Wednesday, September 12, 2007

နအဖ ကို ဘန်ကောက်တွင် ဆန့်ကျင်ဆန္ဒပြသူ သံဃာတော် နှစ်ပါး အဖမ်းခံရ

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်

မကွေးတိုင်း ပခုက�ူမြို့တွင် သံဃာတော်များ ဆန္ဒပြမှုကို အင်အားသုံး ဖြိုခွင်းမှုနှင့် ပတ်သက်၍ နအဖ စစ်အစိုးရကို ဆန့်ကျင် ကန့်ကွက်သောအားဖြင့် မြန်မာနိုင်ငံသား သံဃာတော် နှစ်ပါးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး ရှေ့တွင် ယနေ့ ဆန္ဒပြကြရာ ထိုင်းရဲက ဖမ်းဆီးလိုက်သည်။

“ထိုင်းဘက်ကနေပြီးတော့ ခွင့်မပြုဘူးလေ။ ဒကာကြီးရေ ခွင့်မပြုဘူး ဆိုတော့ ဦးဇင်းတို့ကို ဖမ်းတယ်။ ဦးဇင်းတို့ကို ဖမ်းပြီးတော့ အခု မဲဆောက် ပို့မယ်လို့ ပြောတယ်” ရဲကားပေါ်မှာ လိုက်ပါသွားရင်း ဦးသုဝါရ က တယ်လီဖုန်းဖြင့် ပြောပြသည်။

ထိုင်းနိုင်ငံ ကန်ချနပူရီ အခြေစိုက် မြန်မာသံဃာတော် နှစ်ပါးက မြန်မာနိုင်ငံ မကွေးတိုင်းရှိ ပခုက�ူမြို့တွင် သံဃာတော်များကို ဓာတ်တိုင်တွင် ကြိုးချည် ရိုက်နှက်သည် ဆိုခြင်းအပေါ် နအဖ စစ်အစိုးရကို ရှုတ်ချလိုက်ပြီး ကုန်ဈေးနှုန်းများ ကျဆင်းရေး အတွက် နအဖ မှ လုပ်ဆောင်ရန်နှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

“ရဲတွေပဲ ဒကာကြီး။ ၇ ယောက်၊ ၈ ယောက်လောက် ရှိမယ် ဒကာကြီး။ သူတို့ကနေပြီးတော့ ဦးဇင်းတို့ကို တက� စီ ကားပေါ်ကို အတင်းအဓမ္မ ထိုးတင်တယ် ဒကာကြီး” ဟု ဦးပဉ္ဇင်းက ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates