Sunday 14 December 2008

မြန်မာနေးရှင်း အယ်ဒီတာချုပ် ဦးသက်ဇင်ကို လျို့ဝှက်ထောင်ပြောင်း


Print E-mail
နန်းဒေ၀ီ
စနေနေ့၊ ဒီဇင်ဘာလ 13 2008 15:19 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ မြန်မာနေးရှင်း ဂျာနယ်တိုက်၏ အယ်ဒီတာချုပ် ဦးသက်ဇင်ကို အာဏာပိုင်များက လျို့ဝှက်စွာဖြင့် ထောင်ပြောင်းရွှေ့မှု ပြုလုပ်ခဲ့ကြသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှ ပုံနှိပ်အက် ဥပဒေ ချိုးဖောက်မှုဖြင့် ဦးသက်ဇင်အား ထောင်ဒဏ် ၇ နှစ် ချမှတ်ခံပြီးနောက် ယခုလို စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းရှိ ကလေးထောင်သို့ လွန်ခဲ့သည့် တနင်္ဂနွေနေ့က ပို့ခဲ့ခြင်း ဖြစ်သည်။

"၁၁ ရက်နေ့ ထောင်ဝင်စာတွေ့တဲ့နေ့မှပဲ သူတို့ကို တနင်္ဂနွေနေ့ အစောကြီးကတည်းက ထောင်ပြောင်းတယ်ဆိုတာ သိလိုက်ရတယ်။ ကလေးထောင်တော့ ရောက်ဦးမှာမဟုတ်ဘူး။ အဲဒီရက်မတိုင်ခင် ၉ ရက်နေ့က သေချာအောင် အင်းစိန်ထောင်ကို မေးကြည့်တော့ ဦးသက်ဇင် ရှိပါတယ်လို့ပြောခဲ့တယ်" ဟု ဦးသက်ဇင် ဇနီးဖြစ်သူ ဒေါ်ခင်ဆွေမြင့် ကပြောသည်။

သူမက ဆက်၍ ပြောဆိုရာတွင် "ရွှေ့လဲရွှေ့မှတော့ ဒီလောက် ဝေးဝေးပြောင်းမယ်လို့ မမျှော်လင့်မိဘူး။ သရက်ထောင်တို့ သာယာဝတီထောင်လောက်ဆို သမီးလေးနဲ့ ကျမ နေ့ချင်းသွားကြမယ်။ မိုးချုပ်ရင်လဲ ချုပ်ပါစေ ဆိုပြီး ပြောနေကြသေးတယ်။ ဒါပေမဲ့ ကလေးထောင်ဆိုတော့ တအားကို စိတ်မကောင်း ဖြစ်သွားတယ်" ဟု သူမကပြောသည်။

အလားတူ ဂျာနယ်တိုက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိန်ဝင်းမောင် အား ရှမ်းပြည်နယ် ကျိုင်းတုံထောင်တွင် ထိုနေ့မှာပင် ထောင်ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ရှိ ဂျာနယ်တိုက်ရုံးခန်းသို့ အာဏာပိုင်များက ၀င်ရောက်ရှာဖွေပြီးနောက် သူတို့ ၂ ဦးအား ဖမ်းဆီးခဲ့သည်။

မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာပီညဲရိုး၏ မြန်မာဘာသာပြန် လူ့အခွင့်အရေး အစီရင်ခံစာ၊ စက်တင်ဘာ သံဃာတော်ဆန္ဒပြပွဲ စီဒီချပ်တချပ်၊ ရှမ်းအမျိုးသား ခေါင်းဆောင်တဦးဖြစ်သူ ဦးရွှေအုန်း ရေးသားသည့် မပြိုကွဲနိုင်သော ပြည်ထောင်စုကြီးကို တည်ဆောက်ကြပါစို့" အစရှိသည့် စာအုပ်များကို အာဏာပိုင်များက သိမ်းဆည်းသွားခဲ့သည်။

လွန်ခဲ့သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ဖမ်းဆီးထိမ်းသိမ်းထားသည့် နိုင်ငံရေး အကျဉ်းသားများအနက် ၃၀၀ ကျော်ကို ထောင်ဒဏ်များချမှတ်ခဲ့ကာ ၁၀၀ ကို နယ်ဝေးထောင်များသို့ ရွှေ့ပြောင်းခဲ့သည်။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

Links to this post:

Create a Link

<< Home