Thursday, October 14, 2010

ဦးပိုင်ကုန်တိုက် ဖွင့်လှစ်

မဇ္ဈိမသတင်းဌာန
ရန်ကုန် (မဇ္ဈိမ)။     ။ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်ပိုင် ရူဘီမတ်ကုန်တိုက်ဆိုင်ခွဲတခုကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တွင် စနေနေ့နံနက်က ပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်လမ်းနှင့် ၃၇ လမ်းထောင့် ကျောက်တံတားမြို့နယ်ရှိ စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်/လယ်ယာရုံး အဆောက်အအုံဟောင်းကို ပြင်ဆင် ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သော ၃၈နှစ်က တည်ဆောက်ခဲ့သော
Ruby_mart1
စစ်တပ်ရန်ပုံငွေရှာ ဦးပိုင်လိမိတက်ပိုင် ရူဘီမတ်ကုန်တိုက်ဆိုင်ခွဲ
အဆောက်အအုံဟောင်းကို စစ်တပ်ရန်ပုံငွေရှာ ဦးပိုင် လိမိတက်က ပြန်လည်ပြင်ဆင်ရာတွင် အမေရိကန်ဒေါ်လာ ၂ သန်းကျော် (ကျပ်သိန်း၂ သောင်းကျော်) ကုန်ကျခဲ့ကြောင်း ဦးပိုင်ပြောရေးဆိုခွင့်ရှိသူ အငြိမ်းစား ဗိုလ်မှူးကြီးနေဝင်းက ပြောသည်။

အဆောက်အအုံဟောင်းကို ဦးပိုင်က ကျပ်သိန်း ၃ သောင်း ပေးချေလွှဲပြောင်းရယူခဲ့ခြင်း ဖြစ်သည်ဟု ဦးပိုင်ရှယ်ယာဝင် တဦးက ပြောသည်။

စတုရန်းပေ ၅ သောင်းကျော်ရှိ အထပ် ၅ ထပ်ပါ အဆောက်အအုံ၏ မြေညီထပ်တွင် အစားအသောက်များ၊ ပထမထပ်တွင် အလှဆင်ပစ္စည်းများ၊ ဒုတိယထပ်တွင် မီးဖိုချောင်သုံးပစ္စည်းများနှင့် ပရိဘောဂများ၊ တတိယထပ်တွင် အိုင်တီပစ္စည်း မျိုးစုံနှင့် အပေါ်ဆုံးထပ်တွင် ကလေးကစားကွင်းနှင့် မုန့်ဆိုင်များ ပါဝင်သည်။ ထို့အပြင် အင်တာနက် Wi-Fi အခမဲ့အသုံးပြုနိုင်သော ဧရိယာတခုလည်း ပါဝင်သည်။

ယနေ့ ဖွင့်ပွဲသို့ နအဖကောင်စီဝင် ဦးတင်အေး၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ်တင်ငွေ၊ ဦးပိုင်ဥက္ကဌ ဗိုလ်ချုပ်ခင်ဇော်ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှုးချုပ် ဇာနည်ဝင်း၊ ဦးပိုင်မန်းနေးဂျင်းဒါရိုက်တာ ဗိုလ်ချုပ်ဝင်းသန်းတို့ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်ရူဘီမတ်တွင် ဝန်ထမ်းလေးရာကျော်ရှိပြီး စင်္ကာပူမှ သင်တန်းနည်းပြများကို ခေါ်ယူ လေ့ကျင့်ပေးခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates