလှယ်တွေ နစ်နာတာမဟုတ်ဘူး။ ပြည်သူလူထုက သူတို့ ဆန္ဒနဲ့ သူတို့ လိုချင်ပါတယ်ဆိုတဲ့ လေဘာတီရယ်၊ ဒီမိုကရေစီရယ်၊ လူ့အခွင့်အရေးရယ် အဲဒီနစ်နာချက်တွေကို တရားရုံးက ကုစားပေးရမယ်။
အဲဒီလို ကုစားပေးဖို့ ၁၉၄၅ ခုနှစ် ဥပဒေမှာ ဆိုထားတာက ရှေ့မှာရှိနေတဲ့ အဖွဲ့အစည်းတခုခုအား သူတို့ လုပ်ကိုင်ဆောင်ရွက်ချက်တွေအားလုံးကို သူတို့ ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း လုပ်ကိုင် ဆောင်ရွက်နေလျက်သားနဲ့ နောက်တခု ဥပဒေထုတ်လိုက်လိုက်လို့ ဒါကို ထိခိုက် နစ်နာတယ်ဆိုရင် ရှေ့ကခံရတဲ့လူတွေနဲ့ အဖွဲ့အစည်းဟာ တရားရုံးမှာ မိမိတို့ သက်သာခွင့်ကို ရယူလျှောက်ထားခွင့် ရှိတယ်ဆိုတာကို ဥပဒေနဲ့အညီ ကျနော်တို့ တင်ထားတယ်။ အဲဒါကြောင့် ဒီဥပဒေအရ တရားရုံးက
NLD အဖွဲ့က လွှတ်တော် ကိုယ်စားလှယ်တွေ နစ်နာတာ မဟုတ်ဘူး။ ပြည်သူလူထုက သူတို့ ဆန္ဒနဲ့ သူတို့ လိုချင်ပါတယ်ဆိုတဲ့ လေဘာတီရယ်၊ ဒီမိုကရေစီရယ်၊ လူ့အခွင့်အရေးရယ် အဲဒီ နစ်နာချက်တွေကို တရားရုံးက ကုစားပေးရမယ်။ |
ဆိုင်းဘုတ်တို့၊ အလံတို့၊ ရုံးတို့ အရေးမကြီးဘူး၊ ရွေးကောက်ပွဲတို့ ဘာတို့ အရေးမကြီးဘူး၊ အရေးကြီးတာက နိုင်ငံတော်နဲ့ ပတ်သက်တဲ့ နိုင်ငံရေး တည်ငြိမ်မှုရဖို့ဟာ ရွေးကောက်ပွဲတခုတည်းနဲ့ ဆုံးဖြတ်ပြီး လုပ်လို့မရဘူး။ ဒီမိုကရေစီမှာ ရွေးကောက်ပွဲဟာ လုပ်ငန်းစဉ်တခု အဲဒါ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ လုပ်ငန်းစဉ်တခုတည်းနဲ့ နိုင်ငံကြီးတခုလုံး နိုင်ငံရေးအရ တည်ငြိမ်သွားပြီဆိုတာ မဖြစ်နိုင်ဘူး။ နိုင်ငံရေးအရ တည်ငြိမ်တယ်ဆိုတာဟာ နိုင်ငံသူ နိုင်ငံသားအားလုံး စစ်တပ်အုပ်ချုပ်တဲ့သူကော၊ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေကော တိုင်းရင်းသားအားလုံးကော ညှိနှိုင်းဆွေးနွေးပြီးတော့မှ သဘောတူညီမှု ရပြီး ဆောင်ရွက်ချက်သာလျှင် နောင်မှာ အရှည်ငြိမ်းချမ်းရေးရမယ်လို့ ယုံကြည်တဲ့အတွက် NLD သည် ဒီအပေါ်မှာ ရပ်တည်ထားတဲ့အတွက်ကြောင့် ဘယ်တော့မှ မပျက်ပြယ်ဘူး၊ အသက်ရှင်လျက်ရှိမယ်၊ အခုလဲရှိမယ် နောင်လဲရှိမယ်၊ နောင်ကိုလဲ ပြည်သူလူထု ဆန္ဒအရ လုပ်လို့ရလာအုံးမယ်ဆိုတာကို တကယ်ယုံကြည်ပြီး ဆောင်ရွက်နေတယ်၊ ရဲရဲဝံ့ဝံ့ပဲ အားလုံးဆောင်ရွက်နေတယ်။
၉ဝ ရွေးကောက်ပွဲမှာ ပြည်သူက NLD ကို လုပ်ပိုင်ခွင့် အာဏာတွေ အများကြီး ပေးခဲ့တယ်။ အခု လုပ်မယ့် ရွေးကောက်ပွဲမှာကော NLD အနေနဲ့ မဲပေးမယ့်သူတွေကို ဘာပြောချင်ပါသလဲ။
တိုင်းရင်းသားချင်း ပေးချင်တယ်ဆိုတာ တိုင်းရင်းသားတွေထဲကကော သူတို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူညီမျှရေး၊ သူတို့ လိုလားတဲ့ ဖယ်ဒရယ်မူကို ရမလား၊ ရမယ်လို့ ယုံကြည်ရင် မင်းတို့သဘောပဲ... |
ရွေးကောက်ပွဲအကြောင်းလဲ ပြောနေတယ်ဆိုရင် အဓိပ္ပာယ်က ရှေ့နောက် မညီဘူး။ အဲဒီတော့ ပြတ်ပြတ်သားသားပဲ ရွေးကောက်ပွဲကို သပိတ်မှောက်ကြလို့ပဲ ကျနော်တို့ ပြောလိုက်တယ်။ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့လဲ မေးလာတာတွေရှိတယ်၊ တိုင်းရင်းသားတွေထဲမှာ တိုင်းရင်းသားအချင်းချင်း ပေးချင်တာတွေရှိပါတယ်တဲ့၊ NLD က ခုလိုပြောတဲ့အတွက် သူတို့မှာ အခက်အခဲ ရှိပါတယ်တဲ့၊ မှန်ပါတယ် တိုင်းရင်းသားချင်းပေးချင်တယ်ဆိုတာ တိုင်းရင်းသားတွေထဲကကော သူတို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူညီမျှရေး၊ သူတို့လိုလားတဲ့ ဖယ်ဒရယ်မူကိုရမလား၊ ရမယ်လို့ ယုံကြည်ရင် မင်းတို့သဘောပဲလို့ ပြောလိုက်တယ်။
တဦးချင်း အမြင်အနေနဲ့ အခုလောလောဆယ် အခြေအနေမှာ တပ်မတော်ထဲက အသစ်တက်မယ့် ဗိုလ်ချုပ်တွေရဲ့ အလားအလာကို ဘယ်လို မြင်ပါသလဲ။
စစ်တပ်ဆိုတာကတော့ အမိန့်ပေး အုပ်ချုပ်ပြီး

နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး တဦးချင်းအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
နယ်ခြားစောင့်ဖွဲ့တဲ့ကိစ္စကတော့ ကျနော့်အနေနဲ့ ဝင်ပြီးတော့ မပြောချင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပြောလိုက်ရင်လဲ ရှုပ်ထွေးသွားလိမ့်မယ်၊ အဲဒီတော့ ဒီကိစ္စက သူတို့ ငြိမ်းချမ်းရေး ယူတုန်းက ဘယ်လိုကတိတွေထားသလဲ၊ အဲဒီ ထားတဲ့ကတိကို တည်အောင်လုပ်ရင်တော့ ကောင်းကြမယ်ပေါ့နော်။ သူတို့ ပြောနေတာ ကြားတာကတော့ ဟိုဘက်ကလဲ ဒီလိုပြောတယ်၊ ဒီဘက်ကလဲ ဟိုလိုပြောတယ်။ အမျိုးမျိုး ပြောနေတဲ့ အပေါ်မှာ ကျနော်တို့က မဝေဖန်ချင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဝင်ပြီး ပါလိုက်လို့ရှိရင် အခြေအနေတွေက အကုန်ရှုပ်ထွေးသွားမယ် ထင်တယ်။ အဲဒီတော့ သူတို့ ကိစ္စက အခုလုပ်နေတဲ့လူတွေနဲ့ပဲ အေးအေးချမ်းချမ်းနဲ့ ငြိမ်းချမ်းအောင် လုပ်ပါလို့ပဲ ကျနော်က ပြောချင်တယ်။
ပါလီမန်ထဲမှာ တပ်မတော်က ၂၅ ရာနှုန်း နေရာယူထားတယ်၊ ဒါဟာ မဖြစ်သင့်ဘူးလို့ တချို့က ယူဆကြတယ်။ အဲဒါကိုကော ဘယ်လိုမြင်ပါသလဲ။
ဒီမိုကရေစီ သွားမယ်လို့ သူတို့ကပြောတယ်၊ ဒီမိုကရေစီကို စစ်မှန်သော ဒီမိုကရေစီ၊ နောက်ပြီးတော့ စည်းကမ်းရှိသော ဒီမိုကရေစီလို့ သူတို့ကပြောတယ်၊ အဲဒီလို ပြောပြီးတော့မှ ၂၅ ရာခိုင်နှုန်းလဲထည့် ဒါက ရွေးကောက်ပွဲ မလုပ်ဘဲနဲ့ကိုဝင်မယ်။ အခုဆိုရင် သူတို့ထဲက ခေါင်းဆောင်တွေ ဟိုးအရင်တည်းက
ဘာပဲဖြစ်ဖြစ် သူတို့က အနိုင်ယူပြီးတော့ တပြည်လုံးမှာရှိတဲ့ ပြည်သူအားလုံးကို စစ်ကျွန်လုပ်မယ် ဆိုတဲ့သဘောနဲ့ တရားဝင် ထောက်ခံမှုရအောင် ကြိုးစားပြီးတော့ ကမ္ဘာကို မျက်လှည့်ပြတာပဲ။ အမှန်ကတော့ ဒီမိုကရေစီကို အမှန်တကယ် ယုံတယ်ဆိုရင် ဒီ ၂၅% ဆိုတာလဲ ထည့်ဖို့ မလိုဘူးပေါ့။ |
အမှန်ကတော့ ဒီမိုကရေစီကို အမှန်တကယ် ယုံတယ်ဆိုရင် ဒီ ၂၅% ဆိုတာလဲ ထည့်ဖို့မလိုဘူးပေါ့။ ဒီမိုကရေစီဆိုတာက အရွေးခံရပြီးတော့မှ ကိုယ်စားပြုရမယ်။ အဲဒီတော့ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်နဲ့လွဲနေပြီ၊ ကိုယ့်တိုင်းပြည်ကို အုပ်ချုပ်မယ့်အစိုးရကို ကိုယ့်ပြည်သူလူထုက တင်မြှောက်တဲ့လူကပဲ လုပ်ရမယ်လို့ပြောတာကို မတင်မြှောက်တဲ့လူက ခု ၂၅% ပါနေတယ်ဆိုတော့ ဒီဟာက ဘယ်လိုလုပ်ပြီး ဒီမိုကရေစီ ဟုတ်မလဲ။ ကြံ့ခိုင်ရေးလို အသင်းတွေကလဲ အတင်းအဓမ္မ ကြိုတင်မဲတွေကော၊ ဝန်ထမ်းတွေကိုလဲ သူတို့ပဲပေးရမယ်ဆိုတာတွေကော၊ ချေးငှားစရိတ်တွေပေးပြီးတော့ လူတွေကို ကြံ့ခိုင်ဖွံ့ဖြိုးအသင်းထဲ ဝင်အောင်လုပ်၊ နောက်ပြီး ကြံ့ဖွံ့ကိုပဲ မဲပေးရမယ်ဆိုတဲ့ သဘောတွေလုပ်ဆိုတော့ ပြန်ကောက်ရရင် ၂၅% ထည့်ကထဲက ကျနော်တို့က ဒီမိုကရေစီ သွားမယ်ဆိုတာ မယုံကြည်ဘူး။ ဒါတွေကို ကျနော်တို့က စောစောစီးစီးသိတယ်၊ အဲဒါကြောင့် ကျနော်တို့ တလျှောက်လုံး ပြောဆိုလာတာ ဖြစ်ပါတယ်။
နောက်လာမယ့် ရွေးကောက်ပွဲတွေမှာကော NLD အနေနဲ့ မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲ ပြန်ဝင်နိုင်မလား။
ဒါကတော့ ကျနော်တို့ စောင့်ကြည့်ရမှာပါ၊ အခု ရွေးကောက်ပွဲပြီးလို့ အရွေးခံရတဲ့ ပါတီတွေ ဘယ်လောက် လုပ်နိုင်တယ်ဆိုတာ ကြည့်ရမှာပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတကာက တရားမျှတမှုမရှိဘူး ပြောတာများလာတယ်ဆိုရင် တမျိုးပေါ့။ နောက်ပြီးတော့ သူတို့ ဒါကို လုပ်လာကိုင်လာရင်းနဲ့ ဒီမိုကရေစီကို သူတို့တကယ်ပဲ ယုံယုံကြည်ကြည်နဲ့ ပြောင်းလဲမှုတွေ လုပ်လာမယ်ဆိုရင်လဲ ဒါကတမျိုးပေါ့။ အဲဒါလောက်ပဲ ပြောနိုင်မယ်၊ အခု အခင်းအကျင်းအားလုံးကတော့ ဒီမိုကရေစီ တိုင်းပြည်ဖြစ်လာမယ့် အလားအလာ မရှိသေးဘူး။