မြစ်ဆုံရေကာကြောင့် ရွာ ၅ဝ ခန့် ရေမြုပ်မည်ဟု ကချင်အဖွဲ့က ပြောဆို

သန်းထိုက်ဦး | တနင်္လာနေ့၊ အောက်တိုဘာလ ၂၂ ရက် ၂၀၀၇ ခုနှစ် ၁၈ နာရီ ၂၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ကချင်ပြည်နယ် ဧရာဝတီမြစ်၏ အထက်ပိုင်း မြစ်ဆုံတွင် ရေကာတာ တည်ဆောက်မည် ဆိုလျှင် ဒေသတွင်း နေထိုင်သူများနှင့် မြို့နယ်ကျေးရွာ ၅ဝ နီးပါးခန့်
ရေလွှမ်းမိုးသွားနိုင်သည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တခုက ပြောဆိုလိုက်သည်။

မေခနှင့် မလိခ မြစ်ဆုံရာ အောက်ဘက် ၃ ကီလိုမီတာခန့်တွင် တည်ဆောက်မည့် ရေကာတာကြောင့်
ဒေသတွင်းရှိ ကျေးရွာများ ရေလွှမ်းမိုး ပျောက်ကွယ်သွားမည် ဖြစ်ကြောင်းနှင့် လူတသောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားမည်ဟု ယနေ့တွင် ထုတ်ပြန်လိုက်သည့် ထိုင်းနိုင်ငံ အခြေစိုက် ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ကရက်အဖွဲ့၏ “ဧရာဝတီမြစ် ပိတ်ဆို့ရေကာတာ တည်ဆောက်ခြင်း” အမည်ရှိ အစီရင်ခံစာတွင်
ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။

“ကျနော်တို့ သုတေသန လုပ်ထားချက်အရ ဆိုလို့ရှိရင် အဲဒီ ဧရာဝတီရဲ့ မြစ်ဆုံ အထက်ပိုင်းပေါ့နော်၊ ၇၆၆ စကွဲယား ကီလိုမီတာဟာ ဆိုလို့ရှိရင် ရေလွှမ်းမိုးမှု ဧရိယာ ဖြစ်သွားပြီးတော့ အဲဒီထဲမှာ နေထိုင်ကြတဲ့
ကျေးရွာနဲ့ မြို့ပေါင်း ၄၇ ခုဟာ ရေထဲမှာ လုံးလုံးကို ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒေသတွင်း
နေထိုင်တဲ့ ပြည်သူ ၁ဝဝဝဝ (တသောင်း) ကျော်လည်း နေအိမ်တွေကို စွန့်ခွာရလိမ့်မယ်။ ဆုံးရှုံးမှုတွေ ရင်ဆိုင်ရမယ်” ဟု အစီရင်ခံစာ ထုတ်လုပ် ဖြန့်ချိရေး တာဝန်ခံ ကိုနော်လာက မဇ္ဈိမကို ပြောသည်။

ရေကာတာ တည်ဆောက်၍ ရေအား လျှပ်စစ်စက်ရုံ တည်ဆောက်ရေးကို နအဖ စစ်အစိုးရ၏ အမှတ် (၁) လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံမှ (China Power Investment Corporation - CPI) တို့ ပူးပေါင်း ဆောက်လုပ်မှာ ဖြစ်ကာ လျှပ်စစ်ဓာတ်အား ၁၃၃၆ဝ မီကာဝပ် ထုတ်လုပ်မည်ဟု အစိုးရ သတင်းက ထုတ်ပြန်ထားသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး