Wednesday, October 13, 2010

လပွတ္တာ စက်လှေတိမ်းမှောက်မှု၊ ၁၅ ဦးထက်မနည်း သေပျောက်

ဆလိုင်းထွန်း

စက်လှေပေါ်တွင် မြို့နယ်အတွင်းရှိ ပြင်စလူကုန်းနှင့် ပိတောက်ကုန်း အပါအဝင် အနည်းဆုံး ကျေးရွာ ၄ ရွာမှ အလယ်တန်းကျောင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ လိုက်ပါလာကြပြီး လပွတ္တာတွင် ကျောင်းသား စုံညီပွဲ ဘောလုံးကစားရန် သွားရောက်စဉ် စက်လှေတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

“အသေအပျောက် ရှိတယ်လို့ သိရတယ်။ ကျောင်းသားတွေ ၁၅ ယောက်လောက် သေဆုံးတယ်လို့တော့ ကြားတယ်။ အတိအကျတော့ မသိရသေးဘူး။ သွားတဲ့သူတွေ သွားနေတုန်းပဲ ရှိသေးတယ်” ဟု လပ္ပတ္တာမြို့ ရေကြောင်းဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

လပ္ပတ္တာ ဒေသခံတဦးကမူ “ဒီမနက်ကပဲ စလူဆိပ်နားမှာ စက်လှေမှောက်တာ။ အခုနောက်ဆုံး သိရသလောက်တော့ ၂၄ ယောက် ပျောက်နေတယ်။ ဒီမှာ ဘောလုံးကစားမယ့် သူတွေလို့ ပြောတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ပြောသည်။

လပွတ္တာမြို့နယ် ရဲစခန်းမှ အရာရှိတဦးကလည်း စက်လှေတိမ်းမှောက်ကြောင်း အတည်ပြု ပြောဆိုသော်လည်း အသေးစိတ်ပြောရန် ငြင်းဆိုသည်။



 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates