ဆလိုင်းထွန်း
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် အမြင့်ဆုံးရွှေဈေးအဖြစ် တကျပ်သားလျှင် ၆၇၂,ဝဝဝ ကျပ်အထိ တက်သွားခဲ့သော်လည်း အရောင်းအဝယ်ပုံမှန်ပင်ဖြစ်ကြောင်း ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။“ဈေးနှုန်းကစားနေပေမယ့် အရောင်းအဝယ် ပုံမှန်ပဲ ရှိနေတယ်။ အရောင်းအဝယ် မျှတယ်ဆိုတာ အပိုင်းနဲ့ ဝယ်တဲ့သူ၊ ရောင်းတဲ့သူလည်း ရှိတာပဲ။ အထည်နဲ့ ရောင်းတဲ့သူ၊ ဝယ်တဲ့သူလည်း ရှိနေတာပဲလေ” ဟု ကမာရွတ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။
သို့သော်လည်း ယနေ့တွင် ရွှေတကျပ်သားလျှင် ၈ ထောင်ကျော်ပြန်ကျလာပြီး ၆၆၃၅ဝဝ ကျပ် ဈေးပေါက်သည်။
ပန်းပဲတန်းမြို့နယ် ၂၉ လမ်းရှိ ရွှေဆိုင်ပိုင်ရှင်တဦးက

ဈေးမငြိမ်ပေမယ့် ၀ယ်တဲ့သူက ၀ယ်တယ်၊ ရောင်းတဲ့သူက ရောင်းတယ်၊ အရောင်းအ၀ယ်ကတော့ ပုံမှန်ပါပဲ (photo :: http://aungmyinmaykawady-wwwmyashwe.blogspot.com/)
မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးအပေါ် တူတည်ကာ အတက်အကျ ရှိနေကြောင်းနှင့် ပြီးခဲ့သည့် တပတ်ထဲတွင် ကမ္ဘာ့ဈေးကွက်တွင် ရွှေတအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၈ဝ ရှိခဲ့ရာမှ ယခုအခါ ၁၃၄၈ ဒေါ်လာဖြစ်နေသည်။
“ရွှေဈေးကစားတာက ဈေးကွက်က ကမ္ဘာ့ရွှေဈေးနဲ့ ဆိုင်တယ်။ အပြောင်းအလဲပေါ်မှာ မူတည်ပြီး ဈေးကစားတယ်” ဟု ကမာရွတ်မြို့နယ်ရှိ ရွှေဆိုင်ပိုင်ရှင်တဦးကလည်း ပြောဆိုသည်။
ပြီးသည့် သြဂုတ်လလယ်တွင် စံချိန်တင် အမြင့်ဆုံး ရွှေဈေးနှုန်းအဖြစ် ၆၆၇,ဝဝဝ ကျပ်အထိ မြင့်တက်ခဲ့သေးသည်။ ထို့နောက် လွန်ခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာ့ရွှေဈေးသည် ၆၂၆,ဝဝဝ အထိ ကျဆင်းခဲ့သေးသည်။
ကမ္ဘာ့ရွှေဈေးကွက် လက်ရှိအတိုင်း ဆက်လက်ဖြစ်ပေါ်နေလျှင် လာမည့်လမှစ၍ မြန်မာ့မိုးရာသီ ကုန်ဆုံးပြီဖြစ်သဖြင့် ရွှေထုတ်လုပ်မှု ပုံမှန်ဖြစ်ပေါ်လာမည်ဖြစ်ရာ ဈေးပိုကျဖွယ်ရှိကြောင်း ရွှေဆိုင်ပိုင်ရှင်များက ပြောဆိုကြသည်။