Saturday, October 13, 2007

ဒီပဲယင်း စိုးဝင်း သေပြီ

မဇ္ဈိမသတင်းဌာန
အောက်တိုဘာ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်

ဒီပဲယင်း လက်သည်ဟု နာမည်ကျော်သော ရက်ရှည်လများ နာမကျန်း ဖြစ်ခဲ့သည့် ဝန်ကြီးချုပ် ဗိုလ်ချုပ် စိုးဝင်းသည် ယနေ့တွင် စစ်ဆေးရုံ၌ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများက ကြေညာသွားသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ လက်ရင်း လူယုံ ဝန်ကြီးချုပ်သည် ၂ဝဝ၃ ခုနှစ်က ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ လိုလားသူ များကို ဒီပဲယင်းတွင် ခြုံခို တိုက်ခြင်းကို ကွပ်ကဲခဲ့သူ ဖြစ်ပြီး နောက်ပိုင်း ရာထူး တိုးလာခဲ့သည်။ ဒီပဲယင်း လူသတ်ပွဲတွင် အနည်းဆုံး လူ ၆ဝ ကျော် သေဆုံးခဲ့သည်။

သို့သော် သွေးကင်ဆာ ရောဂါ ခံစားခဲ့ရပြီး လများစွာ စင်္ကာပူတွင် ဆေးရုံတက် ကုသခဲ့ရပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာ ၁ ရက်နေ့က ပြန်ပို့ခဲ့ပြီး မင်္ဂလာဒုံ စစ်ဆေးရုံ အတွင်းလူနာခန်းတွင် တင်ထားခဲ့သည်။

ရောဂါ မတွေ့ရှိမီက ဝန်ကြီးချုပ် အဖြစ်မှ နှုတ်ထွက်ချင်ခဲ့သော်လည်း ဗိုလ်ချုပ်သန်းရွှေက ဆက်လက် ခန့်ထား၍ နေခဲ့ရပြန်သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates